ဇူလိုင်လ ၁၃ ရက်မှ ဇူလိုင် ၂၆ ရက်အထိ မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းချက်
NOAA Climate Prediction Center က ဇူလိုင်-၁၃/၁၄ ရက်နေ့မှာ ထွက်လာတဲ့ MJO Phase ကြိုတင်ခန့်မှန်းချက်တွေအရ …

Week-1 (ဇူလိုင်လ ၁၃ ရက်မှ ဇူလိုင် ၁၉ ရက်အထိ) မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ ပုံမှန်ရွာသွန်းမြဲထက်လျော့နည်းနေမှာဖြစ်ပြီး မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေမှာတော့ ပုံမှန်ရွာသွန်းမြဲအတိုင်းသာရှိမယ်လို့ တွေ့ရပါတယ်။
Week-2 (ဇူလိုင် ၂၀ ရက်မှ ဇူလိုင် ၂၆ ရက်အထိ)မှာတော့ ရခိုင်ပြည်နယ်နဲ့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်မှာ မိုးပုံမှန်ရွာသွန်းမြဲအောက်လျော့နေမှာဖြစ်ပြီး ကျန်တပြည်လုံးမှာတော့ မိုးပုံမှန်ရွာသွန်းမြဲအတိုင်း ရွာနိုင်မယ်လို့ ကြိုတင်ခန့်မှန်းထားတာတွေ့ရပါတယ်။
Global Model တွေဖြစ်တဲ့ ECMWF နဲ့ GFS Model တွေမှာတော့ ဇူလိုင် ၁၆ ရက်နေ့က စပြီး အိန္ဒိယအရှေ့ဘက်ကမ်းခြေနားက လေဖိအားနည်းရပ်ဝန်းဟာ ကုန်းတွင်းကိုရွေ့လျားဝင်ရောက်သွားမှာဖြစ်ကြောင်း၊ ဇူလိုင် ၁၇ - ၁၈ ရက်နေ့တွေရဲ့နောက်ပိုင်းကစပြီး ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တွေမှာ မုတ်သုံလေအားလျော့ကျသွားကာ တပြည်လုံးအတိုင်းအတာနဲ့ မိုးအားလျော့နည်းပြီး နေ့အပူချိန်တွေ ပြန်လည်မြင့်တက်လာနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်တွေ တွေ့ရပါတယ်။

Model ကြိုတင်ခန့်မှန်းချက်များရဲ့ မိုးရွာသွန်းနိုင်ခြေမှာတော့ နောက်လာမယ့် ၅ ရက်အတွင်း ကချင်ပြည်နယ်မှာ မိုးများနိုင်ပြီး အလယ်ပိုင်းဒေသတွေမှာတော့ မိုးနည်းနေနိုင်မှာကို တွေ့ရပါတယ်။ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း၊ ရခိုင်ရိုးမ၊ ပဲခူးရိုးမ တွေပေါ်မှာတော့ မိုးအသင့်အတင့်မှ မိုးများနိုင်မှာဖြစ်ကြောင်းတွေ့ရပါတယ်။ (နောက်လာမယ့် ၅ ရက်အတွက် မိုးရေချိန်ကြိုတင်ခန့်မှန်းပုံကိုလည်း တင်ပေးထားပါတယ်)
ဇူလိုင် ၁၃ ရက်မှ ဇူလိုင် ၂၆ ရက်အထိ ရက်သတ္တပတ် ၂ ပတ်အတွင်းမှာ မိုးအားလျော့နည်းပြီး နေ့အပူချိန်ပြန်လည်မြင့်တက်လာနိုင်တာကြောင့် ကျန်းမာရေး၊ စိုက်ပျိုးရေးနဲ့ ရေလိုအပ်ချက်ရှိတဲ့ဒေသတွေမှာ ကြိုတင်ပြင်ဆင်ထားနိုင်ရန် အသိပေးတင်ပြလိုက်ပါတယ်။
ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်ရဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်တွေကတော့ ၂၉-၃၀ ဒီဂရီအထိ ပြန်ပြီး မြင့်တက်လာမှာမို့ ပျံကျမိုးတွေရွာသွန်းနိုင်မယ့်မိုးတိမ်တွေဖြစ်လာနိုင်ပြီး နေ့အပူချိန် ငွေ့ရည်ဖွဲ့မှတ် ထပ်တူကျတဲ့ဒေသတွေမှာ မိုးရနိုင်မယ့်အခြေအနေတော့ ရှိနေဆဲဖြစ်ပါတယ်။
(နိုင်ငံတကာမိုးလေဝသခန့်မှန်းဝက်ဘ်ဆိုဒ်များက ထုတ်ပြန်ချက်များကို ကိုးကားပြီး အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်သုံးသပ်သူ ဦးဝင်းနိုင်၏ ခန့်မှန်းချက်များကို ဖော်ပြခြင်းဖြစ်ပါသည်။)
(မိမိဒေသတစ်ခုချင်းစီအလိုက် မိုးလေဝသအခြေအနေများကို ဦးဝင်းနိုင်နဲ့ တိုက်ရိုက်မေးမြန်းလိုသူများအနေနဲ့ Green Way ဆော့ဝဲထဲမှာရှိတဲ့ ‘ မေးကြ၊ ဖြေကြ...ဒေသအလိုက်မိုးလေဝသ’ ဆိုတဲ့ အဖွဲ့လေးမှာ အခမဲ့ဝင်ရောက်ပြီး မေးမြန်းနိုင်ပါတယ်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မောင်လှခိုင်
လွန်ခဲ့သော ၄ နှစ် ကရခိုင်ပြည်နယ် မိုးမရွာပါလား တအားပူနေတယ် လယ်သမားတွေရေမရလို့ စပါးမစိုက်ရ
Sayar Lwin
လွန်ခဲ့သော ၄ နှစ် ကဧရာဝတီမြစ်ရေအခြေအနေခန့်မှန်းပေးပါဆရာ။ကျေးဇူးတင်ပါတယ်။
winminOo
လွန်ခဲ့သော ၄ နှစ် ကမကွေးတိုင်း စလင်းမြို့နယ်မိုးခြေအနေလေပြောပါအုံးဆရာ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဝင်းနိုင်
အားလုံး
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
04/08/2026
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
လာမည့် ၇၂ နာရီအလွန် ပဲခူးမြို့အပါအဝင် မုတ္တမကွေ့နှင့် ကပ်လျက်ဒေသများ မိုးအလွန်သည်းထန်နိုင်
28/07/2026