အစိမ်းရောင်လမ်း
မုန်တိုင်းအထိနိုင်ဆုံးနေရာများနှင့် လမ်းကြောင်း Update (ဆရာဦးဝင်းနိုင် ခန့်မှန်းချက်)

မုန်တိုင်းအထိနိုင်ဆုံးနေရာများနှင့် လမ်းကြောင်း Update (ဆရာဦးဝင်းနိုင် ခန့်မှန်းချက်)

“ ဒီနေ့ update လမ်းကြောင်းအတိုင်းဆိုရင် ငဝန်မြစ်၊ ပုသိမ်၊ ငပုတောကနေ ဟိုင်းကြီးကျွန်း ပင်လယ်ဝဘက်မှာ အဆိုးဆုံးဖြစ်ပါမယ်။ မေ ၁၃ - ၁၄ ဖြစ်မယ်။ ၁၄ ကတော့ target date ပါ။ ကုန်းတွင်းကိုဝင်မဲ့နေ့ပေါ့။ အဲ့ဒီနေ့မှာ ညာဘက်ခြမ်းက လေရောမိုးရော အပြင်းထန်ဆုံးဖြစ်လာမှာပါ။ လေတိုက်နှုန်း ၉၀ ကျော်အထိရှိနိုင်ပြီး ပုသိမ်အထိ ငဝန်မြစ်တွင်းဒီလှိုင်းက ၁၃ ပေလောက်အထိ ရှိသွားနိုင်ပါမယ်”

“လက်ရှိခန့်မှန်းချက်အတိုင်းဆို အဆိုးဆုံးဖြစ်သွားနိုင်တာကတော့ ဧရာဝတီတိုင်းရဲ့ မြို့တော် ပုသိမ်ပဲ။ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းတစ်လျှောက်ကလူတွေလည်း ကယ်ထုတ်ဖို့ ရွှေ့ပြောင်းဖို့အတွက် လိုပြီ။ လွတ်ရာပြောင်းဖို့ တိုင်ပင်ကြရတော့မယ်။ တစ်ပတ်ပဲ အချိန်ရှိတော့တာ။ လူဦးရေက သန်းနဲ့ချီနေတယ်”

“ နောက်တစ်ခုက မုန်တိုင်းက ပင်လယ်ကနေလာပြီးရင် ကုန်းတွင်းမုန်တိုင်း လေဖိအားနည်း အဖြစ်ပြောင်းသွားမယ်။ ဂွနဲ့ ချောင်းသာကြားကဝင်ပြီးရင် နေပြည်တော်ပျဉ်းမနားပေါ်လည်း ရောက်မယ်။ နမ့်စမ်မှာ ဂိတ်ဆုံးမှာ။ မြေပြင်အနေအထားအရ အားပျော့တာက ပိုလည်း မြန်ချင်ရင် မြန်သွားနိုင်တယ်” 

“ ကုန်းတွင်းမုန်တိုင်းဖြတ်တဲ့ဒေသတွေမှာတော့ မိုးများမယ်။ တချို့နေရာတွေ ၇ လက်မ ၈ လက်မလောက်အထိ ရွာနိုင်တယ်။ မုန်တိုင်းကုန်းတွင်းကိုဝင်ပြီး အရှေ့မြောက်ဘက်ကို ဖြတ်တဲ့အခါ ရခိုင်ရိုးမနဲ့ ပဲခူးရိုးမတွေကို ဖြတ်ရမယ့် မြေပြင်အနေအထားတွေကြာင့်တော့ မြန်မြန်အားပျော့ ပျက်ပြယ်သွားနိုင်တယ်။ ကုန်တွင်းမုန်တိုင်းအခြေအနေမှာတော့ လေပြင်းတိုက်နိုင်မယ်၊ လေပွေအကြီးစားတွေဖြစ်နိုင်တယ်၊ မိုးကြိုးတွေပစ်နိုင်တယ်၊ တောင်ကျချောင်းရေတွေကျပြီး ရေကြီးနိုင်တယ်၊ တံတားတွေကျိုးနိုင်တယ် ဆိုတဲ့ သဘာဝဘေးအန္တရာယ်ပေါင်းစုံ ဖြစ်လာနိုင်ပါတယ်။ မုန်တိုင်းတည့်ဝင်တဲ့နေရာတွေလောက်တော့ အန္တရာယ်မများဘူး။ ဉာဏ်နဲ့ယှဉ်ပြီး ဘေးလွတ်အောင် ရှောင်တတ်ကြဖို့တော့ လိုပါမယ်”

"နောက်ဆုံး Update တွေမှာက မုန်တိုင်းလမ်းကြောင်းနဲ့ အင်အားပြောင်းလဲမှု အလွန်နည်းသွားပြီ။ ကြိုတင်ခန့်မှန်း model တွေရဲ့ လမ်းကြောင်းခန့်မှန်းချက်တွေ တည်ငြိမ်လာတာ တွေ့ရတယ်” 

“ နောက်ဆုံးရတဲ့ GFS 07MAY0000Z update အရလည်း အင်အားလမ်းကြောင်းမပြောင်းတော့ဘူး ကုန်းတွင်းဝင်မဲ့နေရာတော့ မိုင် ၅၀ လောက်မြောက်ဘက်ကို တက်သွားတယ်၊ သက်ရောက်မှုကတော့ ဒီအတိုင်းပဲ ဆက်ရှိနေပါဦးမယ်” 

(မေ ၆ ရက် မနေ့ကတင်ထားသည့် အောက်ပါပို့စ်နှင့် ဆက်စပ်ဖတ်ရှုနိုင်ပါသည်)

https://greenwaymyanmar.com/posts/Weather%20forecast_May_6

 Photos Crd_U Win Naing

#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

4
U..Zaw

U..Zaw

လွန်ခဲ့သော ၃ နှစ် က

လပွတာကိုထိနိုင်လားဆရာ

Ye Lay

Ye Lay

လွန်ခဲ့သော ၃ နှစ် က

ဆရာ ဟင်္သာတမြို့အခြေနေလေးသိချင်ပါတယ်

မြင့်ခိုင်

မြင့်ခိုင်

လွန်ခဲ့သော ၃ နှစ် က

ဝါးခယ်မ​ြို.ဘက်ထိနိူင်လားဆရာ

ခင်မောင် 6ဌး

ခင်မောင် 6ဌး

လွန်ခဲ့သော ၃ နှစ် က

ဆရာ မကွေးတိုင်းသရက်ခရိုင်မင်းတုန်းမြို့နယ်အခြေအနေလေးသိပါရစေ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....