Sitrang မုန်တိုင်းအရှိန် ဘယ်လိုဆက်ရိုက်ခတ်မလဲ၊ ဘယ်တော့ထွက်သွားမှာလဲ...
‘ဘင်္ဂလားပင်လယ်အော်အတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ Sitrang မုန်တိုင်းဟာ နောက်လာမဲ့ ၁၂ နာရီအတွင်း အားအပြင်းဆုံး (ဗဟို လေတိုက်နှုန်း တစ်နာရီ မိုင် ၆၀ ကျော်)အထိ ဖြစ်လာပြီး ဘင်္ဂလားဒေ့ရှ်ကမ်းခြေနားနီးတဲ့အခါ မြေမျက်နှာသွင်ပြင်ကြောင့် လေတိုက် အားလျော့ သွားပြီး ဗဟိုလေတိုက်နှုန်း တစ်နာရီ မိုင် ၄၀ ကျော်နဲ့ကုန်းတွင်းကိုဝင်မယ်’ လို့ နိုင်ငံတကာမိုးလေဝသ ထုတ်ပြန်ချက်တွေကို ကိုးကား ခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က JTWC ခန့်မှန်းချက်ကိုကိုးကားပြီး ပြောပါတယ်။
အောက်တိုဘာ ၂၅ ရက် ၁၂ နာရီခွဲ နောက်ပိုင်းမှာ ကုန်းတွင်းကို မုန်တိုင်းဗဟိုဝင်သွားပြီးရင်တော့၊ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် မြောက်-အရှေ့မြောက်ဘက်(ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြောက်ပိုင်းကတဆင့် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အာသံမဏိပူရနယ်အထိ)ဆက်ရွေ့ရင်း ၂၆ ရက်နေ့ နေ့လယ်ပိုင်းလောက်မှာ လုံးဝ အားပျော့ပျက်ပြယ်သွားမယ်ဆိုတာ တွေ့ရတယ်လို့လည်း ဦးဝင်းနိုင်က ဆိုပါတယ်။
ဒါပေမဲ့ မုန်တိုင်းကုန်းတွင်းဝင်ပြီးတဲ့နောက် မုန်တိုင်းအကြွင်အကျန်တိမ်တိုက်တွေနဲ့ မုန်တိုင်းအမြီးပိုင်းက တိမ်တိုက်တွေ မြန်မာပြည်ထဲ ဝင်လာနိုင်မဲ့ အခြေအနေကြောင့် ၂၅ ရက်နေ့ ည ပိုင်းအထိ မိုးများမဲ့ဒေသတွေ ရှိနေဦးမယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

ဒီလို Sitrang မုန်တိုင်းနဲ့ပတ်သက်လို့ နောက်ဆုံးအခြေအနေတွေ၊ ရက်အလိုက် အရှိန်သက်ရောက်နိုင်မဲ့ ဒေသတွေ၊ ဘယ်အချိန်မှာထွက်သွားနိုင်ပြီး တစ်နိုင်ငံလုံး မိုးလေကင်းလွတ်သွားမလဲဆိုတာတွေအပေါ် ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဘယ်ဒေသတွေမှာ မုန်တိုင်းအရှိန်သက်ရောက်မှု ရှိနေဦးမှာလဲ..

"၂၄ ရက်၊ ၂၅ ရက်အတွင်းမှာတော့ မုန်တိုင်းအရှိန် သက်ရောက်မှုရှိနေမယ်။ ရခိုင်ပြည်နယ်၊ ချင်းပြည် နယ်၊ နောက်ပြီးတော့မှ အခု ပဲခူးတိုင်းတောင်ဘက်ခြမ်းကော၊ မြောက်ဘက်ခြမ်းကော ပါလာတယ်။ ဧရာဝတီတိုင်းကတော့ ပြီးသွားပြီလို့တောင် ပြောလို့ရတယ်။ အခုကတော့ ဧရာဝတီတိုင်းပေါ်မှာ မိုးများတာတော့ ဖြစ်နေပြီပေါ့နော်။ လေကငြိမ်သွားလိုက်၊ ပြန်တိုက်လိုက်ဖြစ်မယ်။ ဘာလို့ဖြစ်တာလဲ ဆိုတော့ မုန်တိုင်းရဲ့အပြင်ကွင်းတွေက ဖြတ်သွားတဲ့အချိန်မှာ လေတိုက်တယ်။ ပြီးရင် ပြန်ငြိမ်သွားပြီး မုန်တိုင်းရဲ့နောက်ဘက်ခြမ်းက ထပ်ရိုက်တဲ့အချိန်မှာ တခါထပ်ပြီး မိုးများတာ၊ လေတိုက်တာဖြစ်မယ်"
"မုန်တိုင်းအရှိန်သက်ရောက်နေမယ့် တိုင်းနဲ့ပြည်နယ်တွေကို ပြန်ပြောမယ်ဆိုရင် ပဲခူးတိုင်းပါတယ်။ ရန်ကုန်တိုင်းကတော့ သိပ်မများတော့ဘူး။ နောက် မန္တလေးတိုင်းပါလာတယ်။ မကွေးတိုင်းပါလာတယ်။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ကတော့ အများဆုံးပေါ့။ အခုကို စစ်တွေမှာ တစ်နာရီ မိုင် ၅၀ ကျော် တိုက်နေတယ်။ ကျန်တဲ့နေရာတွေကတော့ မုန်တိုင်းအရှိန်သက်ရောက်မှု မရှိတော့သလောက် ဖြစ်သွားပြီ"
ဘယ်ရက်မှာ မုန်တိုင်းထွက်သွားမှာလဲ..
“၂၆ ရက်နေ့ဆိုရင် မုန်တိုင်းက ကုန်းတွင်းကိုဝင်သွားမယ်။ အဲ့ဒီကျရင် သူ့ရဲ့လေတိုက်နှုန်းက တစ်နာရီ ၁၇ မိုင်နှုန်းလောက်ပဲ ရှိတော့မယ်။ မနက်ဖြန် နေ့လယ် ၁ နာရီဆိုရင်ကို သူကအားပျော့သွားပြီ။ တစ်နာ ရီ မိုင် ၃၀ လောက်ပဲ တိုက်တော့တာရှိမယ်။ မုန်တိုင်းအရှိန်သက်ရောက်မှုကလည်း အလယ်ပိုင်းဒေသ တွေကို ရောက်သွားမယ်။ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း နောက်ပြီးတော့မှ ရှမ်းပြည်နယ်။ ရှမ်းပြည်နယ်ကတော့နည်းတယ်။ ၂၅ ရက်နေ့ (မနက်ဖြန်) ညပိုင်းဆိုရင် ချင်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းတွေမှာ နေရာကွက်ပြီး မိုးများနိုင်မဲ့ အခြေအနေတွေဖြစ်လာနိုင်တယ်”
“ ရခိုင်ပြည်နယ်တို့၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း (မြောက်ပိုင်းတော့ နည်းနည်းကျန်ဦးမယ်) ၊ မွန်တို့၊ တနင်္သာရီတို့မှာတော့ အဲ့ဒီအချိန်ကျရင် မုန်တိုင်းသက်ရောက်မှုအရှိန် မရှိတော့ဘူး။ ၂၆ ရက် နေ့ဆိုရင်တော့ မနက်ပိုင်းက စပြီး တပြည်လုံး မုန်တိုင်းအရှိန်သက်ရောက်မှု လုံးဝကင်းရှင်းသွားပါမယ်”
ဆိုတော့ ၂၆ ရက်နေ့နောက်ပိုင်းကစပြီး တစ်နိုင်ငံလုံးမှာ မိုးကုန်သွားတော့မှာလား...
“ ကြိုတင်ခန့်မှန်းချက်တခုရှိတာက ၃၀ ရက်နေ့ကျရင် အရှေ့ဖိလစ်ပိုင်ပင်လယ်ပြင်မှာ ဖြစ်လာ မယ့် မုန်တိုင်းက ဖိလစ်ပိုင်နိုင်ငံကို ဝင်တိုက်မယ်။ ဝင်တိုက်ပြီးရင် ၃၁ ရက်နေ့ကျရင် ထိုင်ဝမ်နဲ့ ဖိလစ်ပိုင် နိုင်ငံကြားရောက်မယ်။ အဲ့ဒီကနေ တောင်တရုတ်ပင်လယ်ကိုလာမလား၊ မြောက်ဘက်ကို တက်သွားမလားဆိုတာကို စောင့်ကြည့်ရမှာတော့ရှိတယ်။ မြောက်ဘက်ကိုတက်သွားမယ်ဆိုရင် ထိုင်ဝမ်ကျွန်းတို့၊ ဂျပန်တို့ ကိုရီးယားတို့ဘက်ရောက်သွားရင် ဒီဘက်မှာ ပျောက်သလောက် ဖြစ်သွားမယ်”
#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)
Photos Crd_ U Win Naing
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
lwin. Moe
လွန်ခဲ့သော ၃ နှစ် ကကျောင်ကုန်းမြို့နယ်အခြေအနေသိချင်ပါတယ်
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026