မေ ၁၀ ရက်ဝန်းကျင်တွင် ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းတစ်ခုဖြစ်နိုင်ပြီး နိုင်ငံအနှံ့သက်ရောက်နိုင်
ယခု မေလ ၁၀ ရက်ဝန်းကျင်ကစလို့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ မုန်တိုင်းတစ်ခုဖြစ်လာနိုင်ပြီး ဒီနေ့ မေ ၁ ရက် မွန်းလွဲပိုင်းထုတ်ပြန်ချက်တွေအရဆိုရင် ဖြစ်နိုင်ချေဟာ ၈၀ ရာခိုင်နှုန်းလောက် သေချာနေပြီလို့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က ပြောပါတယ်။
နိုင်ငံတကာမိုးလေဝသခန့်မှန်းမိုဒယ်တစ်ခုဖြစ်တဲ့ ECMWF Model အရဆိုရင် မေလ ၇၊ ၈ လောက်မှာ စပြီး ဖြစ်လာမဲ့ လေဖိအားနည်းရပ်ဝန်းကနေ ပိုမိုအားကောင်းလာပြီး မေလ ၁၀ ရက်နေ့မှာ ဆိုင်ကလုန်း မုန်တိုင်း အဆင့်ထိ ရောက်သွားနိုင်တာတွေ့ရတယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

လက်ရှိမှာ ကြိုတင်ခန့်မှန်းရက်ဝေးနေသေးတဲ့အတွက် မုန်တိုင်းလမ်းကြောင်းကိုတော့ အတိအကျပြောဖို့ခက်နေသေးပြီး ဒီမုန်တိုင်းအရှိန်ကြောင့် တစ်နိုင်ငံလုံး မိုးရွာ၊ မိုးကြီးတာတွေဖြစ်နိုင်တယ်လို့ ဦးဝင်းနိုင်က သုံးသပ်ပါတယ်။
"မေလ ၁၀ ရက်လောက်က စပြီး မေလ ၁၇ ရက်အထိကာလအတွင်း" တပြည်လုံး နေရာ အနှံ့အပြား မိုးရွာတာတွေ၊ နေရာကွက်ပြီး မိုးများတာတွေ လေပြင်းတိုက်တာတွေ ဖြစ်လာနိုင်ပါတယ်” လို့ ဦးဝင်းနိုင်က ပြောပါတယ်။
လက်ရှိ မုန်တိုင်းလမ်းကြောင်းထုတ်ပြန်ထားချက်တွေအရဆိုရင်တော့ တောင်ကျချောင်းရေ ရုတ် တရက် ဆင်းလာနိုင်မဲ့ဒေသတွေ၊ လေပြင်းကျနိုင်မဲ့ဒေသတွေနဲ့ မိုးများနိုင်မဲ့ဒေသတွေထဲမှာ ရန်ကုန် တိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသတွေ ပါနေလို့ အဲ့ဒီဒေသတွေမှာ နေထိုင်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှု လုပ်ထားနိုင်တာတွေ လုပ်ထားကြ ဖို့လည်း ဦးဝင်းနိုင်က သတိပေးပါတယ်။
လက်ရှိလမ်းကြောင်းအနေအထားအရဆိုရင် ကျန်တဲ့ ပြည်နယ်နဲ့တိုင်းဒေသတွေမှာတော့ မုန်တိုင်းလမ်းကြောင်းနဲ့ ဝေးတာကြောင့် မိုးရွာနိုင်မဲ့အခြေအနေနဲ့ လေပြင်းကျနိုင်မဲ့ အခြေအနေတွေက မုန်တိုင်းလမ်းကြောင်းနဲ့ နီးတဲ့ဒေသတွေလောက် ပြင်းထန်မှာမဟုတ်ဘူးလို့ သိရပါတယ်။
“ အခုခန့်မှန်းလမ်းကြောင်းအတိုင်းဆိုရင်တော့ ရခိုင်ကမ်းရိုးတန်းတစ်ခုလုံး၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေအထိ မုန်တိုင်းအရှိန် သက်ရောက်မှု ရှိနိုင်တယ်။ အနောက်ဘက်ထပ်ရွေ့သွားရင်တော့ မြန်မာပြည်က မုန်တိုင်းအရှိန်နဲ့ မိုးကောင်းကောင်းရွာနိုင်တာ လောက်ပဲ ဖြစ်မယ်။ ဒါပေမဲ့ လမ်းကြောင်းက အရှေ့ဘက်ကိုရွေ့လာရင်တော့ မုန်တိုင်းတိုက်ရိုက်ဝင်ရောက် တိုက်ခတ်တဲ့ ဒဏ်ကိုပါ ခံရနိုင်တယ်” လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။
ဒါပေမဲ့ ဒီလမ်းကြောင်းဟာ လက်ရှိထုတ်ပြန်ထားချက်တွေအရသာဖြစ်ပြီး နီးလာရင်တော့ အထက်မှာပြောထား သလို လမ်းကြောင်းပြောင်းလဲကောင်းပြောင်းလဲနိုင်ပါသေးတယ်။ Green Way အနေနဲ့ မုန်တိုင်း လမ်းကြောင်းအခြေအနေကို ဦးဝင်းနိုင်ထံ ဆက်သွယ်မေးမြန်းပြီး ဆက်တိုက်တင်ပေးသွားဖို့ရှိလို့ စောင့်စားဖတ်ရှုနိုင်ပါတယ်။
လက်ရှိအနေအထားအပေါ် ကြိုတင်ခန့်မှန်းချက်တွေအရ ပင်လယ်ပြင်မှာတော့ မုန်တိုင်းလမ်းကြောင်းနဲ့နီးတဲ့ ကမ်းခြေတွေမှာ လှိုင်းလေထန်ပြီး လေတိုက်နှုန်း တစ်နာရီ မိုင် ၉၀ မှ မိုင် ၁၁၀ ခန့်အထိ ရှိနိုင်ကာ လှိုင်းအမြင့်က ပေ ၂၀ မှ ၂၅ ပေခန့်အထိ ရှိနိုင်တာကြောင့် ပင်လယ်ပြင်မှာထွက်ပြီးအလုပ်လုပ်ကြရတဲ့ ရေလုပ်သားများအနေနဲ့ အသက်အန္တရာယ်လုံခြုံစေရေးအတွက် မေလ ၇ ရက်နေ့နောက်ဆုံးထား ကမ်းပြန်ဝင်ကြဖို့လိုမယ်လို့ ဦးဝင်းနိုင်က သတိပေးပါတယ်။
Photos Crd_U Win Naing
#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
ရဲနိုင်
လွန်ခဲ့သော ၃ နှစ် ကကိုင်သောင်အတွက် စိုးရိမ်ရလားဗျ
yelintun
လွန်ခဲ့သော ၃ နှစ် ကရန်ကုန်တိုင်းမှာဘယ်ရက်လောက်လေပြင်းတိုက်နှိင်မလည်းခဗျာ နောက်ပြီးကြိုတင်ပြင်ဆင်ဖို့ဆောင်ရန်ရှောင်ရန်အတွက်ဘာတွေပြင်ဆင်ရမလည်းခဗျာကျေးဇူးပြုပြီပြန်လည်ဖြေကြားပေးပါခဗျာ
U Zaw Oo
လွန်ခဲ့သော ၃ နှစ် ကဒေသအလိုက်မိုးလေဝသအဖွဲ့ဝင်ဖြစ်ဖို့ ဘယ်လိုလုပ်ရမလဲဗျ၊
သူရဇော်
လွန်ခဲ့သော ၃ နှစ် ကရန်ကုန်တိုင်းအခြေအနေလေးပြောပေးပါဆရာ
ဇော်ထက်အောင်
လွန်ခဲ့သော ၃ နှစ် ကဧရာဝတီတိုင်မော်လမြိုင်ကျွန်ပါနိုင်လား
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....