ဇွန် ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးလေဝသခန့်မှန်းချက်
- အလယ်ပိုင်းဒေသများ အပူချိန်ဆက်မြင့်နေပြီး မိုးရရှိမှု လျော့နေနိုင်သေး
- ပင်လယ်ပြင်(ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းနီးရေလုပ်ငန်းလုပ်ကွက်တွေ) မှာဇွန်လ ၁၂ ရက်နေ့က စပြီး လေတိုက်နှုန်းနဲ့ လှိုင်းအမြင့်တွေ လျော့ကျသွားနိုင်
- ကျိုင်းတုံနဲ့ တာချီလိတ်ကြားမှာ အနက်တိမ်တဲ့ ငလျင်ငယ်လေးတွေ အများအပြားလှုပ်သွား

အနောက်တောင်မုတ်သုံလေက ဇွန်လ ၁၁ ရက် ညနေပိုင်းက စ ပြီး အားလျော့လာနိုင်မယ်၊ ဇွန်လ ၁၄ ရက်နဲ့ ဇွန်လ ၁၆ ရက် နောက်ပိုင်းမှာ ပြန်ပြီး အားကောင်းလာနိုင်မယ်၊ မိုးရွာသွန်းတဲ့ အခြေအနေကတော့ ပုံမှာ ပြထားတဲ့အတိုင်း ကမ်းရိုးတန်းဒေသတွေအားလုံးနဲ့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ မန္တလေးတိုင်းမြောက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ မိုးကောင်းနိုင်ပြီး ကျန်တဲ့ဒေသတွေမှာတော့ ပုံမှန်လောက်သာ ရွာသွန်းနိုင်မယ်လို့ Windy, ECMWF model ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့ရပါတယ်။
ပင်လယ်ပြင်(ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းနီးရေလုပ်ငန်းလုပ်ကွက်တွေမှာ) ဇွန်လ ၁၂ ရက်နေ့က စပြီး လေတိုက်နှုန်းနဲ့ လှိုင်းအမြင့်တွေ လျော့ကျသွားနိုင်မယ်လို့ Buoy Weather ကြိုတင်ခန့်မှန်းချက်မှာလည်း ဖေါ်ပြထားတာတွေ့ရပါတယ်။ ဇွန်လ ၁၁ ရက် နေ့လည်ပိုင်းအထိ လေတိုက်နှုန်း တစ်နာရီ ၂၁ မိုင်အထိ ရှိနိုင်ပြီး လှိုင်းအမြင့် ၇ ပေခန့်အထိ ရှိနိုင်ပါလိမ့်မယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ဇွန်လ ၁၇ ရက်အထိ လေတိုက်နှုန်းနဲ့ လှိုင်းအမြင့်တွေ လျော့ကျသွားမှာဖြစ်ကြောင်း တွေ့ရပါတယ်။
ရှမ်းပြည်နယ် အရှေ့ဘက် ကျိုင်းတုံနဲ့ တာချီလိတ် ကြားမှာ အနက်တိမ်တဲ့ ငလျင်ငယ်လေးတွေကတော့ ဒီနေ့ ဇွန်လ ၁၀ ရက်နေ့အခု post ရေးချိန်အထိ မြန်မာနိုင်ငံအတွင်းမှာ ၈ ကြိမ်နဲ့ ထိုင်းနိုင်ငံ ဇင်းမယ်မြို့အနီးမှာ ၁ ကြိမ်၊ စုစုပေါင်း ၉ ကြိမ်ထပ်လှုပ်သွားတာတွေ့ရပါတယ်။ ဒါကလဲ ဖြစ်လာနိုင်ခြေရှိတဲ့ သဘာဝဘေးအန္တရာယ်တစ်ခုအတွက် သတိထားရမှာဖြစ်လို့ မိုးလေဝသကြိုတင်ခန့်မှန်းနဲ့အတူ တင်ပြပေးလိုက်ပါတယ်။
(ဒီနေ့ညနေ ၄ နာရီ update အရ လှုပ်ခတ်မှု ၁၀ ကြိမ်ရှိပြီဖြစ်)
မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ မိုးရနိုင်ခြေရှိမရှိခန့်မှန်းချက်
“ အပူချိန်ကကျတယ်ဆိုပေမယ့်လို့ အလယ်ပိုင်းကတော့ မကျဘူး။ ဆိုပါတော့ ဒီနေ့ ညနေ ၄ နာရီ၊ ၅ နာရီထိုးတာတောင်မှ အပူချိန်က ၂၉ ဒီဂရီနဲ့ ၃၀ ကျော်မှာ ရှိနေတယ်။ ယင်းမာပင်တို့၊ ပုလဲတို့ မြိုင်တို့၊ ပေါက်တို့ နေရာမျိုးပေါ့နော်”
“ အလယ်ပိုင်းမိုးရနိုင်တဲ့အခြေအနေကတော့ နည်းနည်းတော့ နည်းသေးတယ်။ အဓိကကတော့ အပူချိန်တက်နေတာပေါ့နော်။ Dew point (ငွေ့ရည်ဖွဲ့မှတ်) ရောက်အောင်ပြန်မကျဘူး။ ဒါပေမဲ့ ညပိုင်းနဲ့ မနက်ပိုင်းတွေမှာတော့ အပူချိန် ၂၇ လောက်ထိ ကျသွားရင်တော့ မိုးရွာနိုင်တဲ့အခြေအနေရှိတယ်။ အဲ့ဒီနေရာတွေရဲ့ Dew point က ၂၅ ဖြစ်နေတာကိုး။ အဲ့တော့ ၂၇၊ ၂၆ လောက်ထိ ကျလို့ရှိရင်တော့ ညပိုင်းနဲ့မနက်အစောပိုင်းအချိန်တွေဖြစ်မယ်၊ တိမ်တွေလည်း ဖြစ်မယ်ဆိုရင်တော့ မိုးရွာနိုင်တယ်။ မိုးနည်းရေရှားဒေသအကုန်လုံးပေါ့။ ညောင်ဦးအထက်၊ မကွေးတိုင်းအထက်ပိုင်း၊ စစ်ကိုင်းတိုင်းတောင်ပိုင်း အဲ့ဒီနေရာတွေပေါ့။ စစ်ကိုင်းတိုင်းမြောက်ပိုင်းကတော့ သူ့ဟာသူ မိုးများနေတယ်။ မိုးရှိနေတယ်ပေါ့”
( နိုင်ငံတကာမိုးလေဝသကြိုတင်ခန့်မှန်းချက်များကို ကိုးကားပြီး အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်သုံးသပ်သူ ဦးဝင်းနိုင်၏ ကြိုတင်ခန့်မှန်းချက်ဖြစ်ပါသည်။)
Photo Crd - Win Naing FB
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးဝင်းအောင်
လွန်ခဲ့သော ၄ နှစ် ကဇွန်လ2022ခုနှစ်အတွက်နေ့စဥ်မြစ်ရေတိုင်းထွာချက်နှင့်ခန့်မှန်းချက်ကိုတင်ပြပေးပါခဗျာကျေးးဇူးပါခဗျာ
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....