ခရမ်းလွန်ရောင်ခြည်များ မြင့်တက်လာနေပြီဖြစ်၍ သတိပြုရန်လိုအပ်
ယခုရက်ပိုင်းအတွင်း ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းများမြင့်တက်လာပြီး မနက်ဖြန် မတ် ၂၄ ရက် မှာတော့ မွန်းလွဲပိုင်းမှာ အလွန်အန္တရာယ်ရှိအဆင့်ကို ရောက်နိုင်တာဖြစ်လို့ အပြင်ထွက်မယ်ဆို အကာ အကွယ်များနဲ့ထွက်သင့်တယ်လို့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသ ခန့်မှန်းသူ ဦးဝင်းနိုင်က သတိပေးပါတယ်။
နွေရာသီဝင်ရောက်လာမှုနဲ့အတူ အပူချိန်တွေလည်းမြင့်တက်လာပြီး နေရောင်ခြည်တိုက်ရိုက်ကျတဲ့နေ့ တွေမှာ ခရမ်းလွန်ရောင်ခြည်မြင့်တက်မှုတွေလည်း ရှိနေတာပါ။ ဒီလိုခရမ်းလွန်ရောင်ခြည်မြင့်တက်မှု တွေဟာ ဘယ်လောက်အထိဖြစ်နေလဲ၊ ဘယ်ဒေသတွေမှာ အမြင့်ဆုံးဖြစ်မလဲ၊ အပူချိန်မြင့်တက်မှုနဲ့ ခရမ်းလွန်ရောင်ခြည်မြင့်တက်မှုဟာ တိုက်ရိုက်သက်ဆိုင်မှုရှိလားဆိုတာတွေကို ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

#ဒီရက်ပိုင်း ခရမ်းလွန်ရောင်ခြည်မြင့်တက်မှုအနေအထားတွေ ဘယ်လိုရှိနိုင်လဲ?
“ ဒီနေ့အနေအထားအရဆိုရင်တော့ အရမ်းမပြင်းဘူး။ မြင့်တော့မြင့်တယ်ပေါ့။ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၇ လောက်ပဲရှိတယ်။ မနက်ဖြန် ၂၄ ရက်နေ့မှာတော့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းက အမြင့်ဆုံး ၁၁ လောက်အထိ (အလွန်အန္တရာယ်ရှိအဆင့်) ကိုရောက်မှာ။ အဲ့ဒါက ရန်ကုန်တိုင်းပါမယ်။ နောက်ပြီး ဟင်္သာတအောက် ဘက် ဧရာဝတီတိုင်းတစ်ခုလုံးပါမယ်။ နောက်ပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း တစ်ခုလုံးလည်းပါမယ်။ အဲ့ဒီဟာက ဟိုးဘက် ထိုင်းနိုင်ငံ မြောက်ပိုင်းအထိ ခရမ်းလွန်ရောင်ခြည် မြင့်တဲ့ အနေအထားဖြစ်နေတာ"
" နောက် ပြည်လောက်ကစပြီး အထက်ပိုင်းမှာကျတော့ Index 11 (အညွှန်းကိန်း ၁၁) ထိတော့ မရောက် ဘူး။ Index 10 (အညွှန်းကိန်း ၁၀) ကိုရောက်သွားတယ်။ ဆိုတော့ သူကလည်း မြင့်တော့မြင့်တယ်။ အဲ့ဒီတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့တော့ ခရမ်းလွန်ရောင်ခြည်ပြင်းတဲ့အနေအထားကို ရောက်နေတယ်လို့ ပြောလို့ရတယ်။ လွတ်တဲ့နေရာဆိုလို့ စစ်ကိုင်းတိုင်းမြောက်ပိုင်း ခန္တီးအထက်ပိုင်းလောက်ပဲ။ အဲ့ဒီမှာကတော့ Index 5 (အညွှန်းကိန်း 5) လောက်ပဲပြတယ်။ ကချင်ပြည်နယ်တောင်မှ မြစ်ကြီးနားအထက် တနိုင်းရဲ့အထက်ပိုင်းနေရာလောက်ပဲလျော့တယ်။ Index 7 လောက်ပဲရှိတယ်။ မြစ်ကြီးနားလို နေရာမျိုးမှာတော့ Index 8 လောက်ထိရှိလို့ သိပ်တော့မနည်းဘူး။ ရှမ်းပြည်နယ်ဘက်ဆိုလည်း မိုင်းရှူး၊ လားရှိုးဘက်တွေမှာ ၈ လောက်ပဲရှိပေမဲ့ ရှမ်းပြည်နယ်တောင်ပိုင်းလောက်မှာကျ ၉၊ ၁၀ လောက်ရှိမှာ။ တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာ မြင့်မှာပဲ”
#ဒီလိုခရမ်းလွန်ရောင်ခြည်မြင့်တက်လာမှုတွေက အပူချိန်မြင့်တက်လာတာတွေနဲ့ သက်ဆိုင်နေတာ လား?
“ သူက အပူချိန်နဲ့တော့မဆိုင်ဘူး။ အပေါ်မှာတိမ်ဖြစ်တာရှိမရှိပေါ်ပဲမူတည်မှာ။ တိမ်အမြင့်တွေတောင် မရှိဘူးဖြစ်သွားတော့ နေရောင်ခြည်တိုက်ရိုက်ကျလို့ ခရမ်းလွန်ရောင်ခြည်မြင့်တာ။ နေရောင်ခြည်ကို ကာကွယ်ပေးတဲ့ဟာမရှိတော့တာပေါ့။ အပူချိန်အနေနဲ့ကတော့ ပျမ်းမျှ ၃၅ (၃၅ ဒီဂရီစင်တီဂရိတ်) ဝန်းကျင်လောက်တော့ရှိတယ်။ အပူချိန်တွေကလည်း နွေရာသီဝင်လာတော့မှာဆိုတော့ မြင့်တာကတော့ မြင့်လာမှာပဲ။ အခုက အယ်နီညိုလည်းမဟုတ်၊ လာနီညာလည်းမဟုတ်တဲ့ Neutral ကြားနေရာသီဥတုမျိုးဖြစ်နေတာ။ မတ်၊ ဧပြီကတော့ ဒီ Neutral ရာသီဥတုမျိုးပဲဖြစ်နေမှာ”
#နောက်ရက်တွေကျရင်လည်း ဒီခရမ်းလွန်ရောင်ခြည်က တောက်လျှောက်မြင့်တက်နေမှာလား?

“ အဲ့ဒီလိုလည်းမဟုတ်ဘူးဗျ။ သူက တိမ်ဖြစ်တဲ့ပေါ်ပဲမူတည်တာ။ အခုလောလောဆယ်က UV index (ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း) ကို ကျွန်တော်တို့က ၃ ရက်စာပဲ ကြည့်လို့ရတယ်။ မနက်ဖြန် ၂၄ ရက်ဆို မွန်းတည့်ချိန်ကစပြီး ၂ နာရီလောက်အထိကို ၁၁ ထိ ရှိနေတယ်။ အဲ့နောက်ပိုင်းတော့ ပြန်ကျ သွားမှာ။ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီနဲ့ ၂ နာရီကြားကျတော့ မနက်ဖြန်မှာ ၁၁ ဖြစ်မဲ့နေရာတွေက ၈၊ ၉ လောက်ထိ ပြန်ကျသွားတယ်။ ၂၆ ရက်နေ့မှာကျတော့လည်း ၉ လောက်ထိပဲ။ အန္တရာယ်ရှိနိုင်တဲ့ အဆင့်တွေမှာတော့ ရှိနေတာပဲ။ ဆိုတော့ တိမ်ဖြစ်တဲ့ ပေါ်မှာပဲ မူတည်တယ်။
#ဒီလိုခရမ်းလွန်ရောင်ခြည်မြင့်တက်လာမှုတွေနဲ့ပတ်သက်လို့ ဆရာ့အနေနဲ့ ဘာသတိပေးချင်တာရှိလဲ?
" အဓိကကတော့ ဦးထုပ်ဆောင်း၊ ထီးဆောင်းတာမျိုးတွေ လုပ်ကြဖို့ပေါ့။ ပုံမှန်အားဖြင့်တော့ ကျွန်တော်တို့အသားအရေမျိုးက ခရမ်းလွန်ရောင်ခြည်ကို အတိုင်းအတာတစ်ခုထိ ခံနိုင်ရည်ရှိတဲ့ အသားအရောင်မျိုးပဲ။ ဒါပေမဲ့ အရမ်းအန္တရာယ်ရှိတဲ့အနေအထားမျိုးဆိုရင်တော့ အရေပြားကင်ဆာ တွေထိဖြစ်နိုင်တာပေါ့"
" နောက် အပူလွန်ကဲမှုဒဏ်တွေမခံရအောင် ထီး၊ ဦးထုပ် တစ်ခုခုဆောင်းပြီး အပြင်ထွက်တာ၊ သစ်ပင် ရိပ်လိုအရိပ်အာဝါသကောင်းတဲ့နေရာမှာ နေပူရှိန်လျော့ကျတဲ့အထိ ခေတ္တအရိပ်ခိုတာတွေကို လုပ်သင့တယ်။ အထူးသတိထားသင့်တဲ့သူတွေကတော့ သက်ကြီးပိုင်းနဲ့ ကလေးငယ်တွေ၊ သွေးပေါင်ချိန်မြင့်တက်တတ်သူတွေပေါ့"
#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
thangdeihcin
လွန်ခဲ့သော ၃ နှစ် ကthanks
ဦးကျော်အောင်
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါ
ဦးကြည်ဝင်း
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါဗျာ
ကောင်းမွန်အောင်
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါဗျ
စိုးလင်းအောင်
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါ
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026