မုန်တိုင်းဖြစ်နိုင်ချေပျက်ပြယ်၊ လေပွေလှိုင်းအဆင့်တော့ဖြတ်မည်ဖြစ်၍ ဒေသအချို့ မိုးကြီးနိုင်
သိပ်မကြာသေးခင်ကဖြစ်ခဲ့တဲ့ မိုခါမုန်တိုင်းရဲ့ဖြတ်ခဲ့ရာလမ်းကြောင်းအတိုင်းလိုမိုး ရခိုင်ကမ်းရိုးတန်းကိုပဲ အဓိက ဒုက္ခပေးနိုင်တဲ့ နောက်ထပ်မုန်တိုင်းတစ်လုံးရဲ့ ဖြစ်နိုင်ချေကတော့ ပျက်ပြယ်သွားပြီဖြစ်ပါတယ်။
ဒီနေ့ ဇွန် ၄ ရက် မနက်အစောပိုင်း နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေအရ မုန်တိုင်းလမ်းကြောင်းဟာ ယခင်ခန့်မှန်းခဲ့တဲ့ လမ်းကြောင်းကနေ အရှေ့ဘက်ကို အတော်များများရောက်သွားတာကြောင့် ဘင်္ဂလားပင်လယ်အော် ရေပြင်ကျယ်ဘက်ကိုရောက်မသွားတော့ဘဲ ကုန်းတွင်းလေပွေလှိုင်းအဖြစ်သာ မြောက်ဘက်ကို ဆက်လက်ဝင်ရောက်သွားတာဖြစ်တယ်လို့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသ ခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောထားပါတယ်။
“ မုန်တိုင်းကတော့ မဖြစ်နိုင်တော့ဘူး။ လမ်းကြောင်းကလည်း အနောက်လေ၊ အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းနေတယ်ပေါ့။ အဲ့ဒီလို အခြေအနေမျိုးဖြစ်နေတဲ့အတွက် လမ်းကြောင်းက ပင်လယ်ပြင်ဘက်ကိုတော့ ပြန်မထွက်နိုင်တော့ဘူး” လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။

ဒီမုန်တိုင်းဖြစ်တည်လာတဲ့အကြောင်းရင်းဟာ အရှေ့မြောက်လေစီးကြောင်းနဲ့ အနောက်တောင်မုတ်သုံလေ နှစ်ခုပေါင်းလာတာကြောင့်ဖြစ်ပြီး ဒီနှစ်ခုထဲက တစ်ခုခုပျက်ရင်ပျက်၊ မပျက်ရင်လည်း တစ်ခုခုအားကောင်းလာမှ သာ ပျက်သွားနိုင်တယ်လို့ ဦးဝင်းနိုင်က Green Way ကို ပြောထားဖူးပြီး အခုကတော့ အနောက်တောင် မုတ်သုံလေအားကောင်းလာမှုနဲ့ အရှေ့မြောက်လေစီးကြောင်း အားပျော့သွားမှုကြောင့် အခုလို ပျက်ပြယ်သွားစေတာ ဖြစ်တယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။
မုန်တိုင်းအဖြစ်မရောက်နိုင်တော့ပေမဲ့ ကုန်းတွင်းမှာ အထက်လေပွေလှိုင်းအဖြစ်ဆက်လက်ရွေ့လျား ဝင်ရောက်မယ့်လမ်းကြောင်းရှည်တစ်ခုလုံးမှာတော့ မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး လေပြင်း တစ်နာရီ မိုင် ၃၀ အထိ တိုက်နိုင်တာ၊ အတူပါလာတဲ့ မိုးတိမ်တောင်များမှ စိုက်ဆင်းလေပြင်းကျရောက်နိုင်တာနဲ့ မိုးကြိုး အန္တရာယ်တွေအပြင် ရေကြီးနိုင်မယ့်အခြေအနေတွေလည်း ဖြစ်ပေါ်နိုင်တာကြောင့် သတိထားကြဖို့တော့ လိုမယ်လို့ ဦးဝင်းနိုင်က သတိပေးပါတယ်။
“ လေပွေလှိုင်းက မုတ်သုံလေကို ပိုပြီးအားကောင်းစေမယ်။ ကမ်းရိုးတန်းဒေသတွေအားလုံးမှာ မိုးများမယ်၊ လေပြင်း(တစ်နာရီ မိုင် ၄၀ အထိ)တိုက်မယ်။ လေပွေလှိုင်း ဇွန် ၁၂-၁၃ ရက်အထိ ဖြတ်သွားတဲ့ လမ်းကြောင်း တစ်လျှောက် မိုးများမယ်၊ တောင်ကျချောင်းရေတွေ ရုတ်တရက်ကျတာဖြစ်နိုင်တယ်၊ ရေကြီး-ရေလျှံတာ တွေအပြင် မိုးတိမ်တောင်ကြီးတွေ ဖြစ်လာတဲ့နေရာတွေမှာ မိုးကြိုးအန္တရာယ်နဲ့ လေဆင်နှာမောင်း (လေပွေအကြီးစားတွေ)ဖြစ်လာနိုင်မဲ့ အခြေအနေတွေလည်း ရှိလာနိုင်တယ်”

အထူးသဖြင့်ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ အနောက်ဘက်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း၊ တနင်္သာရီ ကမ်းရိုးတန်းတွေနဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်တွေမှာ မိုးများနိုင်တယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။
“ ဒီနေ့ကနေ ဇွန် ၁၂ ရက်အထိ ၁၀ ရက်အတွင်းမှာဆိုရင် တနင်္သာရီကမ်းရိုးတန်းနဲ့ အနောက်ဘက်ကမ်းရိုးတန်းတွေမှာ မိုးရေချိန် ၂၀ လက်မလောက်ထိကို ရွာနိုင်တယ်။ ကယားပြည်နယ်၊ မွန်ပြည်နယ်မှာက ၁၀ လက်မ အထိ ရွာနိုင်တယ်။ ရန်ကုန်တိုင်းမှာလည်း ၈ လက်မလောက်ထိ ရွာနိုင်တယ်။ အလယ်ပိုင်းမိုးနည်းရေရှားဒေသ တွေဖြစ်တဲ့ စစ်ကိုင်း၊ မကွေး အဲ့ဒီနေရာတွေမှာတောင်မှ ၅ လက်မအထက်လောက်ထိရွာနိုင်တယ်။ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မန္တလေးတိုင်း အထက်ပိုင်းဒေသတွေမှာဆို ၇ လက်အထိ ရွာနိုင်တယ်”
မိုးနည်းမယ့်ဒေသတွေဆိုလို့ ချင်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်တွေလောက်သာရှိနိုင်ပေမဲ့ အဲ့ဒီ နေရာတွေတောင် နည်းတယ်ဆိုပေမဲ့ ၃ လက်မလောက်ထိတော့ ရွာနိုင်တယ်လို့လည်း ဦးဝင်းနိုင်က ပြောပါတယ်။
လက်ရှိအနေအထားတွေအရ မိုးဦးကောင်းနိုင်ပြီး မိုးလယ်အထိလဲ ကောင်းနိုင်သေးကြောင်းနဲ့ ဩဂုတ်လ နောက်ပိုင်း မိုးနှောင်းပိုင်းမှာတော့ အယ်လ်နီညိုကြောင့် မိုးနည်းသွားနိုင်တယ်လို့လည်း ဦးဝင်းနိုင်က ခန့်မှန်းပြောကြားပါတယ်။
Photos Crd_ U Win Naing
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026