နှစ်သစ်နှင့်အတူ တစ်နိုင်ငံလုံး အအေးပိုလာနိုင်
၂၀၂၃ နှစ်သစ်နဲ့အတူ မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေအပါအဝင် တစ်နိုင်ငံလုံးမှာ အအေးတွေ ပိုလာ နိုင်တယ်လို့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း သီရိလင်္ကာကျွန်းအရှေ့ဘက်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေဆဲ INVEST-98B ရဲ့ အပြင်ဘက်တိမ်တိုက်များဝင်ရောက်လာတာကြောင့် ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းဒေသအချို့မှာ ဒီဇင်ဘာ ၂၄ ရက်နဲ့ ၂၅ ရက်တွေမှာ မိုးရွာသွန်းမှုတစ်ချို့ရှိခဲ့ပြီး တစ်ချို့ ဒေသတွေမှာတော့ နေရာကွက်မိုးကြီးတာတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိမှာ အဲ့ဒီ INVEST-98B ဟာ အာရေဗျပင်လယ်ထဲကို ရောက်သွားပြီဖြစ်လို့ လတ်တလောမှာ ဒါမျိုးတွေ ထပ်ဖြစ်နိုင်စရာမရှိတော့ဘူး လို့လည်း ဦးဝင်းနိုင်က သုံးသပ်ပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။
နောက်ဆုံးမိုးလေဝသအခြေအနေတွေက ဘယ်လိုဖြစ်နေလဲ?

“ 98 B ကတော့ အာရေဗျပင်လယ်ထဲကို ရောက်သွားပြီ။ ဆိုတော့ သူဟာသူ မုန်တိုင်းဆက်ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ကျွန်တော်တို့အပေါ် သက်ရောက်မှုက လုံးဝမရှိတော့ဘူးပေါ့။ ပင်လယ်ခြားသွားတာကိုး။ အဲ့ဒါက တစ်ပိုင်းပေါ့။ နောက်တစ်ခုက မုတ်သုံမျဉ်းက အီကွေတာအောက်ကို ဆင်းသွားပြီ။ ဆိုတော့ တောင်ဘက်ခြမ်းမှာပဲ မုန်တိုင်းတွေ ဆက်ဖြစ်တော့မယ်။ ကျွန်တော်တို့ အပေါ်ပိုင်းကတော့ ပိုပြီးတော့ အေးလာဖို့ပဲ ရှိတော့တယ်။ ဒီနေ့ မနက်ကနေစပြီးတော့ နည်းနည်းချင်း နည်းနည်းချင်း အပူချိန်ကတော့ ကျလာပြီ။ ၃၀၊ ၃၁ လောက်ဆိုရင် ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတွေက ၁၉၊ ၁၈ လောက်ထိ အပူချိန် ကျလာ လိမ့်မယ်။ ကျန်တဲ့ ရှမ်းပြည်နယ်တို့ ဘာတို့က အအေးပိုလာမှာတော့ ကျိန်းသေတယ်လေ”
“ တစ်ခုပဲ ရှိတယ်။ ကျွန်တော်တို့ မြောက်ပိုင်းကနေ ဝင်လာမဲ့တိမ်ရယ်၊ အာရေဗျပင်လယ်ဘက်ကို ရောက်သွား တဲ့ 98B ကြောင့်ဖြစ်လာတဲ့ လေစီးကြောင်းက တွန်းပို့တာတွေ ရယ်ကြောင့်မို့လို့ ကျွန်တော်တို့ မြောက်ပိုင်း ကချင်ပြည်နယ်မှာ မိုးရွာနိုင်တယ်။ နှင်းမိုးလိုမျိုးပေါ့။ ဒါပေမဲ့ အများကြီးတော့ မဟုတ်ဘူး။ ဒါလည်း ဇန်နဝါရီလဆန်း ၁ ရက်၊ ၂ ရက်လောက်ထိပဲ။ အဲ့ဒီနောက်ပိုင်းကျရင်တော့ အအေးထပ်ပြီး ပိုလာမှာပဲ။ အဲ့တော့ ကျွန်တော်မှန်းတာကတော့ ဇန်နဝါရီလဆန်း ၁ ပတ်လောက်အထိကတော့ အအေးပိုနေနိုင်တယ်”
ပြီးခဲ့တဲ့ရက်တွေတုန်းကလို မိုးတွေရွာလာနိုင်တာမျိုး ရှိနိုင်သေးလား?
“ အဲ့လိုမျိုးကတော့ မရှိတော့ဘူး။ အခုလောလောဆယ်ကတော့ ဒီအောက်ဘက်မှာ INVEST system (လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ချေ စောင့်ကြည့်ဧရိယာ) ဖြစ်လာဖို့ ဘာညာမတွေ့တော့ဘူး။ နောက် တစ်ခုက မုတ်သုံမျဉ်းကလည်း တောင်ဘက်ကိုဆင်းသွားပြီ။ ဆိုတော့ တောင်ဘက်ကို မုတ်သုံရာသီ စမယ်။ မြောက်ဘက်ကို ဆောင်းရာသီစမယ်။ ဒါ ပုံမှန်ပဲ”
ထူးထူးခြားခြားဖြစ်နိုင်ချေတွေထဲက ပြောချင်တာ ဘာရှိသေးလဲ?
“ အခုလာနီညာက ဖေဖော်ဝါရီလောက်ထိ ရှိနေဦးမှာဆိုတော့ အစွန်းရောက်ရာသီဥတုက ဇန်နဝါရီလ ကုန်လောက်ထိ ဆက်သွားနိုင်တယ်။ ဆိုတော့ ကျွန်တော်တို့အပေါ်ကျတော့ မိုးရွာနိုင်တဲ့ အနေအထား မျိုးကတော့ မရှိတော့ဘူး။ အအေးပိုလာဖို့တော့ရှိလိမ့်မယ်။ အအေးလှိုင်းကျမကျမျိုးကတော့ ဆက်စောင့်ကြည့်ရမှာပေါ့”
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ULaDoi
လွန်ခဲ့သော ၃ နှစ် ကအခုနွေမရောက်သေးပယ်မယ့်ရေတွေကအတော်ခန်းနေပြီလေးဒါတွေဟာစိတ်ပူစရာပ။
ULaDoi
လွန်ခဲ့သော ၃ နှစ် ကမိုးမရွာတာကစိုက်ပျိူးတောင်သူတွေအတွက်တော့စိတ်ပူစရာပါ
U than Htike
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါ
ဆက်စပ်ဆောင်းပါးများ
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
ဆက်စပ်မေးခွန်းများ
ငါးစုံ
မောင်ရဲသူအောင် • ဖြေကြားချက် 0 ခု
ဂျင်း50သား.ကြက်သွန်ဖြူ50.အရက်ဆိ.5လိတာက...နဲ့စိမ်ထားတဲ့အရည်ကဘယ်လိုရောဂါပိုးနိင်လဲဗျ...အထူးသဖြင့်မှိုနဲ့ပတ်သက်တဲ့ရောဂါကာကွယ်နိင်လဲဆရာတို့..အဲဆေးမှိုကာကွယ်တယ်စိုပြီးသုံးနေကြလို့ပါ...
သန်းထိုက်အောင် • ဖြေကြားချက် 2 ခု
အစိမ်းလမ်း App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားမှု၊ ဝန်ထမ်း၏ ဝန်ဆောင်မှုအဆင်မပြေမှုတို့အား တာဝန်ရှိသူများမှ ခိုင်လုံစွာ ရှင်းလင်းပေးရန် တောင်းဆိုခြင်း တာဝန်ရှိသူများ (အစိမ်းရောင်လမ်း - Green Way Myanmar) ကျနော်အစိမ်းရောင်လမ်း App ကို ပုံမှန်ကြည့်ရှုအသုံးပြုနေသူတစ်ဦး ဖြစ်ပါသည်။ ယနေ့ ၁၈ ရက် ၈ လ ၂၀၂၆ ရက်၊ မွန်းလွဲ ၂:၂၅ နာရီဝန်းကျင်တွင် App ပေါ်၌ ဖော်ပြထားသော မာလာမြိုင် မန်ကိုဇက် ၈၀% WP (၁ ကီလိုလျှင် ၂၀,၁၀၀ ကျပ်) ဈေးနှုန်းကို တွေ့ရှိ၍ ဖုန်းနံပါတ် 09-799993322 သို့ ဆက်သွယ်ဝယ်ယူခဲ့ပါသည်။ သို့သော် ဖုန်းဆက်သွယ်မေးမြန်းသည့်အခါတွင် - ၁။ ဈေးနှုန်းလွဲမှားမှု - App တွင် ဖော်ပြထားသည့် ဈေးနှုန်း (၂၀,၁၀၀ ကျပ်) နှင့်မတူဘဲ ဈေးနှုန်း သုံးသောင်းကျော် ဖြစ်နေခြင်း။ ၂။ ဝန်ထမ်း၏ ဝန်ဆောင်မှု ပေါ့ဆမှု - နောက်တစ်ကြိမ် ထပ်မံဆက်သွယ်ရာတွင် "မင်္ဂလာပါ မာလာမြိုင်ကပါ" ဟု ပြောပြီးနောက် "အစိမ်းရောင်လမ်းကပါ" ဟု အကြောင်းပြန်ပြောစဉ် ဖုန်းကို ရုတ်တရက် ဒီဇိုင်းအတင်း ချသွားခဲ့ခြင်း။ စသည့် အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။ သုံးစွဲသူ တောင်သူထု/အသုံးပြုသူများဘက်မှ App ပေါ်တွင် တင်ထားသော အချက်အလက်များကို ယုံကြည်၍ ဆက်သွယ်ရခြင်း ဖြစ်သော်လည်း ကုမ္ပဏီ၏ အပြောနှင့်အလုပ် မညီညွတ်ခြင်း၊ ဝန်ထမ်းများ၏ မလေးမစား ပြုမူဆက်ဆံခြင်း၊ App ပေါ်တွင် ကိုက်ညီမှုမရှိသော သတင်းအချက်အလက်နှင့် ဈေးနှုန်းများ တင်ပြထားခြင်းတို့ကြောင့် များစွာ စိတ်ပျက်ရပါသည်။ သို့ပါ၍ ဤဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့် - App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားနေရသည့် အကြောင်းအရင်း၊ ဝန်ထမ်း၏ မလျော်ကန်သော ပြောဆိုပြုမူမှုတို့နှင့် ပတ်သက်၍ ခိုင်လုံသော အချက်အလက်များဖြင့် စနစ်တကျ ပြန်လည်ရှင်းလင်း အကြောင်းပြန်ပေးပါရန် တောင်းဆိုအပ်ပါသည်။ အကယ်၍ ဤကိစ္စအား ထိရောက်စွာ အကြောင်းပြန် ရှင်းလင်းပေးခြင်း မရှိပါက ပလက်ဖောင်းအသုံးပြုသူများ နစ်နာမှုမရှိစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများ (Facebook / YouTube) တွင် အထောက်အထားများနှင့်တကွ တင်ပြအသိပေးသွားမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။
TunThein • ဖြေကြားချက် 1 ခု
စပါးမှာကျရောက်တတ်တဲ့ရောဂါနှင့်ပိုးအကြောင်းလေးသိချင်လို့ပါရှင့်
Ma Tin Nilar Htun • ဖြေကြားချက် 1 ခု
ခရမ်းချဥ်ပင်များစိုက်လို့ရပြီလား
ဝင်းမင်းအောင် • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
More from Green Way
အားလုံး
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026