ဒီရေတက်ရက် မိုးပိုများလာနိုင်မှုနှင့် ရေကြီးရေလျှံအလားအလာ..
ပင်လယ်ပြင်ကြိုတင်ခန့်မှန်းချက်များနဲ့ လက်ရှိကြိုတင်ခန့်မှန်းချက်တွေအရ ဩဂုတ်လ ၂၃ ရက်အထိ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တွေမှာ အနောက်တောင်မုတ်သုံလေက အားကောင်း နေမှာဖြစ်တယ်လို့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။
ဒါ့အပြင် ဩဂုတ်လ ၁၆ ရက်ညနေပိုင်းလောက်ကျရင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း မှာ အထက်လေဝဲစီးကြောင်း(Upper Air Cyclonic Circulation)တစ်ခုလည်း ဖြစ်လာနိုင်တာကြောင့် မုတ်သုံလေအား ပိုအားကောင်းလာနိုင်ပြီး ကမ်းရိုးတန်းဒေသတွေမှာ မိုး/လေ အား ဆက်လက် အားကောင်းနေဦးမှာဖြစ်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

နောက်လာမဲ့ ၃ ရက်အတွင်းဆိုရင်တော့ တစ်နိုင်ငံလုံး နေရာအနှံ့မှာ မိုးရွာနိုင်ပြီး မိုးနည်း၊ မိုးများနိုင်တဲ့ဒေသတွေကတော့ အောက်ပါအတိုင်းဖြစ်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။
မိုးအသင့်အတင့်မှမိုးနည်းနိုင်(မိုးရေချိန် ၅ မီလီမီတာနှင့်အောက်) - မကွေးတိုင်းအတွင်းရှိ ငဖဲမြို့နယ်၊ ပွင့်ဖြူမြို့နယ်များ
နေရာကွက်ပြီး မိုးကြီးနိုင်(မိုးရေချိန် ၃၀ မီလီမီတာနှင့်အထက်) သည့် ဒေသများ - ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း(အရှေ့)၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း ဒေသများ
အနည်းဆုံးမိုးအသင့်အတင့်ရွာနိုင်သည့်ဒေသများ - ကျန်ပြည်နယ်နှင့် တိုင်းအားလုံး
မိုးအလွန်ကြီးနိုင်ပြီး သတိထားရမည့်ဒေသများ
မိုးရေချိန် ၈၅ မီလီမီတာနှင့်အထက်ရွာနိုင်သည့်ဒေသများ - ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ဒေသအချို့နှင့် စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်
မိုးရေချိန် ၄၅ မီလီမီတာနှင့်အထက်ရွာနိုင်သည့်ဒေသများ - ရခိုင်ပြည်နယ်၊ ရန်ကုန်မြောက်ပိုင်းခရိုင် အတွင်းမြို့နယ်အချို့၊ ပဲခူးမြို့နှင့်ပဲခူးမြစ်အထက်ပိုင်းဒေသများ
ရေကြီးရေလျှံဖြစ်နိုင်မှုသတိပေးချက် (ဆရာဦးဝင်းနိုင်ခန့်မှန်းချက်)

“ ၁၅ ရက်ကနေ ၁၉ ရက်အထိက ဒီရေတက်ရက်။ ရန်ကုန်မြစ်ဆိုရင်လည်း ပေ ၂၀ လောက်ထိ တက်ဖို့ ရှိတယ်။ မုတ်သုံကလည်း အားကောင်းလာမှာ။ အခုလာမယ့် ၃ ရက် ၅ ရက်အတွင်းတွေမှာ မိုးရွာမယ့် အနေအထားတွေက တော်တော်များတယ်။ ဆိုတော့ ချောင်းဘေး၊ မြစ်ကမ်းဘေး၊ အနိမ့်ပိုင်းနေတဲ့သူတွေ သေချာပေါက် ရေဝင်မှာပဲ”
“ အခုနောက်လာမယ့် ၃ ရက်မှာ မိုးတွေရွာပြီးသွားရင် ရေပြန်ကျနေတဲ့မြစ်တွေမှာလည်း စိုးရိမ်ရေမှတ်တွေ ပြန်ရောက်လာလိမ့်မယ်။ ဆိုးတာက အောက်က ဒီရေတောင့်တဲ့အချိန်နဲ့သွားကြုံမှာ။ ပြီးတော့ ဝါထပ်တဲ့နှစ်လည်းဖြစ်နေတယ်။ လပြည့်ကျော်မှာ ဒီရေတက်တဲ့အနေအထားတွေကလည်း မြင့်နေတယ်။ ဆိုတော့ မြစ်တွေအနေနဲ့ အထက်ရေကျတာလည်းများလာမယ်၊ ပြီးတော့ ပင်လယ်ပြင်မှာ ဒီရေတက်ပြီးတောင့်တဲ့အနေအထားကလည်း ပိုများလာမယ်”
“ နောက်ထပ်ထူးခြားချက်အနေနဲ့ဆိုရင် စက်တင်ဘာ ၁ ရက်နေ့ကျရင် ရန်ကုန်မြစ်မှာ ထူးကဲဒီရေ တက်ရက်ရှိသေးတယ်။ အဲ့ဒီကျရင် ဒီရေတက်တာကပိုများဖို့ရှိသေးတယ်”

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ ဩဂုတ် ၁၄ ရက် မွန်းလွဲ ၁ နာရီခွဲအချိန် တိုင်းထွာချက်ကို ထုတ်ပြန်ချက်တွေအရတော့ စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်၊ သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၂ ပေခွဲခန့်၊ ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၁ ပေခန့် ရောက်ရှိနေပြီး ဘားအံမြို့နယ်နှင့်ဟုမ္မလင်းမြို့နယ်အတွင်း မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူများအနေနဲ့ အထူးသတိပြုကြဖို့ တိုက်တွန်းအကြံပြုထားပါတယ်။
Photos Crd_ U Win Naing, မိုးဇလ
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
thatkhine771@gmail.com
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါဆရာ
Than Dar Khaing
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးတင်ပါတယါ
Win Ko Thu
လွန်ခဲ့သော ၂ နှစ် ကဧရာဝတီတိုင်းဒေသကြီးမိုးလေဝသသတင်မပါဘူးနော်ဆရာ
May Thazin Phyo
လွန်ခဲ့သော ၂ နှစ် ကကျောက်ပန်းတောင်းမြို့ ဩဂုတ်လ နောက်ဆုံးပတ် မိုးရွာနိုင်သေးလားဆရာ
htet wai aung
လွန်ခဲ့သော ၂ နှစ် ကခရမ်းရောမိုးများနိုင်လားဗျ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026