မိုးများ၊ မိုးသက်လေပြင်းကျနိုင်ချေရှိဒေသများ နောက်ဆုံးအခြေအနေ
မတ်လ ၁၃ ရက်နေ့မှာ မြန်မာနိုင်ငံဒေသအများစုမှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေ၊ မိုးသက် လေပြင်းကျနိုင်ချေနောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်လို့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက် များကိုကိုးကားပြီး မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းပြီး ဆက်တိုက်ဖော်ပြပေးနေပါတယ်။
ဒီနေ့ မတ်လ ၁၀ ရက် မွန်းလွဲ ၂ နာရီခွဲ ECMWF Forecast Model ရဲ့ update အရ မိုးများနိုင်၊ မိုးသက် လေပြင်းကျနိုင်ချေရှိတဲ့ဒေသတွေအခြေအနေအပေါ် ဦးဝင်းနိုင်ထံမေးမြန်းထားတာကိုလည်း ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။
#သိသိသာသာမိုးများနိုင်မဲ့ဒေသတွေနဲ့ မိုးသက်လေပြင်းကျနိုင်ချေရှိတဲ့ဒေသတွေက ဘယ်ဒေသတွေဖြစ်မလဲ...

“ မိုးတကယ်များနိုင်တဲ့ဒေသတွေက ကချင်ပြည်နယ်ရယ်၊ ပြီးတော့ ရှမ်းပြည်နယ်အရှေ့ပိုင်းကျ တာချီလိတ်၊ ကျိုင်းတုံ နှစ်နေရာမှာတော်တော်များမယ်။ နောက်ရှမ်းပြည်နယ်မြောက်ပိုင်းဆို တန့်ယန်းနဲ့လားရှိုးမှာ မိုးရွာနိုင်တဲ့အခြေအနေတွေ့တယ်။ ဒါပေမဲ့ အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ် လောက်တော့ မများဘူး”
“ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း(အရှေ့/အနောက်)၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသတချို့မှာတော့ မိုးသက်လေပြင်းနဲ့အတူ နေရာကွက်ပြီး မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်မယ်။ မိုးကတော့ နေရာကွက်များတာပဲရှိမယ်။ အများစုကတော့ မိုးနည်းမယ်၊ လေများနိုင်မယ်။ အဲ့ဒီနေရာတွေမှာက တချို့နေရာတွေမှာဆို မိုးသီးပါကျနိုင်တယ်။ ခုန မိုးများနိုင်တဲ့ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်ဘက်လည်း မိုးသီးက ပြောလို့မရဘူး။ ပါလာနိုင်တယ်”
#ဒီအခြေအနေတွေက ၁၄ ရက်နေ့အထိ ဆက်ရှိနေနိုင်သေးလား...
“ ၁၄ ရက်နေ့ကျတော့ ရှိတော့ရှိနိုင်သေးတယ်။ ဒါပေမဲ့ တော်တော်ပျော့သွားပြီ။ ၁၃ ရက်နေ့လောက် မများနိုင်တော့ဘူး။ ၁၃ ရက်နေ့ကတော့ မနက်ပိုင်းကစပြီး ဟိုးညပိုင်းအထိ လေပြင်းတိုက်မဲ့ ဧရိယာရယ်၊ မိုးသက်လေပြင်းကျနိုင်တဲ့ဧရိယာရယ်က ၁၃ ရက်နေ့တစ်နေ့လုံးမှာ တောင်ဘက်ကနေ မြောက်ဘက်ပေါ့။ အလယ်ပိုင်းကြီးကို ဖြတ်ပြီးတက်တယ်။ ဆိုတော့ ရခိုင်ပြည်နယ်တောင်ပိုင်းအခြမ်း ဂွတို့၊ ကျောက်ဖြူတို့လောက်ထိတောင် ရောက်နိုင်တယ်။ ဒါပေမဲ့ အဲ့ဒီ နေရာတွေက ဒီလောက်မများနိုင် လို့ ကျွန်တော် ထည့်မပြောဖြစ်တော့တာ”
#ဒီကြားထဲမှာ လက်ရှိထုတ်ပြန်ချက်တွေနဲ့ ကြီးကြီးမားမား အပြောင်းအလဲဖြစ်နိုင်သေးလား..
“ မနေ့တုန်းကဆို ကျွန်တော်တို့ လာမဲ့ ၄ ရက်လောက်ကို ကြိုပြီးတော့ ခန့်မှန်းတာပေါ့နော်။ ဒီနေ့ဆိုရင် တော့ လာမဲ့ ၃ ရက်ကို ကြိုခန့်မှန်းတာပေါ့။ ဆိုတော့ အပြောင်းအလဲက သိပ်မရှိနိုင်တော့ဘူး။ မိုးများ မဲ့ ဒေသ အပြောင်းအလဲကလည်း သိပ်မဖြစ်နိုင်လောက်ဘူး။ ဘာလို့လဲဆိုတော့ အရှေ့ဘက် တရုတ်ပြည် ကူမင်းဘက်ကနေ လာအို၊ ဗီယက်နမ်မြောက်ပိုင်းနဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းကဖြတ်ဝင်လာမဲ့ တိမ်တိုက် ကြီးက တော်တော်ကြီးတယ်။ ဒီတိမ်တိုက်ကြီးတောက်လျှောက်ဝင်လာမဲ့ဟာက ကျွန်တော်တို့ဘက်ကို ပဲညွှန်းနေတာ။ ဆိုတော့ အပြောင်းအလဲက သိပ်အများကြီးရှိမှာတော့မဟုတ်ဘူး။ ရန်ကုန်တိုင်းဆို လည်း ခရမ်း၊ သုံးခွဘက်တွေအထိ မိုးကျမှာပဲ။ ဒါပေမဲ့ ခုနပြောသလို မိုးသက်လေပြင်းဖြစ်တဲ့အတွက် လေနဲ့အတူလွင့်သွားမှာဆိုတော့ တအားများများ မရွာနိုင်တာပဲရှိမှာ။ တခုရှိတာက နေရာကွက်ပြီး ဝုန်းဒိုင်းကျဲရွာသွားတာမျိုးတော့ ရှိနိုင်တယ်။ ဝင်လာတဲ့တိမ်ရဲ့ထုထည်၊ မိုးဖြစ်စေမဲ့ အပူချိန်၊ ငွေ့ရည် ဖွဲ့မှတ်တွေပေါ် မူတည်တာပေါ့”
Photos Crd_U Win Naing
#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Aung Thu Lin
လွန်ခဲ့သော ၃ နှစ် ကPKU Kamma
Aung Thu Lin
လွန်ခဲ့သော ၃ နှစ် ကအခုလက်ရှိအခြေအနေလေတအားတိုက်နေတယ်မိုးမပါသေးဘူး
စိုးမင်းထက်
လွန်ခဲ့သော ၃ နှစ် ကမိုးဦးက ဘယ်လမှာစတာလဲဗျ မြစ်ကြီးနားဘတ်မှာပါ အပင်စိုက်ချတာ စိုက်မိလို့မိုးနေရင် ဆီဖိုးနဲ့မကာမိလို့ပါ ဖြေပေးကြပါအုံး
အမည်မသိ
လွန်ခဲ့သော ၃ နှစ် ကမြန်အောင်မြို့နယ်မိုးလေဝသအချေအနေသိခြင်ပါတယ်ဆရာ
U Khant Zaw Win
လွန်ခဲ့သော ၃ နှစ် ကဆရာတို့ေရ ေြမာင်းြမ ဧရာဝတီတိုင်း မိုးကြီးနိုင်လား
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....