ဒီနှစ်အပူချိန်တွေ စံချိန်တင်မြင့်တက်သွားနိုင်လား..
ဒီနေ့ ဧပြီ ၁၉ ရက်မှာ စစ်ကိုင်းတိုင်းဒေသကြီး တမူးမှာတိုင်းထွာချက်အရ အပူချိန်ဟာ ၄၃.၈ ဒီဂရီ စင်တီဂရိတ် (၁၁၀.၈ ဒီဂရီဖာရင်ဟိုက်) အထိ စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ကြေညာပါတယ်။ (တမူးမိုးလေဝသစခန်းတည်ထောင်ပြီး ၄၄ နှစ်အတွင်း အမြင့်ဆုံးစံချိန်သစ်ဖြစ်ခဲ့တာပါ)
ပုံမှန်အားဖြင့်တော့ အမြင့်ဆုံးအပူချိန်တွေဟာ မေလဆန်းတွေလောက်မှသာ ကြုံရလေ့ရှိပေမဲ့ ဒီနှစ်မှာတော့ သင်္ကြန်ကာလအပြီး ဧပြီ ၁၉ ရက်မှာပဲ ဒေသတစ်ခုရဲ့အမြင့်ဆုံးအပူချိန်စံချိန်သစ်ကို ကြုံလိုက်ရပါပြီ။
တော်တော်ပူတယ်ဆိုတဲ့အသံတွေလည်း လူတွေကြားမှာ ကျယ်ကျယ်လောင်လောင် ကြားနေကြရ ပါပြီ။
ဆိုတော့ ဒီနှစ်ဟာ ခါတိုင်းနှစ်တွေထက်ပိုပူနိုင်မလား...
နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က တော့ အခုလို မှတ်ချက်ပြုပါတယ်။
“ ဒီနှစ်ကတော့ အပူချိန် စံချိန်တင်မြင့်သွားနိုင်တယ် ကျနော်ခန့်မှန်းတာတော့ အခု ခန့်မှန်းတဲ့ကာလပါပဲ။ ဧပြီ ၁၉ ကနေ မေ ၁ ကာလက အမြင့်ဆုံး ဖြစ်သွားနိုင်တယ်။ ထပ်ပြီးတော့ စောင့်ကြည့်တာတော့ စောင့်ကြည့်ရဦးမှာပါ”
အပူချိန်တွေမြင့်တက်လာရတဲ့အကြောင်းထဲမှာ ၂၀၂၁-၂၀၂၂ ၂ နှစ်နှစ်ဆက်တိုက် လာနီညာဖြစ်စဉ် ဖြစ်ခဲ့တာကြောင့်လည်းပါတယ်လို့ ဦးဝင်းနိုင်က သုံးသပ်ပါတယ်။
“ ပြီးခဲ့တဲ့နှစ်တုန်းက လာနီညာဖြစ်နေချိန် တံတားဦး အပူချိန်ဆိုရင် ဧပြီ ၁၉ ကနေ မေ ၁ ကြားကာလမှာ အမြင့်ဆုံးက ၃၃ အထိပဲ ရှိခဲ့တယ်။ ဒီနှစ်မှာတော့ ၁၂ ဒီဂရီလောက် မြင့်သွားတယ်” လို့ ဦးဝင်းနိုင်က ဆိုပါတယ်။
ဒီနေ့ ဧပြီ ၁၉ ရက် မိုး/ဇလ ထုတ်ပြန်ချက်ထဲမှာတော့ ‘နေ့အပူချိန်များမှာ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၅)ဒီဂရီစင်တီဂရိတ်မှ (၆)ဒီဂရီစင်တီဂရိတ်အထိ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိနှင့် နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ် ပိုခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ပါသည်’ လို့ ဖော်ပြထားပါတယ်။
‘ ထူးခြားသည့် နေ့အပူချိန်များမှာတော့ ချောက်မြို့တွင် (၄၅)ဒီဂရီစင်တီဂရိတ်နှင့် ကလေးဝမြို့၊ တမူးမြို့၊ မင်းကင်းမြို့၊ မုံရွာမြို့၊ မြင်းမူမြို့၊ မန္တလေးမြို့၊ မြင်းခြံမြို့၊ ညောင်ဦးမြို့၊ ဘော်လခဲမြို့နှင့် ဖားဆောင်းမြို့တို့တွင် (၄၄)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်’ လို့လည်း မိုး/ဇလလ ဆိုထားပါတယ်။
လက်ရှိမှာတော့ လာနီညာကနေ ကြားအခြေအနေ (Neutral) သို့ ရာသီဥတုပြောင်းလဲနေချိန်ဖြစ်ပြီး ဒီလို လာနီညာကနေ Neutral ပြောင်းချိန်၊ အယ်နီညိုက လာနီညာပြောင်းချိန်တွေမျာ အခုလို အစွန်းရောက် ရာသီဥတုအခြေအနေတွေ ကြုံရတတ်တယ် လို့ ဦးဝင်းနိုင်က ပြောပါတယ်။
“ သင်္ကြန်မိုးမရွာနိုင်တာလည်း Neutral ENSO ဖြစ်သွားလို့လို့ ပြောနိုင်တယ်။ မုတ်သုံဝင်တာလဲ ပုံမှန်ချိန် ဖြစ်သွားမယ်။ ဇွန်လထဲပေါ့” လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။
အခုချိန် အပူချိန်မြင့်တက်နေတာတွေဟာ မြန်မာနိုင်ငံတစ်ခုတည်းတင်တော့ မဟုတ်ပါဘူး။ အိန္ဒိယ ဒေသတစ်ခုလုံးနဲ့ အင်ဒိုချိုင်းနားကျွန်းဆွယ်ကြီး တစ်ခုလုံးလည်းပါတယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။ (ပုံမှာကြည့်နိုင်ပါတယ်)

အခုအချိန်အထိ မိုးလေဝသ ထုတ်ပြန်ချက်တွေအရတော့ ဧပြီလ ၂၇ ရက်အထိပဲ ကြည့်လို့ ရနိုင်သေးပေမဲ့ မေလ ဇွန်လတွေမှာ မိုးခေါင်နိုင်မဲ့ အခြေအနေ(ဆည်ရေတွေခန်းတာ၊ မြေဆီလွှာစိုထိုင်းဆတွေ ကျသွားတာ စသည်ဖြင့်) တွေက အလယ်ပိုင်း/အထက်အညာဒေသတွေမှာ ဆိုးလာနိုင်လို့ သောက်ရေ သုံးရေအတွက် ကြိုတင်ပြင်ဆင်တာတွေ လုပ်ထားကြဖို့လိုလိမ့်မယ်လို့လည်း ဦးဝင်းနိုင်က သတိပေးပါတယ်။
ဧပြီလ ၁၉ ရက်မှ မေလ ၁ ရက်အထိကာလအတွင်း မြို့များအလိုက်ဖြစ်နိုင်သည့် အပူချိန်များကိုတော့ ပုံမှာကြည့်နိုင်ပါတယ်။ (ဦးဝင်းနိုင်ရဲ့ခန့်မှန်းချက်တွေဖြစ်ပါတယ်)

Photos Crd_ U Win Naing
#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....