အစိမ်းရောင်လမ်း
၁၆၊ ၁၇ ရက်များတွင် မိုးရွာနိုင်၊ ဒေသအချို့ မိုးများနိုင်

၁၆၊ ၁၇ ရက်များတွင် မိုးရွာနိုင်၊ ဒေသအချို့ မိုးများနိုင်

အရှေ့ဘက်ကဝင်လာတဲ့တိမ်တိုက်တချို့ကြောင့် အခု ဖေဖော်ဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ ဒေသအချို့မှာ မိုးရွာနိုင်ပြီး အချို့နေရာတွေမှာ မိုးများနိုင်တယ်လို့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်ကစလို့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီ တိုင်းဒေသအချို့မှာ နေရာကွက်မိုးများနိုင်ပြီး ဧရာဝတီတိုင်းဒေသတချို့မှာလည်း မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်တာဖြစ်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းတာဖြစ်ပါတယ်။ အဓိက ရွာနိုင်တာကတော့ ဖေဖော်ဝါရီ ၁၇ ရက်ဖြစ်တယ်လို့ သိရပါတယ်။

“ သံတောင်ကြီးဘက်မှာတော့ မိုးများနိုင်တယ်။ ၂ လက်မကျော်လောက်ထိကို ရွာနိုင်တယ်။ Accuweather ရဲ့ခန့်မှန်းချက်အရဆို ရွာမှာသေချာသလောက်ပဲ” လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။

အဓိက မိုးများနိုင်တဲ့ဒေသတွေကတော့ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ တောင်ငူအရှေ့ဘက်၊ ဆွာ အရှေ့ဘက် စသဖြင့် ကယား၊ ကရင်နဲ့ ပဲခူးအရှေ့ ဆက်စပ်နေတဲ့ နေရာတွေဖြစ်တယ်လို့ သိရပါတယ်။ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာတော့ မိုးရွာနိုင်မဲ့အခြေအနေမရှိဘူးလို့ သိရပါတယ်။ 

လာနီညာဖြစ်စဉ်ရဲ့ အားအနည်းငယ်ကျန်နေသေးလို့ အရှေ့ဘက်ကလေတွေ ခပ်ပြင်းပြင်း တိုက်လာ တာကြောင့်  အခုလို အချိန်အခါမဟုတ် မိုးရွာခြင်းမျိုးရှိနေသေးတာဖြစ်တယ်လို့ ဦးဝင်းနိုင်က သုံးသပ် ပါတယ်။

#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၃ နှစ် က

မနက်ဖန်မိုးရွာနိုင်လား

ဦးကြည်ဝင်း

ဦးကြည်ဝင်း

လွန်ခဲ့သော ၃ နှစ် က

ဆက်ရွာနိုင်ခြေရှိပါသေးလားဖြေပေးပါအုံးခင်ဗျာ

လက်တွေ့တောင်သူ

လက်တွေ့တောင်သူ

လွန်ခဲ့သော ၃ နှစ် က

ကျောင်းကုန်းမြို့နယ်မှာရွာနေပြီ

ဒေါ်ရင်နု

ဒေါ်ရင်နု

လွန်ခဲ့သော ၃ နှစ် က

မကွေးတိုင်းမင်းဘူးမြို့နယ်ကျွန်းပြားကျေးရွာမှာဒီကနေ၁၇ ရက်မိုးရွာပြီးမိုးသီးတွေပါရွားသွားပါတယ်ခင်များ

ဦးကြည်ဝင်း

ဦးကြည်ဝင်း

လွန်ခဲ့သော ၃ နှစ် က

ဧရာဝတီတိုင်းကျောင်းကုန်းမြို့ရောရွာနိုင်ခြေရှိပါလားခင်ဗျာ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

Dr.Cho Han Kyu(CGNF)ရဲ့ Water-Solube Phosphoric Acid (WS-PA) အကြောင်းမှာ နှမ်းရိုးမီးသွေးနဲ့ ပြုလုပ်ရကြောင်းသိရပါတယ် စပါးခွံမီးသွေးနဲ့ နှမ်းရိုးမီးသွေးကဘယ်လိုကွားခြားမှု ရှိသလဲ ပြီးတော့ အရိုးမှုန့်မြေဩဇာနဲ့ နှမ်းရိုးမီးသွေးက ဘယ်လိုကွားခြားမှုရှိပါသလဲ ဆရာတို့ ကျေးဇူးပြု၍ ဖြေကြားပေးကြပါဦးခင်ဗျ

Khing Hein • ဖြေကြားချက် 1 ခု

ဆရာရေကျွန်တော်ငါးမွေးဖို့ဝါသနာပါတ့ဲသူတယောက်ပါဒါပေမ့ဲငွေကြေးရင်းနှီးဖို့အများကြီးမရင်းနှီးနိုင်ဘူးနေရာကလဲခြံထဲမှာအနံ၄ပေအလျား၁၅လောက်တော့ရှိတယ်ဘာမွေးရမလဲငါးရ့ံမွေးရင်ကောအဆင်လောက်လားအကောင်ဘယ်လောက်လောက်မွေးလို့ရမလဲဘယ်လိုပုံစံတွေလုပ်ဆောင်ကမလဲဆိုတာလမ်းညွှန်ပေးပါအုံးနော်

Nay Win • ဖြေကြားချက် 1 ခု

ဆရာကြီးခင်ဗျ သင်ဘောစိုက်ခင်း ၇လ သား​ရှိနေပါပြီ အခု မြစ်ရေဝင်သွားလို့ ပျက်စီးသွားပါပြီး အဲ့ဒီနေရာမှာပဲ သင်္ဘောပြန်စိုက်လို့ ရမလား ရမယ်ဆိုရင်လည်း ကျနော်တို့ အလယ်ပိုင်း ဒေသမှာ သင်ဘောသည် ဘယ်လဟာစိုက်ပျိုးရန်သင့်တော်သလည်းဆိုတာလည်း ပြောပေးပါဥိးခင်ဗျာ

ကိုလတ် • ဖြေကြားချက် 1 ခု

ဘာဖြစ်တာလဲဗျ

ညီညီ • ဖြေကြားချက် 2 ခု

သဘ်ောပင် ရေနာသွားရင် ဘာလုပ်သင့်လည်း ခင်ဗျ အရွက်လေးတွေ နည်းနည်းဝါ သွားတယ် ခင်ဗျ

ကျော်ရဲအောင် • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....