အစိမ်းရောင်လမ်း
လေပွေလှိုင်းအရှိန်ကြောင့် မိုးများ စရွာနေပြီဖြစ်ပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းများ ဆက်လာမည်

လေပွေလှိုင်းအရှိန်ကြောင့် မိုးများ စရွာနေပြီဖြစ်ပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းများ ဆက်လာမည်

ထိုင်းပင်လယ်ကွေ့ကနေ ကပ္ပလီပင်လယ်ဘက်ကို ဖြတ်ဝင်နေတဲ့ လေပွေလှိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွေမှာ မိုးရွာသွန်းမှုများ စတင်နေပြီဖြစ်ပြီး နောက် ၁ ရက်ကနေ ၃ ရက်အတွင်း ဆိုရင်တော့ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းတွေမှာပါ မိုးတွေရွာလာမှာဖြစ်တယ်လို့ နိုင်ငံတကာမိုးလေဝသ ထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။ 

မနေ့ညပိုင်းက စတင်ဖြစ်ပေါ်ခဲ့တဲ့ Upper Air Cyclonic Circulation - UACC(လေပွေလှိုင်း)ဟာ ထိုင်းပင်လယ် ကွေ့ကနေ ကပ္ပလီပင်လယ်ပြင်ဘက်ကို တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့အနီးကနေ ဖြတ်ကျော်ဝင်ရောက်ရန် အနောက်ဘက်ကို ရွေ့လျားနေတာဖြစ်တယ်လို့ သိရပါတယ်။

ဒီအရှိန်ကြောင့် ဒေသအများအပြားမှာ မိုးရွာသွန်းနိုင်မှုတွေဟာ ယခုလကုန်ပိုင်းထိ ရှိနေနိုင်တာဖြစ်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။ အဲ့ဒီလိုမိုးရွာနိုင်တဲ့အခြေအနေတွေနဲ့ပတ်သက်လို့ ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။

လက်ရှိ လေပွေလှိုင်းအခြေအနေက ဘယ်လိုဖြစ်နေပြီလဲ?

“ သူက လမ်းကြောင်းဖြတ်တာကတော့ အက်ဒမန်ကျွန်းနဲ့ ကိုကိုးကျွန်းကြားထဲကနေပြီးတော့ ဖြတ်ထွက်မှာပေါ့နော်။ အဲ့လိုမျိုးပဲ နောက်ဆုံး update မှာတွေ့ထားတယ်။ အခု ၂ နာရီ ထိုးခါနီးမှာတော့ ဘုတ်ပြင်းပေါ်ကို ရောက်နေပြီ။ ၂၅ ရက်နေ့ မနက် (မနက်ဖြန်မနက်) ၃ နာရီကနေ ၅ နာရီ လောက်ဆို ကပ္ပလီပင်လယ်ပြင်ထဲကို ရောက်ပြီ။ ဘယ်နေရာလောက်ကို ရောက်မလဲဆိုတော့ မြိတ်ရဲ့အနောက်တောင်ဘက် မိုင် ၁၄၀  လောက်ကိုရောက်လာမှာ” 

ဒီအရှိန်ကြောင့် မိုးရွာသွန်းနိုင်မှုတွေက ဘယ်လိုဖြစ်သွားနိုင်မလဲ?

“ အခုဒီလိုစပြီးသွားနေတဲ့အချိန်မှာကို တနင်္သာရီတိုင်းတစ်ခုလုံးမှာမိုးတွေရွာနေပြီဆိုပြီးပြနေပြီ။ ကော့သောင်း၊ မြိတ်၊ ထားဝယ်၊ မော်လမြိုင်အထိပေါ့။ ကရင်ပြည်နယ် မွန်ပြည်နယ်အထိပေါ့။ မိုးတွေ ရွာနေပြီ။ မိုးများတာ ကတော့ မြိတ်နဲ့ကော့သောင်းကြား မိုးများမယ်။ ပြီးတော့ ထားဝယ်မှာမိုးများမယ်။ ခု ၂၄ နာရီအတွင်း ရွာနိုင်တဲ့ အခြေအနေက ၁ လက်မလောက်ရှိတယ်။ မြိတ်နဲ့ကော့သောင်းကြားမှာတော့ ခု ၂၄ နာရီအတွင်းကို ၁ လက်မခွဲ လောက်ထိ ရွာ့မယ့်အနေအထားမျိုးတွေ့တယ်” 

နောက်ထပ် မိုးတွေဆက်ရွာနိုင်တာတွေက ဘယ်ဒေသတွေ ဖြစ်မလဲ?

“ နောက် ၂၄ နာရီကနေ ၃ ရက်အတွင်းဆိုရင်တော့ ခုန မြိတ်နဲ့ ကော့သောင်းကြားက မိုးရေချိန်က ၁ လက်မခွဲကနေ ၁.၈၅ လောက်ထိတက်လာတယ်။ ထားဝယ်မှာလည်း ၁ လက်မအောက်ကနေ ၁.၈ လောက်ထိ တက်လာတယ်။ ဆိုတော့ တနင်္သာရီတောင်ပိုင်းကတော့ မိုးဆက်များမယ်။ ပြီးရင် ပဲခူးတိုင်းအရှေ့ခြမ်း၊ အနောက်ခြမ်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း တွေမှာ မိုးများလာမယ်။ ပြီးတော့မှ ကယားပြည်နယ်။ အဲ့မှာတော့ အရမ်းမများဘူး။ ၀.၅ လောက်ပဲ။ ပြီးရင် ရှမ်းပြည်နယ် အရှေ့ခြမ်း တာချီလိတ်အဖျားထိ မိုးရွာနိုင်တယ်။ ရှမ်းပြည်နယ်တောင်ပိုင်းကတော့ နမ့်စမ်နဲ့ မိုင်းရှူးအထိပဲ။ အလယ်ပိုင်းကတော့ အဲ့ဒီအချိန်အတွင်း မရောက်သေးဘူး” 

“ နောက် ၅ ရက်လောက်ကျတော့မှ မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ ညောင်ဦး အဲ့ဒီနေရာတွေကို ရောက်လာ မယ်။ ၅ ရက် ကနေ ၁၀ ရက်အတွင်းဆိုရင် မန္တလေးတို့ဘာတို့ကတော့ တော်တော်ပါးပါးလေးလောက်ပဲ။ ရှမ်းပြည်နယ် မြောက်ပိုင်းကလည်း လားရှိုးအထိ ပါလာတယ်။ ပြီးတော့မှ ချင်းပြည်နယ်တောင်ပိုင်းအထိ မိုးရောက်လာတယ်။ ရခိုင်ပြည်နယ်ကတော့ တောင်ပိုင်းပဲပါမယ်။ ကျောက်ဖြူ၊ အမ်းအထိလောက်ပဲ မိုးများမယ်။ မြောက်ပိုင်း စစ်တွေတို့ မြောက်ဦးတို့ဘက်တော့ မများဘူး” 

#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)

Photos Crd_ U Win Naing

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

7
thein htun kain

thein htun kain

လွန်ခဲ့သော ၃ နှစ် က

မိုင်းလပ်

UThein

UThein

လွန်ခဲ့သော ၃ နှစ် က

ကျွတော်တို့ပဲခူအရှေ့ခြမ်းဘက်ကိုဘယ်ရက်ပိုင်းလောက်မှာရွာနိုင်ခြေရှပါသလဲဖြေပေးလိုပါတယ်

မယုယုခိုင်

မယုယုခိုင်

လွန်ခဲ့သော ၃ နှစ် က

သုံးခွမြို့နယ်မှာ ရွာနိင်ပါသလား ဆရာ

တင်၀င်းလှိုင်

တင်၀င်းလှိုင်

လွန်ခဲ့သော ၃ နှစ် က

ပဲခူးတိုင်းအရှေ့မိုးရွာနိုင်မလား

ဉီးနိုင်စိုး

ဉီးနိုင်စိုး

လွန်ခဲ့သော ၃ နှစ် က

ရန်ကုန်တောင်ပိုင်းခရိုင်မှာရွာနိုင်ပါသလား

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....