မုန်တိုင်းထိနိုင်တဲ့ဒေသတွေမှာ လေတိုက်နှုန်းတွေ ဘယ်လောက်ခံရနိုင်မလဲ?
ဘင်္ဂလားပင်လယ်အော်အတွင်းက မုန်တိုင်းငယ်ဟာ မုန်တိုင်းအဆင့်ကို ရောက်ရှိချိန် နီးလာမှုနဲ့အတူ မုန်တိုင်းဖြတ်သန်းနိုင်တဲ့ ခန့်မှန်းလမ်းကြောင်းတွေဟာလည်း အတော်လေး ပီပြင်လာပြီဖြစ်ပါတယ်။ လက်ရှိ အနေအထားတွေအရတော့ မြန်မာနိုင်ငံတွင်းမှာဆိုရင် စစ်တွေဝန်းကျင် ရခိုင်ကမ်းရိုးတန်းဒေသဟာ မုန်တိုင်း ရဲ့ ရိုက်ခတ်မှုခံရဖို့ သေချာသလောက်ရှိနေပြီး ညာဘက်ခြမ်းက ဒေသအချို့ကတော့ တိုက်ရိုက်ခံရဖွယ်မရှိတော့ပါဘူး။
ဒီတော့ မုန်တိုင်းရဲ့ နောက်ဆုံးလမ်းကြောင်းအခြေအနေ၊ တိုက်ရိုက်ခံရနိုင်တဲ့ဒေသတွေမှာဖြစ်သွားနိုင်တဲ့ လေတိုက်နှုန်း၊ လှိုင်းအမြင့်တွေ၊ အဖျားရိုက်ခတ်ခံရနိုင်တဲ့ ဒေသတွေအပေါ် သက်ရောက်နိုင်မှုအခြေအနေတွေကို နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကိုကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။
ခန့်မှန်းမိုဒယ်တွေမှာ လမ်းကြောင်းတွေက ထပ်တူမကျသေးဘူးလားဆရာ?
“ ဟုတ်တယ်။ GFS နဲ့ ECMWF ထပ်တူမကျသေးဘူး။ တစ်ခုရှိတာက အိန္ဒိယမိုးလေဝသဌာနက ပုံမှန်အားဖြင့်ဆို GFS နဲ့ တူတတ်တယ်။ ဒါပေမဲ့ အခုဟာက အိန္ဒိယကပါ အခု ECMWF နဲ့ ကပ်နေတယ်။ အဲ့တော့ အိန္ဒိယရဲ့ လမ်းကြောင်းခန့်မှန်းချက်က စစ်တွေမြောက်ဘက်ကပ်ရက်က ရသေ့တောင်နားကနေ ဝင်သွားတယ်။ ဝင်သွားပြီးတော့ ချင်းပြည်နယ်ဘက် ကလေးဘက်ကိုဖြတ်သွားပြီးတော့ မြောက်ဘက်ကို တက်သွားတယ်ပေါ့”
“ GFS ရဲ့ ခန့်မှန်းချက်ကကျတော့ သူက ကျောက်ဖြူကနေ ရမ်းဗြဲကျွန်းကြီးကို ဖြတ်တယ်။ ပြီးတော့မှ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတွေပေါ်ဖြတ်ပြီးတော့ မြစ်ကြီးနားပေါ်ထိ ရောက်တယ်။ ပြီးရင် မေလ ၁၅ ရက် ညနေ ၆ နာရီလောက်မှာ ဗဟိုဖိအား ၉၉၈ ဟက်တိုပါစကယ်၊ လေတိုက်နှုန်းက တစ်နာရီ ၂၂ မိုင်နှုန်းနဲ့ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းဖြစ်ပြီး အားပျော့သွားတယ်”
“ အဲ့ဒီတော့ ကျွန်တော်တို့က ဘာကြည့်ရမလဲဆိုတော့ ရသေ့တောင်-စစ်တွေ၊ စစ်တွေ-ကျောက်ဖြူကြားထဲမှာ ဆိုတော့ မိုင်အားဖြင့်ဆို မိုင် ၁၀၀ ဝန်းကျင်လောက်ပဲရှိတော့တယ်။ လမ်းကြောင်းက အဲ့ဒီကြားထဲမှာ ကစား နေတော့တာ။ ဆိုတော့ စစ်တွေနားဝန်းကျင်ကတော့ ကျိန်းသေသလောက်ဖြစ်သွားပြီ။ အဲ့ဒီတော့ ပုံထဲမှာ ပါတဲ့အတိုင်း မုန်တိုင်းရဲ့အရွယ်အစားနဲ့ လေတိုက်နှုန်း အခု ကျွန်တော်ပို့ပေးလိုက်တာက အမြင့်ပေ ၁၅၀၀၊ ၈၅၀ ဟက်တိုပါစကယ်မှာရှိနေတဲ့ လေတိုက်နှုန်း။ Standard level လို့ ခေါ်တာပေါ့နော်။ မုန်တိုင်းတစ်လုံးရွေ့တော့မယ်ဆိုရင် လေတိုက်နှုန်းတွေ ဘယ်လိုဖြစ်မလဲဆိုတဲ့ဟာဆို Standard (စံ) ယူတဲ့ဟာ။ ဘာလို့လဲဆိုတော့ တောင်တွေခံနေတော့ မြေပြင်လေတိုက်နှုန်းကိုယူရတာက မမှန်ဘူး။ အဲ့တော့ မြေပြင်လေတိုက်နှုန်းနဲ့လွတ်တဲ့ အမြင့်ကဟာကို ယူတယ်။ အဲ့တော့ မုန်တိုင်းရဲ့အမြင့် တိမ်ထုတွေရဲ့အမြင့်က ပေ ၄၀၀၀၀ အထက်လောက်ထိ ရှိတာကိုး။ အဲ့တော့ ဒီတိမ်ထုကြီးနဲ့ ဒီလေတိုက်နှုန်းနဲ့က ကုန်းတွင်းကိုဝင်မယ့်အနေအထားက ခုန ကျွန်တော်ပြထားတဲ့ အဝါရောင်မျဉ်းကွက် (ပုံတွင်ကြည့်နိုင်) ထဲက ဒေသအကုန်လုံးကိုရောက်မှာ”

“ ဆိုတော့ မြေပြင်လေ မိုင် ၄၀၊ ၅၀ ကနေ ၇၀၊ ၈၀ ထိ ဖြစ်သွားနိုင်တယ်။ အဲ့ဒီအချိန်မှာ နောက်ထပ် ဘာတွေဖြစ်လာနိုင်လဲဆိုတော့ စိုက်ဆင်းလေပြင်းဖြစ်စဉ်တွေဖြစ်လာနိုင်တယ်။ နောက်ပြီးတော့ မုန်တိုင်းရဲ့ အဖျားပိုင်းလေလှိုင်းတွေဝင်လာတဲ့အချိန် တိမ်အဖျားပိုင်းတွေဝင်လာတဲ့အချိန်မျိုးတွေမှာ လေဆင်နှာမောင်းတွေ ပါလာတတ်တယ်။ သူကတော့ ကြီးချင်လည်းကြီးမယ်၊ သေးချင်လည်းသေးမယ်။ အထူးသဖြင့်ကတော့ ပူတဲ့ဒေသတွေပေါ့။ မကွေးတို့၊ မန္တလေးတို့၊ မိတ္ထီလာတို့၊ နေပြည်တော်တို့၊ စစ်ကိုင်းတို့ အဲ့ဒီလိုဒေသတွေ ပူတဲ့နေရာ၊ နောက်ထပ် သစ်ပင်တွေသိပ်မရှိတဲ့ လွင်ပြင်လိုနေရာမျိုးတွေ ဆိုရင် လေဆင်နှာ မောင်းက အားကြီးသွားတတ်တယ်။ ဒါက မုန်တိုင်းဝင်လာလို့ရှိရင် မုန်တိုင်းရဲ့ အရှေ့ဆုံးကတိမ်ပေါ့။ အဲ့ဒါတွေ ဝင်လာချိန်မျိုးတွေမှာဖြစ်တတ်တယ်။ ဒါတော့ သတိထားရမယ်။ နောက်တစ်ခုကတော့ အရင်တုန်းက ပြောသလို ပါပဲ မိုးသည်းမယ်၊ တောင်ကျရေတွေလာမယ်၊ တောင်ပြိုမယ်၊ မိုးကြိုးတွေဖြစ်မယ် အဲ့ဒါတွေ ဖြစ်လာနိုင်တာပေါ့”
ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် စစ်တွေဝန်းကျင်ကတော့ မုန်တိုင်းဖြတ်နိုင်တဲ့လမ်းကြောင်းထဲပါနေပြီပေါ့နော်။ ဒီတော့ အဲ့ဒီဝန်းကျင်မှာကျ မုန်တိုင်းရဲ့ရိုက်ခတ်နိုင်မှု ဘယ်လောက်ထိ ခံရနိုင်လဲ?
“ လေတိုက်နှုန်းကတော့ မိုင် ၉၀၊ ၁၀၀ လောက်ကတော့ ကျိန်းသေပေါက်ခံရမယ်။ ဘာလို့လဲဆိုတော့ မုန်တိုင်းက ကမ်းနားကပ်လာရင် ပင်လယ်ရေမျက်နှာပြင်အပူချိန်တွေရှိတယ်။ ကျွန်တော်အမြဲတမ်းပြောနေတဲ့ Rapid Intensification ဆိုတာ RI လို့ခေါ်တာပေါ့။ အဲ့ဒီဟာဖြစ်လာနိုင်တယ်။ အဲ့ဒီဟာဖြစ်လာရင် သူတို့အခုခန့်မှန်း ထားတဲ့ Very Severe Cyclonic Storm ပေါ့နော်။ အဲ့ဒီဟာထက် ထပ်မြင့်ပြီးတော့ စူပါဆိုင်ကလုန်းအဆင့်ထိ ရောက်သွားရင် ပိုဆိုးသွားနိုင်တာပေါ့။ ဆိုတော့ အဲ့ဒီ RI ဆိုတာကိုလည်း ကျွန်တော်တို့ တစ်ချက်ခေါင်းထဲ ထည့်ထားရမယ်။ ဘာလို့လဲဆိုတော့ အပူချိန်တွေက အခုထက်ထိ တချို့ဒေသတွေက မြင့်နေဆဲအခြေအနေ၊ ပင် လယ်ရေမျက်နှာပြင်အပူချိန်ကလည်း ၃၁၊ ၃၂ ဒီဂရီလောက်မှာရှိနေတယ်။ မုန်တိုင်းသိပ်ကြိုက်တဲ့အပူချိန်ပေါ့”
မုန်တိုင်းညာဘက်ခြမ်းမှာရှိနေတဲ့ ဧရာဝတီတိုင်းတို့၊ ရန်ကုန်တိုင်းတို့အပါအဝင် တခြားရိုက်ခတ်နိုင်တဲ့ ဒေသတွေမှာကျ ဘယ်လောက်ထိနိုင်မလဲဆရာ?
“ ဧရာဝတီတိုင်းကတော့ အခုလမ်းကြောင်းအတိုင်းဝင်မယ်ဆိုရင် မိုင် ၄၀၊ ၅၀ လောက်ရှိနိုင်တယ်။ လှိုင်းအမြင့် က ၇ ပေ၊ ၈ ပေလောက်ထိ ရိုက်နိုင်ခြေရှိတယ်။ နောက်တစ်ခုက ဧရာဝတီတိုင်းမှာက မုန်တိုင်းဝင်တဲ့အချိန်မှာ အနောက်တောင်ဘက်ကနေ လေပြင်းတိုက်နိုင်တဲ့အနေအထားမျိုးဆိုတော့ ဧရာဝတီ မော်တင်စွန်းကနေ ဖျာပုံ ကွေ့အထိကတော့ အဲ့ဒီမုန်တိုင်းလမ်းကြောင်းနဲ့ ကန့်လန်းကြီးခံနေတယ်။ ဆိုတော့ မိန်းမလှကျွန်းရှိတဲ့နေရာ၊ ဟိုင်းကြီးကျွန်းရှိတဲ့နေရာဖြစ်တဲ့ ငဝန်မြစ်ဝ၊ ဖျာပုံမြစ်ဝ၊ ဧရာဝတီမြစ်ဝ အဲ့ဒီနေရာတွေမှာတော့ လေပြင်းဒဏ် ပိုခံရနိုင်တယ်”
“ ရန်ကုန်တိုင်းမှာဆိုလည်း လေပြင်းက ၄၀၊ ၅၀ လောက် လာနိုင်တာပဲ။ ရန်ကုန်မြစ်ကနေ လေစီးကြောင်းပြောင်း ပြီး ဝင်လာမယ့်လေပြင်းတွေက ရန်ကုန်မြို့ကို တိုက်ရိုက်ထိနိုင်တယ်။ နောက်တစ်ခုက ရန်ကုန်မှာ အရှေ့ဒဂုံ၊ မြောက်ဒဂုံ၊ တောဒဂုံ အဲ့ဒီနေရာတွေမှာတော့ စိုက်ဆင်းလေပြင်းတွေ၊ လေဆင်နှာမောင်း တွေ သတိထားရမယ်။ စိုက်ဆင်းလေပြင်းမှာဆို စိုစွတ်လေပြင်း၊ ခြောက်သွေ့လေပြင်း နှစ်မျိုးစလုံးဖြစ်လာနိုင် တယ်။ ခြောက်သွေ့ကတော့ အန္တရာယ်နည်းတယ်။ ထုထည်မပါဘူး။ တိမ်တွေဝင်လာပြီးမှဖြစ်လာတဲ့ စိုစွတ်စိုက်ဆင်းလေပြင်းမျိုးကျတော့ ထုထည်ပါလာတယ်။ ပိုပြီးတော့ အန္တရာယ်များ၊ ပိုပြင်းတတ်တယ်”
“ ပဲခူးတိုင်းလည်း တူတူပဲ။ အနောက်ခြမ်းဆိုရင် ကမ်းရိုးတန်းနားကပ်နေတော့ ပါမှာပဲ။ ပဲခူးတိုင်း အရှေ့ ခြမ်းလည်း ပဲခူးရိုးမနဲ့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် ဒီးမော့ဆို ဘက်ခြမ်းတွေထိ မုန်တိုင်းလေပြင်း ကျတဲ့အခြေအနေတွေ ဖြစ်သွားနိုင်တယ်။ နေပြည်တော်၊ မိတ္ထီလာ၊ မန္တလေး၊ မကွေးတွေလို ခြောက်သွေ့ တဲ့ဒေသတွေကတော့ ပိုပြီး သတိထားရမယ်။ ဘာလို့လဲဆိုတော့ ခုနပြောတဲ့ စိုက်ဆင်းလေပြင်းပါ ဆင်းလာနိုင်လို့။ လေဆင်နှာမောင်းလည်း သတိထားရမယ်။ မြန်မာပြည်မှာတော့ အဖြစ်နည်းတယ်။ ဒါပေမဲ့ လယ်ဝေးဖြစ်သွားတဲ့ကိစ္စလိုမျိုးဆိုတော့ ပြောလို့တော့မရဘူး”
တိုက်ရိုက်ထိသွားနိုင်တဲ့ဒေသတွေမှာကျ လှိုင်းအမြင့်တွေ ဘယ်လောက်ထိဖြစ်သွားနိုင်လဲ?
“ ECMWF နဲ့ GFS မိုဒယ်တွေအရဆို လှိုင်းအမြင့်တွေက တော်တော်မြင့်တယ်။ ၁၄ ရက်နေ့ညပိုင်းမှာကို ECMWF အနေနဲ့ပြောမယ်ဆိုရင် လှိုင်းအမြင့်က စစ်တွေကမ်းနား၊ နောက်ပြီး ဖရုံကာကျွန်း၊ ကျောက်ဖြူ တွေမှာ ဆို ပေ ၂၀ ကျော်တယ်။ အဲ့တော့ စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ ငပလီ ဒီနေရာတွေ အကုန်လုံးက ထိနိုင် တယ်။ နောက်တစ်ခုက အောက်ဘက်က ဧရာဝတီအနောက်ဘက်ကမ်းရိုးတန်း ချောင်းသာတို့၊ ငွေဆောင်တို့၊ ဂေါ်ရန်ဂျီကျွန်းတို့ အဲ့ဒီနေရာတွေကလည်း မုန်တိုင်းအရှိန်သက်ရောက်မှု လေပြင်းက ခုနပြောတဲ့ ရန်ကုန်တို့၊ ဧရာဝတီတို့ အတွင်းပိုင်းတွေထက်တော့ များမှာ”
ဆိုတော့ စစ်တွေဝန်းကျင် နေထိုင်သူတွေအတွက် ဆရာ ဘာသတိပေးချင်တာရှိလဲ?
“ အဲ့တော့ စစ်တွေကို ဗဟိုထားပြီးပြောရင် ရသေ့တောင်၊ ကျောက်ဖြူထိ ကမ်းခြေမှာရှိတဲ့သူတွေ အကုန်လုံး ဘေးလွတ်ရာကို အခုအချိန်မှာ ရှောင်သင့်ပြီ။ ရွှေ့ပြောင်းရေးတာဝန်ရှိသူတွေလည်း အခုချိန်မှာ စလုပ်သင့်ပြီ။ မုန်တိုင်းတိုက်ပြီးသွားရင် ရှာဖွေကယ်ဆယ်ရေးတွေလည်း ဆက်လုပ်ရမယ်။ အဲ့ဒါလုပ်ဖို့ကတော့ မီးသတ် တပ်ဖွဲ့နဲ့ တချို့ပရဟိတအသင်းတွေ အဆင်သင့်လုပ်ထားရမယ်။ အဲ့ဒါပြီးရင်တော့ ပြန်လည်ထူထောင်ရေး တွေလုပ်ရမှာပေါ့။ ဆိုတော့ ဒီနေ့စရွှေ့ရင် အချိန်ရသေးတယ်။ မုန်တိုင်းအချင်းကတော်တော်ကြီးနေတယ်”
(မှတ်ချက်။ ။ မုန်တိုင်းများ၏သဘောသဘာဝအရ အချိန်နှင့်အမျှလမ်းကြောင်းပြောင်းလဲသွားမှုများ အနည်းငယ်ရှိတတ်ပါသည်။ Green Way_အစိမ်းရောင်လမ်းအနေဖြင့် ယင်းကဲ့သို့ပြောင်းလဲမှုများရှိမရှိအပေါ် ဆရာဦးဝင်းနိုင်ထံ ဆက်သွယ်မေးမြန်းပြီး ဆက်တိုက်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။)
Photos Crd_U Win Naing
#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
MgMg KoKo
လွန်ခဲ့သော ၃ နှစ် ကကျောက်ဖြူ မြို့နယ် အတွင်းဒေသများမုန်တိုင်းအခြေနေလေးသိချင်ပါတယ်ဗျာ ဒီနေ့ညနေအခြေနယ်လေးပါ
ကြည်ထွန်း
လွန်ခဲ့သော ၃ နှစ် ကတနင်္သာရီတိုင်းဖက်ရောအခြေနေသိချင်ပါတယ်ခင်ဗျ။
U Zwel Mhan
လွန်ခဲ့သော ၃ နှစ် ကဧရာဝတီတိုင်း အခြေအနေ ဆွေးနွေးစေချင်ပါတယ် ခင်ဗျာ
ဦးသိန်းမင်း
လွန်ခဲ့သော ၃ နှစ် ကတောင်ငူ.အခြေနေ.ဆွေးနွေးပေးပါ
အမာဂျစ်ဆင်
လွန်ခဲ့သော ၃ နှစ် ကမန်းလေးမှာမိုးရွားမှာလားဆရာ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026