INVEST 92-B လေဖိအားနည်းရပ်ဝန်းအဆင့် ဖြစ်လာ၊ မုန်တိုင်းမဖြစ်မီ ကြိုတင်ပြင်ဆင်မှုများ လုပ်ရန်လို
ကပ္ပလီပင်လယ်ပြင်မှာဖြစ်နေတဲ့ INVEST 92-B ဟာ လက်ရှိမှာ လေဖိအားနည်းရပ်ဝန်းအဆင့်ဖြစ်လာပြီ ဖြစ်ပြီး (SI-TRANG အမည်ရ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ထိဖြစ်လာနိုင်မည်ဟုခန့်မှန်းထား) စပါးစိုက် တောင်သူတွေ လိုအပ်သလို ကြိုတင်ရိတ်သိမ်းတာ၊ ငါးဖမ်းလှေတွေ ပြန်ဝင်တာတွေ လုပ်သင့်ပြီလို့ နိုင်ငံတကာမိုးလေဝသ ထုတ်ပြန်ချက်တွေကို ကိုးကားခန့်မှန်းသူ ဦးဝင်းနိုင်က သတိပေးပါတယ်။
လေဖိအားနည်းရပ်ဝန်းအဆင့်ဖြစ်လာပြီဆိုတာကို အိန္ဒိယမိုးလေဝသဌာနက အတည်ပြုလိုက်သလို ECMWF MODEL UPDATE အရဆိုရင်လည်း မုန်တိုင်းလမ်းကြောင်းက ညာဘက်ကို ပိုကပ်လာလို့ မြန်မာနိုင်ငံအပေါ် သက်ရောက်မှု ပိုပြင်းထန်လာနိုင်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။
မုန်တိုင်းဖြစ်နိုင်ချေဟာ နီးကပ်လာပြီဖြစ်လို့ စပါးရိတ်သိမ်းနေတဲ့တောင်သူတွေ ဘာတွေကြိုတင်လုပ်ဆောင် သင့်တယ်၊ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေ ဘာတွေကြိုတင်လုပ်ဆောင်သင့်တယ်ဆိုတာတွေကို ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။
နောက်ဆုံးအနေအထားတွေအရ လေဖိအားနည်းရပ်ဝန်းက ဘာတွေဆက်ဖြစ်လာမှာလဲ..
" အိန္ဒိယမိုးလေဝသဌာနက ဘယ်လိုရေးထားလဲဆိုတော့ ဒီနေ့မနက်ကနေ စပြီးဖြစ်တယ်.. အခုက ကပ္ပလီပင်လယ် ထဲမှာ ဖြစ်နေတာ။ ပြီးတော့ အနောက်၊ အနောက်မြောက်ဘက်ကို ဆက်ပြီးတော့ ရွေ့ပြီးတော့ ဘင်္ဂလားပင်လယ် အော် အရှေ့အလယ်ပိုင်းထဲကို အောက်တိုဘာ ၂၂ ရက်နေ့ ရောက်တဲ့ အခါကျရင် မုန်တိုင်းငယ်ထိဖြစ်မယ်။ ပြီးရင် ဆိုင်ကလုန်းမုန်တိုင်းအထိ ဆက်ပြီးတော့ အားကောင်းလာပြီး ဩရိဿကမ်းခြေကို ဆက်ပြီးတော့ရွေ့မယ်ဆိုပြီး တော့ ပြောထားတယ်။ ဖြစ်လာနိုင်တဲ့သက်ရောက်မှုတို့ဘာတို့ကတော့ ဆိုင်ကလုန်းဖြစ်လာရင် ဆက်ပြီး စောင့်ကြည့်ရမှာ"
ဖြစ်လာချိန်ကျရင် မိုးများ၊ လေပြင်းတိုက်နိုင်မယ့်ဒေသတွေ...

“သေချာတာတော့ ဧရာဝတီပါမယ်၊ ပဲခူးအနောက်ခြမ်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ တောင်ပိုင်း မြိတ်အောက်ဘက်ပေါ့။ အဲ့ဒီဒေသတွေမှာတော့ ဆိုင်ကလုန်းမုန်တိုင်းအဆင့် ဖြစ်လာတဲ့အချိန်ကစပြီး မိုးများမယ်။ ဒါက နောက်လာမယ့် ၃ ရက်အတွင်းပေါ့”
“ ပြီးတော့မှ မကွေးတိုင်းတောင်ပိုင်းနဲ့ ချင်းပြည်နယ်တွေအထိ မိုးများနိုင်တဲ့ မုန်တိုင်းအရှိန်ကလည်း ရှိမယ်။ နောက်ပြီးတော့ ဒီနေ့ နေ့လယ် ၂ နာရီ ECMWF MODEL UPDATE" (ဒီနေ့အတွက် နောက်ဆုံးရတဲ့ UPDATE ) မှာတော့ မုန်တိုင်းက ၂၅ ရက် ည ၂၆ ရက် မနက်ပိုင်းမှာ ကုန်းတွင်းကို - ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဖြတ်ပြီး ဝင်မယ်လို့ တွေ့ရတယ်။ ဒါကြောင့် မုန်တိုင်းလမ်းကြောင်းက ညာဘက်ကို ပိုပြီး ကပ်လာတယ်။ ဆိုတော့ ခုနက ကျနော်တို့ ပြောတဲ့ လေတိုက်နှုန်းအခြေအနေတွေထက် ပိုပြီး ပြင်းလာနိုင်တယ်။ မိုးရွာနိုင်မဲ့ အခြေအနေကလဲ မုန်တိုင်းလမ်းကြောင်း ညာဘက် ပိုကပ်လာတာကြောင့် အလယ်ပိုင်းဒေသတွေအထိလည်း မိုးရောက်သွား နိုင်တယ်။ နောက်လာမဲ့ ၃ ရက်ကနေ ၅ ရက်(အောက်တိုဘာလ ၂၃ ရက်မှ ၂၆ ရက်)အတွင်း ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသအချို့ကလွဲရင် တနိုင်ငံလုံးမှာမိုးရွာသွန်းနိုင်တယ်”
မုန်တိုင်းတိုက်မယ့်ကာလတွေအတွင်း ပင်လယ်ပြင်မိုးလေဝသအခြေအနေ...
“သူက မုတ်သုံစဝင်ကာစလောက်ကထိတော့ မများဘူးပေါ့။ လေက အရှေ့တောင်ဘက်ကနေပြီးတော့ အပေါ်ကို ထောင်တိုက်တာကိုး။ ဆိုတော့ ကမ်းရိုးတန်းတွေမှာတော့ တောင်လေတိုက်တာ ခပ်ပြင်းပြင်း ခံရမှာပေါ့”
“ ဧရာဝတီကမ်းနီးရေလုပ်ငန်း လုပ်ကွက်တွေမှာတော့ လှိုင်းက ၅ ပေ ၆ ပေလောက်ထိပဲဖြစ်မယ်။ လေတိုက် နှုန်းကတော့ တစ်နာရီကို ၃၅ မိုင်လောက် တိုက်နိုင်တယ်။ ဆိုင်ကလုန်းစဖြစ်တဲ့အချိန် ၂၂ ရက်ညနဲ့ ၂၃ ရက်အတွင်းမှာပေါ့။ သူက ဆိုင်ကလုန်းဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်မြောက်ဘက်ကို ဆက်တက်သွားတဲ့အချိန်ဆိုလို့ ရှိရင်တော့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်လုံး၊ ဧရာဝတီရဲ့ အနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက်လုံးက ကမ်းနီးငါးဖမ်းရေယာဉ်တွေ၊ ပင်လယ်ထွက်မယ့်ငါးဖမ်းအဖွဲ့တွေ အခုအချိန်မှာ အကုန်လုံး လှေတွေ ပြန်သိမ်းဖို့လိုပြီ”
“စစ်တွေကိုဆိုရင် ဆိုင်ကလုန်းမုန်တိုင်း ကုန်းတွင်းဝင်ခါနီး ၂၄၊ ၂၅ လောက်ကစပြီး တစ်နာရီ မိုင် ၄၀ လောက်တိုက်တော့မှာ။ လှိုင်းကလည်း အဲ့ဒီနေရာမှာ ၁၁ ပေလောက်အထိ ရှိမှာ”
ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေ ဘာတွေကြိုတင်ပြင်ဆင်ထားသင့်သလဲ..

“ လှေတွေပြန်ဝင်ရမှာက အခုလောက်ကို စပြီးတော့ ဝင်ရမှာ။ တချို့ဆို ၁ ရက်လောက်ကြာတာကိုး။ တချို့ဆို ၂ ရက်လောက်ထိ ကြာတတ်တာ။ ဆိုတော့ လှေအသေးတွေဆိုရင် အခုကတည်းက ပြန်ဝင်ပြီး လုံခြုံတဲ့ နေရာထားဖို့ရယ်၊ နောက် မုန်တိုင်းခိုမယ့်နေရာပေါ့နော်။ အဲ့ဒီနေရာတွေကိုရွှေ့ပြီး ကြိုးတွေ ချည်၊ ကျောက်တွေချထားဖို့လိုမယ်။ အိမ်တွေဆိုလည်း လေပြင်းဒဏ်မထိရအောင် တတ်နိုင်သလောက် ကျားကန်သင့်တာကျားကန်တာမျိုး ပြင်ဆင်တာမျိုးတွေကို အခုအချိန်လောက်ကတည်းက လုပ်ထားမယ်ဆို ၂ ရက်အချိန်ရသေးတယ်။ ၂၃၊ ၂၄ လောက်ဆိုရင် စတွယ်ပြီ”
စပါးရင့်မှည့်ရိတ်သိမ်းချိန်ဖြစ်နေတော့ တောင်သူတွေကိုကော ဘာတွေသတိပေးချင်လဲ..

“ ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးဘက်ကလယ်တွေဆိုရင်တော့ လေကောမိုးပါထိနိုင်တယ်။ ဆိုတော့ ထိခိုက်နိုင် တာရှိမယ်၊ ကြိုရိတ်ထားလို့ရတာမျိုးရှိမယ်ဆိုရင် အဲ့ဒီဒေသတွေက စပါးတွေ ကြိုတင်ရိတ်သိမ်းထားဖို့ သင့်တယ်”
( ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)
Photos Crd_ U Win Naing
(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
KoSaw
လွန်ခဲ့သော ၃ နှစ် ကအလယ်ပိူင်ဒေလတွေမိူရွာနိူငိသေလာခင်ဗျ
Kyaw Thu
လွန်ခဲ့သော ၃ နှစ် ကok
ကိုလင်း
လွန်ခဲ့သော ၃ နှစ် ကမကွေးတိုင်း အလယ်ပိုင်းဒေသတွေ မိုးများနိုင်လားခင်ဗျ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....