လာမည့် ၂၄ နာရီအတွင်းကစပြီး ဒေသအချို့ တွင် မိုးရွာသွန်းမှုများ ရှိလာနိုင်
တောင်တရုတ်ပင်လယ်ကနေ စပြီးဖြစ်မဲ့ လေဖိအားနည်းရပ်ဝန်းဟာ လက်ရှိမှာ ဘရူနိုင်း ဘန်ဒါ ဆရီဘာဂါဝန်နားမှာ စဖြစ်နေပြီဖြစ်ပြီး ဒီကနေစဖြစ်လာတဲ့ အရှိန်သက်ရောက်မှုတွေကြောင့် မြန်မာနိုင်ငံဒေသအချို့မှာ လာမဲ့ ၂၄ နာရီအတွင်းမှာတင် မိုးအနည်းငယ်ရွာနိုင်မှုတွေ ရှိလာမယ်လို့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က ပြောပါတယ်။
မုန်တိုင်းအဆင့်ထိဖြစ်လာနိုင်တဲ့ ဒီလေဖိအားနည်းရပ်ဝန်းလမ်းကြောင်းဟာ မြန်မာနိုင်ငံဘက်ကို ဖြတ် ကျော်ချိန်ကျရင် ယခင်ခန့်မှန်းထားတာထက် တောင်ဘက်ကို ပိုရောက်သွားပေမဲ့ သက်ရောက်မှုကတော့ ရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီအခြေအနေတွေကြောင့် ဘယ်ဒေသတွေကို ဘယ်ရက်တွေမှာ ဘယ်လိုသက်ရောက်မှုတွေရှိမလဲဆိုတာ ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။
လေဖိအားနည်းရပ်ဝန်းဖြစ်မဲ့ နောက်ဆုံးလမ်းကြောင်းအခြေအနေ ဘယ်လိုဖြစ်နေပြီလဲ?
“ နောက်ဆုံးလမ်းကြောင်းအရ သူက တောင်ဘက်ထပ်ရွေ့တယ်။ ပထမခန့်မှန်းတဲ့လမ်းကြောင်းက မြောက်လတ္တီကျု ၁၀ ဒီဂရီနဲ့ ၅ ဒီဂရီကြားပေါ့။ ကော့သောင်းနဲ့ ဖူးခက်ကြား ထိုင်းပင်လယ်ကွေ့ အလယ်လောက်ကနေ စဖြစ်ပြီး ထိုင်း-မလေးရှားနယ်စပ်မြောက်ဘက်လောက်ကနေ ကပ်ပြီး ဝင်မယ်ပေါ့။ အခုက လမ်းကြောင်းက တဖြည်းဖြည်းနဲ့ အောက်ကိုကျသွားလိုက်တာ ထိုင်း-မလေးရှား နယ်စပ်ရဲ့ တောင်ဘက်ကို ထပ်ကျပြီးတော့ မလေးရှားနိုင်ငံမြောက်ပိုင်းပေါ်ကပဲ ဖြတ်တော့တယ်။ ရောက်တာကတော့ ကပ္ပလီပင်လယ်ပြင်ကိုပဲ ရောက်မယ်။ ၃ ရက်နေ့ညမှာ ကပ္ပလီ ပင်လယ်ပြင်ကို စဝင်မှာ။ အဲ့ဒီလို စဝင်ကတည်းက ထားဝယ်၊ မြိတ်၊ ကော့သောင်မှာ အရှေ့ဘက်က လေပြင်းတွေ စတိုက်မယ်။ ပြီးတော့မှ တိမ်ထုတွေဖြစ်လာတာကတော့ မြိတ်ရဲ့အောက်ဘက်မှာပဲ ရှိဦးမယ်။ ပြီးတော့မှ ၄ ရက်နေ့ဆိုရင် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းကိုရောက်မယ်။ ပြီးရင် အနောက် ဘက်ကိုပဲ ဆက်ပြီးရွေ့မယ်။ ပြီးတော့မှ ၅ ရက်နေ့ညကျမှ ဘင်္ဂလားပင်လယ်အော် အရှေ့ တောင်ပိုင်း ပင်လယ်ပြင်ကို ရောက်မယ်။ အဲ့ဒီအချိန်ကျရင်တော့ ဖြစ်လာမယ့်တိမ်ထုတွေက ထားဝယ် အထက်ကို ရောက်လာပြီ။ နောက်ပြီးတော့မှ ကိုကိုးကျွန်းရဲ့ မြောက်ဘက် ပင်လယ်ပြင်အထိကို ထိလာပြီ။ ဧရာဝတီကမ်းရိုးတန်းဒေသတွေအထိ တိမ်ထုတွေ ထိလာပြီပေါ့”
မုန်တိုင်းအဆင့်ထိရောက်နိုင်ချေက ဘယ်တော့လောက်ဖြစ်မလဲ?

“ ၅ ရက်နေ့ညပိုင်းကနေ ၆ ရက်နေ့ဆိုရင် အနောက်ဘက် တမီနာဒူးလ်ပြည်နယ် ကမ်းခြေကို သွားပြီပေ့ါ။ ၇ ရက်နေ့ညလောက်ဆို ကမ်းခြေနား တော်တော်နီးပြီးတော့ အဲ့ဒီမှာ အားလည်း ကောင်းလာ တယ်။ ကျွန်တော်မှန်းတာတော့ ၇ ရက် ၈ ရက်လောက်မှာ ဆိုင်ကလုန်းမုန်တိုင်းအဆင့် ရောက်နိုင်တယ်။ တစ်နာရီကို မိုင် ၅၀ ကျော် ၆၀ လောက်ထိပေါ့နော်။ ပြီးရင် ၈ ရက်နေ့ညမှာ အိန္ဒိယ တောင်ပိုင်း ကမ်းခြေကို ဖြတ်ပြီးတော့ဝင်မယ်။ သီရိလင်္ကာမြောက်ပိုင်းလည်း တိုက်ရိုက်လေပြင်း တိုက်တဲ့ဒဏ်ခံရမယ်။ ခုအနေအထားကတော့ ကုန်းတွင်းဝင်တဲ့အချိန်မှာ တဖြည်းဖြည်း အားပြန် လျော့သွားမှာပေါ့။ အဲ့ဒီမှာ တစ်ခုက ၈ ရက်နေ့လောက် ကုန်းတွင်းဝင်နေတဲ့အချိန်မှာ ထိုင်းပင်လယ် ကွေ့မှာ နောက်ထပ်တစ်ခု ထပ်ဖြစ်နိုင်တာပဲ”
“ တကယ်လို့ ဖြစ်လာမယ်ဆို အဲ့ဒီကောင်ကလည်း အနောက်ဘက်ကိုပဲ ဆက်ရွေ့မှာ။ ရွေ့တဲ့ လမ်းကြောင်းကလည်း ပထမတစ်လုံးထက် တောင်ဘက်ကို ထပ်ကျတယ်။ ဆိုတော့ ကျွန်တော်တို့အပေါ် သက်ရောက်မှုတော့ နည်းနိုင်တယ်”
မိုးရွာနိုင်တဲ့အရှိန်သက်ရောက်မှုတွေက ဘယ်တော့လောက်မှာ စနိုင်လဲ?
“ ကျွန်တော်မှန်းတာအရဆို နောက်လာမယ့် ၂၄ နာရီအတွင်းမှာကို ရှမ်းပြည်နယ်တစ်ခုလုံးနီးပါး၊ ပဲခူး တိုင်း အရှေ့ခြမ်းကနေ နေပြည်တော်ထိ၊ ပြီးတော့ မွန်၊ တနင်္သာရီဘက်တွေ အဲ့ဒီတွေမှာ မိုးပါးပါး ကျနိုင်တယ်။ ရှမ်းပြည်နယ်ဘက်ကတော့ နည်းနည်းများနိုင်တယ်။ လေဖိအားနည်းရပ်ဝန်းစဖြစ်ချိန် တွန်းတဲ့တိမ်တိုက်တွေ ဝင်လာမှာမို့လို့”
“ လာမယ့် ၂၄ နာရီကနေ နောက်ထပ် ၃ ရက်အတွင်းဆိုရင်တော့ ပဲခူးတိုင်းပါလာမယ်၊ ရန်ကုန်တိုင်း ပါလာမယ်၊ ရှမ်းပြည်နယ်ပါလာမယ်၊ မွန်၊ တနင်္သာရီပါလာမယ်။ အများဆုံးကတော့ ရှမ်းပြည်နယ် အရှေ့ပိုင်း ဖြစ်မယ်။ ၁ လက်မခွဲလောက်ထိ ရွာနိုင်တယ်”
“အလယ်ပိုင်းမှာဆိုရင်တော့ ပဲခူးရိုးမတစ်လျှောက်မှာ မိုးတွေရွာနိုင်တယ်။ နောက်လာမယ့် ၃ ရက်ကနေ ၅ ရက်အတွင်းဆိုရင်လည်း ဒီလိုပဲ ဆက်ဖြစ်နေမယ်”
“ ပြီးရင် မုန်တိုင်းကုန်းတွင်းကိုဝင်မဲ့အချိန် နောက် ၅ ရက်နောက်ပိုင်းဆိုရင်တော့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်ပါမယ်။ ပဲခူးတိုင်းကတော့ အရှေ့ခြမ်းကော အနောက်ခြမ်းကော အကုန်ပါမယ်။ ရခိုင်ပြည်နယ်တောင်ပိုင်းကတော့ အများဆုံး တောင်ကုတ်အထိပဲ။ ၈ ရက် ၉ ရက်နေ့အထိလောက်ကို မိုးရွာတာတွေ၊ အရှေ့ဘက်ကနေ လေပြင်းတိုက်တာဆိုတဲ့ သက်ရောက်မှုတွေက ဆက်ရှိနေနိုင်တယ်”
ဧရာဝတီတိုင်းအနေနဲ့တော့ ဒီဇင်ဘာ ၃ - ၄ - ၅ (၃)ရက်လောက်မှာ နေသာချိန်ရှိပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ မိုးတွေ ဆက်ရွာနိုင်ကြောင်းနဲ့ ကမ်းရိုးတန်းနဲ့ နီးတဲ့ ဧရာဝတီတိုင်းဒေသတချို့မှာတော့ နေရာကွက်ပြီး မိုးများနိုင်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U san win
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါ
U Soe Mge
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးတင်ပါတယ်
Maw Maw Lwin
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးတင်ပါတယ်
Daw hkawn ja
လွန်ခဲ့သော ၃ နှစ် ကဝက် တွေကျနးမာရေးရွာထဲမှာအမြဲတမ်းသေတယ် အတာကာကွယ်မှုသိချင်တယ်
u tint lwin
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးတင်ပါတယ်
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026