မိုးတွေဆက်များနေနိုင်ဦးမယ့် ဇူလိုင်
တောင်တရုတ်ပင်လယ်ဘက်က မုန်တိုင်းအရှိန်၊ ဘင်္ဂလားပင်လယ်အော်မှာဖြစ်လာနိုင်တဲ့ လေဖိအားနည်း ရပ်ဝန်း ရဲ့အရှိန်တွေနဲ့အတူ မြန်မာနိုင်ငံထဲမှာ မိုးတွေဆက်ကောင်းနေဦးမှာဖြစ်ပြီး နောက်ထပ်အခြေအနေတွေအရဆိုရင် ယခု ဇူလိုင်လကုန်ထိ မိုးတွေများနေနိုင်တယ်လို့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။
ဒါတွေကနေ မြန်မာနိုင်ငံအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်မလဲဆိုတာတွေအပေါ် ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

တောင်တရုတ်ပင်လယ်ဘက်က တာလင်းမုန်တိုင်းအခြေအနေက ဘယ်လိုရှိနေလဲဆရာ...
“ အရှေ့ဘက်တောင်တရုတ်ပင်လယ်မှာဖြစ်နေတဲ့ မုန်တိုင်း (TALIM) ကတော့ အရင်ကတော့ (ပြင်းအားအဆင့်) CAT-2 ထိ ရောက်မယ်လို့ ခန့်မှန်းခဲ့ကြတယ်။ ဒါပေမဲ့ အခုနောက်ဆုံး JTWC (အမေရိကန်မိုးလေဝသဌာန) ရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာတော့ CAT-1 အဆင့်ပဲရောက်တော့မယ်လို့ ပြောတယ်။ ကုန်းတွင်းဝင်ခါနီးရင်ပေါ့။ အခုကို ဖြစ်နေပြီ။ ဆိုတော့ မုန်တိုင်းပြင်းအားတော့ လျော့သွားတယ်”

“ လောလောဆယ် သူက ဟောင်ကောင်ရဲ့အောက်ဘက်ကနေ တဖြည်းဖြည်းအနောက်ဘက်ကို ရွေ့တယ်။ ပြီးရင် တရုတ်ပြည်ရဲ့အရှေ့တောင်ဘက်ကမ်းခြေက ကျွန်းဆွယ်လေးကို အရင်ဖြတ်မယ်။ ဒီနေ့ ညနေ ၆ နာရီကျော် လောက်မှာဖြတ်မယ်။ ပြီးရင် ဗီယက်နမ်ပင်လယ်ကို ၁၈ ရက်နေ့ မနက်ပိုင်း စဝင်ပြီးတော့ ဗီယက်နမ်ကမ်းခြေ ကို ဆက်ဖြတ်မယ်။ ပြီးရင် တရုတ်နဲ့ဗီယက်နမ်မျဉ်းလိုင်းအတိုင်းဖြတ်ဝင်ပြီး ဗီယက်နမ်မြောက်ပိုင်းမှာ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့သွားမယ်လို့ JTWC က ခန့်မှန်းထားတယ်”
“ECMWF နဲ့ UK မိုဒယ်တွေကျတော့ လာအိုနိုင်ငံပေါ်လောက်မှာ အားပျော့သွားမယ်လို့ ပြောထားတယ်”

“ နောက်ထပ် ဩစတေးလျမိုးလေဝသ ဗျူရိုကကျတော့ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအနေနဲ့ လာအိုနိုင်ငံ မြောက်ပိုင်း တရုတ်ပြည်နဲ့ မြန်မာပြည်နယ်စပ်ကနေ မြောက်ပိုင်းကနေ ဖြတ်ပြီး အနောက်ဘက်ကို ဆက်ရွေ့ မယ်ဆိုပြီး ခန့်မှန်းထားတယ်”
ဆိုတော့ ဒီကနေ ကျွန်တော်တို့နိုင်ငံအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်မလဲ..
“ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့နိုင်ငံအပေါ် သူ့ရဲ့သက်ရောက်နိုင်မှုကတော့ မိုးပဲ။ လေတိုက်နှုန်းက မပြင်းတော့ ဘူး။ နယ်စပ်ကိုဖြတ်ဝင်မယ့်အချိန်မှာတောင်မှာ လေတိုက်နှုန်းက တစ်နာရီ မိုင် ၂၀ ဝန်းကျင်လောက်ပဲ ရှိမှာ။ မိုးကတော့ ၁၉ ရက်နေ့ကစပြီး မုန်တိုင်းရဲ့အကြွင်းအကျန်တိမ်တိုက်တွေက ရှမ်းပြည်နယ်အရှေ့ပိုင်းကနေ စပြီး ဝင်လာမှာ။ ပြီးရင် ဒီတိမ်တိုက်က ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ် ဒီနေရာတွေကို ဖြတ်ပြီး အိန္ဒိယဘက်အထိ ဆက်သွားမှာ။ ဆိုတော့ အထက်ပိုင်းတစ်ခုလုံးက မုန်တိုင်း သက်ရောက်မှုအရှိန်ရှိမှာ”
“ နောက်တခုက အခု ဘင်္ဂလားပင်လယ်အော်မှာဖြစ်နေတဲ့လေဝဲကလည်း ၂၀ ရက်နေ့လောက်ကျရင် အိန္ဒိယနိုင်ငံ ဩရိဿကမ်းခြေနဲ့ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းဖြစ်မယ်။ အဲ့ဒါက လည်း ကုန်းတစ်ပိုင်း၊ ရေတစ်ပိုင်းလောက်ပဲဖြစ်မယ့်အနေအထားရှိတော့တယ်။ မများဘူး။ သို့သော် ဒီဟာ ဖြစ်တာရယ် ခုနမုန်တိုင်း မြောက်ဘက်ကို တက်သွားတာရယ် ဒီနှစ်ခု အရှိန်သက်ရောက်မှုကြောင့် တောင်ပိုင်း မှာပါ မွန်၊ ကရင်၊ တနင်္သာရီ၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ရခိုင်ပြည်နယ်၊ ရခိုင်ကမ်းရိုးတန်းတစ်ခုလုံး ပြီးတော့ နေပြည်တော်၊ ချင်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ် အဲ့ဒီနေရာတွေအကုန်လုံး ကို ဘင်္ဂလားပင်လယ်အော်မှာဖြစ်မယ့် လေဖိအားနည်းရပ်ဝန်းက တိမ်တွေဆွဲသွင်းပေးမှာ။ ဆိုတော့ ၁၉ ရက်ညနဲ့ ၂၀ ရက်၊ ၂၁ ရက်ကနေ ၂၆ ရက်အထိ တောက်လျှောက်ပဲ။ တစ်နိုင်ငံလုံးမှာ မိုးတွေဆက်နေလိမ့်မယ်။ များတဲ့နေရာတွေလည်း များနေမယ်”
“ နောက်တစ်ခုက အခု အရှေ့ဖိလစ်ပိုင်ပင်လယ်မှာ INVEST 98W (လေဖိအားနည်းရပ်ဝန်းစောင့်ကြည့်ဧရိယာ) ဆိုပြီး တစ်လုံးထပ်ဖြစ်နေတာရှိတယ်။ တောင်တရုတ်ပင်လယ်မှာလည်း လေဖိအားနည်းရပ်ဝန်းတွေ ထပ်ဖြစ် လာနိုင်ဖို့တွေရှိနေတယ်။ အဲ့ဒါတွေနဲ့အတူ ဘင်္ဂလားပင်လယ်အော်က ကုန်းတစ်ပိုင်း ရေတစ်ပိုင်း လေဖိအားနည်း ရပ်ဝန်းကလည်း ၂၆ ရက်နေ့အထိ ဆက်တိုက်ရှိနေမယ့်အနေအထားရှိနေလို့ တစ်နိုင်ငံလုံးမှာ ဇူလိုင်လကုန်တဲ့ အထိ မိုးပြတ်တော့မှာမဟုတ်ဘူး။ မုတ်သုံအားလျော့တာတို့ဘာတို့မဖြစ်တော့ဘူးပေါ့”
လာမယ့် ၃ ရက်အတွင်း မိုးတွေများနိုင်တဲ့ဒေသတွေကို ပြောပြပေးပါဦးဆရာ..
“ နောက်လာမယ့် ၃ ရက်ကို ပြောမယ်ဆိုရင် မွန်၊ ကရင်၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်လုံးမှာ မိုးတော်တော်များမယ်။ နောက်ပြီးတော့ ရှမ်းပြည်နယ် တစ်ခုလုံးမှာလည်း မိုးများနိုင်တယ်”
“ နောက်ပြီးတော့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း တို့လို အလယ်ပိုင်းမိုးနည်းရေရှားရပ်ဝန်းတွေ၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်တွေမှာလည်း မိုးအရမ်းမများနိုင်ပေ မယ့် မိုးတော့ကျနေမယ်”
“ ၃ ရက်ကျော်လို့ နောက်ထပ် ၅ ရက်ကနေ ၁၀ ရက်အတွင်းဆိုရင်တော့ မိုးပိုများလာနိုင်တယ်။ တစ်နိုင်ငံလုံးမှာ မိုးရွာနေမှာ။ မိုးအနည်းဆုံးနေရာတွေတောင်မှာ ၁ လက်မကနေ ၂ လက်မလောက်ထိ ရွာနိုင်တယ်”
ထူးထူးခြားခြား ဘာတွေ သတိထားသင့်တာတွေရှိမလဲဆရာ..
“ ဘာဖြစ်လာနိုင်လဲဆိုရင်တော့ အခုက ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ်တွေမှာတော့ မြစ်ရေတွေတက်နေတယ်။ မိုးဇလကလည်း ထုတ်ထားတယ်။ ဆိုတော့ မြစ်တွေရဲ့ကမ်းနားတွေမှာ နေတဲ့သူတွေအနေနဲ့တော့ မြစ်ရေကြီးနိုင် တာကို သတိထားဖို့လိုတယ်။ အခုကတော့ ပုံမှန်လည်း မိုးများတဲ့ကာလထဲကိုတော့ ရောက်နေတာပေါ့နော်”
Photos Crd_ U Win Naing
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Hanzawtun
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါ
KoSaw
လွန်ခဲ့သော ၃ နှစ် က်မင်းကွန်းမိုးဘယ်တောရွာမုာလဲ
ကျော်လင်းသူ
လွန်ခဲ့သော ၃ နှစ် ကမကွေးတိုင်း အောင်လံဘက်မှာ မိုးက ဘယ်နေ့လောက်ကနေ စပြီး ရွာမလဲဗျ ခုထိတော့ မိုးမရွာသေးဘူး
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026