လာမည့် ၃ ရက်အတွင်း ကချင်မြောက်ဖျားမှလွဲ၍ ကျန်ဒေသများ မိုးမများနိုင်
လာမယ့် ၃ ရက်အတွင်း မိုးရွာသွန်းမှုအချို့ ရှိနေနိုင်သေးပေမယ့် ကချင်ပြည်နယ် မြောက်ဖျားပိုင်းကလွဲလို့ ကျန်ဒေသတွေမှာ များများစားစားတော့ ရွာနိုင်ခြေ မရှိဘူးလို့ နိုင်ငံတကာမိုးလေဝသ ထုတ်ပြန်ချက်တွေကို ကိုးကားခန့်မှန်းသူ ဦးဝင်းနိုင်က ကြိုတင်ခန့်မှန်းပါတယ်။
လာမယ့် ၃ ရက်အတွင်း မိုးလေဝသအခြေအနေ၊ နေ့အပူချိန် ညအပူချိန် အခြေအနေတွေနဲ့ ပတ်သက်လို့ ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။
လာမယ့် ၃ ရက်အတွင်း မိုးလေဝသ အခြေအနေ
“ အခု လာမယ့် ၁၂ နာရီအတွင်းဆိုရင်တော့ ကချင်ပြည်နယ်မြောက်ဖျား နောင်မွန်းအထက်လောက်ပဲ မိုးများဖို့ရှိနေတယ်။ ကျန်တဲ့နေရာတွေမှာတော့ မိုးနည်းနည်းပါးပါးလောက်ပဲ ရှိနေမှာ။ ၂၄ နာရီအတွင်းဆိုရင်လည်း ဒီတိုင်းပဲ”
“ နောက် ၃ ရက်အတွင်းဆိုရင်တော့ ရှမ်းပြည်တောင်ပိုင်း နေရာတချို့ကလွဲရင် ကျန်တဲ့နေရာအားလုံး မှာ မိုးနည်းနည်း ပြန်များလာနိုင်တဲ့အနေအထား ရှိတယ်။ အလယ်ပိုင်းဒေသတစ်ချို့ စလင်းမြို့နယ် ပတ်ဝန်းကျင်နဲ့ ဆိပ်ဖြူဝန်းကျင်လောက်ပဲ မိုးပါးမယ်။ ကျန်တဲ့နေရာတွေထဲကဆိုရင်တော့ မွန်၊ တနင်္သာရီနဲ့ ဧရာဝတီတိုင်းတွေမှာ မိုးများများရွာနိုင်တယ်။ ကချင်ပြည်နယ်လောက်တော့ မများနိုင်ဘူး။ တစ်လက်မခွဲလောက်ပဲ။ ရန်ကုန်တိုင်းဆိုရင်လည်း တစ်လက်မ၊ တစ်လက်မခွဲလောက်ပဲ ရွာနိုင်ချေ ရှိတယ်။ လာမယ့် ၅ ရက်ကနေ ၁၀ ရက်ကြားလောက်ကျမှ တောင်တရုတ်ပင်လယ်မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်လာနိုင်တဲ့အခြေအနေကြောင့် မိုးပြန်များလာနိုင်မှာ"
လေဖိအားနည်းရပ်ဝန်းက ဘယ်အချိန်မှာ ဖြစ်လာနိုင်ချေရှိတာလဲ..

“ ၁၀ ရက်နေ့နောက်ပိုင်း ၁၂ ရက်နေ့လောက်ကျရင်တော့ တောင်တရုတ်ပင်လယ်ဘက်မှာ လေဖိအား နည်းရပ်ဝန်း တစ်ခု ဖြစ်လာနိုင်မယ့် အလားအလာရှိနေတာ။ အခုအချိန်ကတော့ လမ်းကြောင်း အခြေအနေတွေ ဘာတွေ သိပ်မသိသေးတော့ နည်းနည်းတော့ ဝေးနေသေးတယ်။ ဆိုတော့ ၁၀ ရက်နေ့ နောက်ပိုင်းလောက်ကျရင် တိမ်တွေပြန်ဖုံးပြီးတော့ အလယ်ပိုင်းဒေသတွေကာ အကုန်လုံး မိုးတွေ ပြန်များလာနိုင်မယ့် အနေအထားတစ်ခုတော့ ရှိနေတယ်"
နေ့အပူချိန်၊ ညအပူချိန်တွေအခြေအနေကော ဘယ်လိုရှိမလဲ
" ၁၂၊ ၁၃ လောက်ကျရင် မွန်၊ တနင်္သာရီ၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းထိ နေ့အပူချိန်တွေ တက်လာနိုင်မယ်။ ၃၂ လောက်ထိ တက်လာမှာ။ ရခိုင်ပြည်နယ် ဘက်ကောပဲ"
" ညအပူချိန်နဲ့ မနက်စောစောကျတော့ အလယ်ပိုင်းဘက်မှာ ၂၃ လောက်ထိ ကျတယ်။ ရန်ကုန်မှာလည်း ၂၄ လောက်ထိတော့ ကျတယ်။ ပူတာကတော့ လေစီးကြောင်းပိတ်နေလို့ ဖြစ်လိမ့်မယ်။ ထူးခြားတာက တော့ ချင်းပြည်နယ်မှာ အပူချိန်တော်တော်ကျတယ်။ ၁၃ ဒီဂရီလောက်ထိ ကျတယ်။ ရှမ်းပြည်နယ် ဘက်မှာကျ ၁၇ လောက်ထိ ဆင်းလာတယ်။ အဲ့ဒါက အထက်ဘက်က အအေးတွေက မြန်မာပြည် မြောက်ပိုင်းထိ ရောက်လာနေလို့။ ခုန မိုးများမယ်ဆိုတဲ့ နောင်မွန်းအထက်တို့ဆိုရင် အပူချိန်က ၈ ဒီဂရီ လောက်ထိ ကျနေပြီ။ အောက်တိုဘာလကုန်လောက်ထိကတော့ နေ့အပူချိန်တွေက တက်လိုက် ကျလိုက်တော့ ရှိနေဦးမှာမှာ။ ဘာလို့လဲဆိုတော့ မုတ်သုံက ဆုတ်နေပြီမို့လို့။ ဒါပေမဲ့ မုတ်သုံ ဆုတ်သွားပေမဲ့ အောက်တိုဘာလကုန်အထိတော့ လာနီညာဆက်ဖြစ်နေတဲ့ အရှိန်နဲ့ မိုးကတော့ ဆက်နေနိုင်သေးတယ်"
( ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)
Photos Crd_ U Win Naing
(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
မန်းတင်စိုး
လွန်ခဲ့သော ၃ နှစ် ကထန်ပင်ကုန်
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026