တစ်ပတ်အတွင်း မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းချက် (ဇွန် ၈ - ၁၄ )
- ကပ္ပလီပင်လယ်၊ ဘင်္ဂလားပင်လယ်အော်တွေမှာ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းဖြစ်ပေါ်နိုင်မယ့် အခြေအနေမရှိ။
- မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ ရွာသွန်းမြဲမိုးရေချိန်အောက်သာ ရှိနေနိုင်ပြီး နေ့အပူချိန်များ ဆက်လက်မြင့်တက်နိုင်
- နောက် ၃ ရက်အတွင်း အလယ်ပိုင်းဒေသများ၊ ချင်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာ မိုးအားလျော့နည်းနိုင်
ရာသီဥတု ကြိုတင်ခန့်မှန်းမှာ လာနီညာဖြစ်စဉ်ဆက်လက်ဖြစ်ပေါ်နေဆဲ အခြေအနေအရ အာရှတိုက်အရှေ့ပိုင်းနဲ့ ထိုင်ဝမ်မြောက်ပိုင်းဒေသတွေမှာ နေရာအနှံ့အပြားမိုးရွာသွန်းနိုင်ခြေ ဆက်လက်ရှိနေပေမဲ့ တောင်အာရှဒေသတွေအတွက်တော့ မုတ်သုံလေအားလျော့ကျနေနိုင်မှာဖြစ်ကြောင်း၊ တောင်တရုတ်ပင်လယ်၊ ကပ္ပလီပင်လယ်၊ ဘင်္ဂလားပင်လယ်အော်နဲ့ အာရေဗျပင်လယ်ပြင်တွေမှာ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းဖြစ်ပေါ်နိုင်မယ့် အခြေအနေမရှိသေးကြောင်းလည်း ခန့်မှန်းချက်မှာ တွေ့ရပါတယ်။

မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေ (နေပြည်တော်ကနေ အောက်ပိုင်းတစ်လျှောက်) မှာလည်း ဇွန်လ ၁၅ ရက်မှ ၂၁ ရက် - ရက်သတ္တပတ်တစ်ပတ်အတွင်း ရွာသွန်းမြဲမိုးရေချိန်ရဲ့ ၃ ပုံ ၁ ပုံခန့်သာ ရွာသွန်းနိုင်ဖွယ်ရှိပြီး တစ်နိုင်ငံလုံးရဲ့ နေ့အပူချိန်များ ဆက်လက်မြင့်မားနေဦးမယ့် အခြေအနေရှိကြောင်း ၊ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာတော့ ဇွန်လ ၁၄ ရက်နောက်ပိုင်းမှ ပုံမှန်ရွာသွန်းမြဲ မိုးရေချိန်ပြည့်မီအောင် ရွာသွန်းနိုင်မှာဖြစ်ကြောင်း ခန့်မှန်းချက်ရှိတာကို တွေ့ရပါတယ်။

နောက် ၃ ရက်အတွင်းမှာ အလယ်ပိုင်းဒေသများ၊ ချင်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာ မိုးအားလျော့နည်းနေပြီး ကျန်ပြည်နယ်နဲ့ တိုင်းဒေသတွေမှာတော့ နေရာကွက်ပြီး မိုးကြီးနေဦးမယ်လို့လည်း ECMWF ကြိုတင်ခန့်မှန်းပုံမှာ တွေ့ရပါတယ်။
“ အလယ်ပိုင်းဒေသတွေက အပူချိန်တွေတက်လာတယ်။ ကျွန်တော် ဆားလင်းကြီးကို ဗဟိုထားပြီး အပူချိန်ကြည့်တဲ့အခါကျတော့ အလယ်ပိုင်း မိုးနည်းရေရှားဒေသပေါ့။ အဲ့ဒီနေရာတွေမှာက နေ့အပူချိန်တွေက ၃၇ ဒီဂရီထိ မြင့်လာတာတွေ့တယ်"

“ ကိုကိုးကျွန်းလေတိုက်နှုန်းအခြေအနေကို သွားပြီးလေ့လာတဲ့အခါကျတော့ ဇွန် ၁၂ ရက်နောက်ပိုင်းမှာ လေတိုက်နှုန်းကျသွားတယ်။ ဆိုတော့ ကိုကိုးကျွန်းမှာ လေအားလျော့သွားတဲ့အခါမှာ အလယ်ပိုင်းတွေမှာက နေ့အပူချိန်တွေ တက်လာမယ်”
“ အရှေ့ဘက်ကဝင်မယ့်တိမ်တိုက်အနေအထားက ဘယ်လိုဖြစ်မလဲတော့ မသိသေးဘူး။ အဲ့ဒီတစ်ချက်တော့ စောင့်ကြည့်ရမယ်။ ဒါလည်း ပြောလို့တော့မရဘူး။ အဲ့ဒီတိမ်တိုက်အနေအထားက အခုလောလော ဆယ်ကို ဗီယက်နမ်ပင်လယ်ကွေ့ပေါ့နော်။ ဟိုင်နန်ကျွန်း ပတ်ဝန်းကျင်မှာ တိမ်တိုက်ကြီးတွေဖြစ်ပြီးတော့ ကျွန်တော်တို့ ဒီဘက်ကို ရွေ့နေတဲ့ အနေ အထားရှိတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်း၊ လာအိုနဲ့ ဗီယက်နမ်မြောက်ပိုင်းကို ဖြတ်ပြီးတော့ပေါ့နော်။ အဲ့ဒီတိမ်တိုက်တွေ ဝင်လာမယ့်အနေအထားမျိုး တောက်လျှောက်ဖြစ်နေမယ်ဆိုရင် တော့ အလယ်ပိုင်းဒေသတွေ အပူချိန်ပြန်ကျမယ်။ မိုးရွာနိုင်တဲ့အနေအထားမျိုးတော့ဖြစ်မယ် "
( NOAA Climate Prediction Center ရဲ့ Global Tropics Hazards and Benefits Outlook Discussion ၏ ကြိုတင်ခန့်မှန်းချက်အပါအဝင် နိုင်ငံတကာမိုးလေဝသကြိုတင်ခန့်မှန်းချက်များကို ကိုးကားပြီး အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်သုံးသပ်သူ ဦးဝင်းနိုင်၏ ကြိုတင်ခန့်မှန်းချက်ဖြစ်ပါသည်။)
Photo Crd - Win Naing FB
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ko
လွန်ခဲ့သော ၄ နှစ် ကgood💖
ဆက်စပ်ဆောင်းပါးများ
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
ဆက်စပ်မေးခွန်းများ
ငါးစုံ
မောင်ရဲသူအောင် • ဖြေကြားချက် 0 ခု
ဂျင်း50သား.ကြက်သွန်ဖြူ50.အရက်ဆိ.5လိတာက...နဲ့စိမ်ထားတဲ့အရည်ကဘယ်လိုရောဂါပိုးနိင်လဲဗျ...အထူးသဖြင့်မှိုနဲ့ပတ်သက်တဲ့ရောဂါကာကွယ်နိင်လဲဆရာတို့..အဲဆေးမှိုကာကွယ်တယ်စိုပြီးသုံးနေကြလို့ပါ...
သန်းထိုက်အောင် • ဖြေကြားချက် 2 ခု
အစိမ်းလမ်း App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားမှု၊ ဝန်ထမ်း၏ ဝန်ဆောင်မှုအဆင်မပြေမှုတို့အား တာဝန်ရှိသူများမှ ခိုင်လုံစွာ ရှင်းလင်းပေးရန် တောင်းဆိုခြင်း တာဝန်ရှိသူများ (အစိမ်းရောင်လမ်း - Green Way Myanmar) ကျနော်အစိမ်းရောင်လမ်း App ကို ပုံမှန်ကြည့်ရှုအသုံးပြုနေသူတစ်ဦး ဖြစ်ပါသည်။ ယနေ့ ၁၈ ရက် ၈ လ ၂၀၂၆ ရက်၊ မွန်းလွဲ ၂:၂၅ နာရီဝန်းကျင်တွင် App ပေါ်၌ ဖော်ပြထားသော မာလာမြိုင် မန်ကိုဇက် ၈၀% WP (၁ ကီလိုလျှင် ၂၀,၁၀၀ ကျပ်) ဈေးနှုန်းကို တွေ့ရှိ၍ ဖုန်းနံပါတ် 09-799993322 သို့ ဆက်သွယ်ဝယ်ယူခဲ့ပါသည်။ သို့သော် ဖုန်းဆက်သွယ်မေးမြန်းသည့်အခါတွင် - ၁။ ဈေးနှုန်းလွဲမှားမှု - App တွင် ဖော်ပြထားသည့် ဈေးနှုန်း (၂၀,၁၀၀ ကျပ်) နှင့်မတူဘဲ ဈေးနှုန်း သုံးသောင်းကျော် ဖြစ်နေခြင်း။ ၂။ ဝန်ထမ်း၏ ဝန်ဆောင်မှု ပေါ့ဆမှု - နောက်တစ်ကြိမ် ထပ်မံဆက်သွယ်ရာတွင် "မင်္ဂလာပါ မာလာမြိုင်ကပါ" ဟု ပြောပြီးနောက် "အစိမ်းရောင်လမ်းကပါ" ဟု အကြောင်းပြန်ပြောစဉ် ဖုန်းကို ရုတ်တရက် ဒီဇိုင်းအတင်း ချသွားခဲ့ခြင်း။ စသည့် အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။ သုံးစွဲသူ တောင်သူထု/အသုံးပြုသူများဘက်မှ App ပေါ်တွင် တင်ထားသော အချက်အလက်များကို ယုံကြည်၍ ဆက်သွယ်ရခြင်း ဖြစ်သော်လည်း ကုမ္ပဏီ၏ အပြောနှင့်အလုပ် မညီညွတ်ခြင်း၊ ဝန်ထမ်းများ၏ မလေးမစား ပြုမူဆက်ဆံခြင်း၊ App ပေါ်တွင် ကိုက်ညီမှုမရှိသော သတင်းအချက်အလက်နှင့် ဈေးနှုန်းများ တင်ပြထားခြင်းတို့ကြောင့် များစွာ စိတ်ပျက်ရပါသည်။ သို့ပါ၍ ဤဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့် - App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားနေရသည့် အကြောင်းအရင်း၊ ဝန်ထမ်း၏ မလျော်ကန်သော ပြောဆိုပြုမူမှုတို့နှင့် ပတ်သက်၍ ခိုင်လုံသော အချက်အလက်များဖြင့် စနစ်တကျ ပြန်လည်ရှင်းလင်း အကြောင်းပြန်ပေးပါရန် တောင်းဆိုအပ်ပါသည်။ အကယ်၍ ဤကိစ္စအား ထိရောက်စွာ အကြောင်းပြန် ရှင်းလင်းပေးခြင်း မရှိပါက ပလက်ဖောင်းအသုံးပြုသူများ နစ်နာမှုမရှိစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများ (Facebook / YouTube) တွင် အထောက်အထားများနှင့်တကွ တင်ပြအသိပေးသွားမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။
TunThein • ဖြေကြားချက် 1 ခု
စပါးမှာကျရောက်တတ်တဲ့ရောဂါနှင့်ပိုးအကြောင်းလေးသိချင်လို့ပါရှင့်
Ma Tin Nilar Htun • ဖြေကြားချက် 1 ခု
ခရမ်းချဥ်ပင်များစိုက်လို့ရပြီလား
ဝင်းမင်းအောင် • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
More from Green Way
အားလုံး
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....