အစိမ်းရောင်လမ်း
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ(တတိယ)ဆယ်ရက်ပတ်အတွင်း မိုးလေဝသ အခြေအနေအကျဉ်းချုပ်နှင့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (ပထမ)ဆယ်ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ(တတိယ)ဆယ်ရက်ပတ်အတွင်း မိုးလေဝသ အခြေအနေအကျဉ်းချုပ်နှင့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (ပထမ)ဆယ်ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်

မိုးဇလ
မိုးဇလ Greenovator 02/02/2018

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (တတိယ) ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော မိုးလေဝသ အခြေအနေများပေါ် မူတည်၍ စိုက်ပျိုးရေးဆိုင်ရာ မိုးလေဝသ အချက်အလက်များ အကျဉ်းချုပ်ကို အောက်ပါ အတိုင်းဆန်းစစ် ဖော်ပြအပ်ပါသည်။

ဘင်္ဂလား ပင်လယ်အော် အခြေအနေ

ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ-ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာခဲ့ပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်းဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပါသည်။

မိုးရွာသွန်းမှု အခြေအနေ

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (တတိယ) ဆယ်ရက်ပတ်အတွင်း မိုးရွာသွန်းမှု အခြေအနေများမှာ-မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဇန်နဝါရီလ(တတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့ခန့်သာရှိခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဇန်နဝါရီလ(တတိယ) ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့အောက် လျော့နည်းခဲ့ကာ၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဇန်နဝါရီလ(တတိယ) ဆယ်ရက်ပတ်၏ပျမ်းမျှမိုးရေချိန်ထက်ပိုခဲ့ပါသည်။

မိုးရွာရက်များ အနေဖြင့် - တနင်္သာရီတိုင်းဒေသကြီးတွင် (၁) ရက်ခန့် မိုးရွာသွန်းခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးရွာသွန်းခြင်း မရှိခဲ့ပါ။

အမြင့််ဆုံးအပူချိန် အခြေအနေ

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ(တတိယ) ဆယ်ရက်ပတ်အတွင်း (နေ့အပူချိန်) အခြေအနေများမှာ - ဧရာဝတီ တိုင်းဒေသကြီးတွင် ဇန်နဝါရီလ(တတိယ) ဆယ်ရက်ပတ်၏ ပျမ်းမျှ အမြင့်ဆုံးအပူချိန်တို့ခန့်သာ ရှိခဲ့ပြီး ရခိုင်ပြည်နယ်တွင်(၃) ဒီဂရီဖာရင်ဟိုက်ခန့်၊ ဇန်နဝါရီလ(တတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံး အပူချိန်တို့ အောက် လျော့နည်းခဲ့ကာ၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် (၂)ဒီဂရီဖာရင်ဟိုက်မှ (၃) ဒီဂရီဖာရင်ဟိုက်အထိ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင်(၄)ဒီဂရီဖာရင်ဟိုက်မှ (၆) ဒီဂရီဖာရင်ဟိုက်အထိနှင့် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၇)ဒီဂရီဖာရင်ဟိုက်အထိ ဇန်နဝါရီလ(တတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံး အပူချိန် တို့ထက် ပိုခဲ့ပါသည်။

အနိမ့်ဆုံးအပူချိန် အခြေအနေ

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (တတိယ)ဆယ်ရက်ပတ်အတွင်း(ညအပူချိန်)အခြေအနေများမှာ-ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ဇန်နဝါရီလ(တတိယ) ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်ခန့်သာရှိခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)တွင် (၁) ဒီဂရီ ဖာရင်ဟိုက်ခန့်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် (၃) ဒီဂရီဖာရင်ဟိုက်မှ (၅) ဒီဂရီဖာရင်ဟိုက်အထိ၊ ရခိုင်ပြည်နယ်တွင် (၁၀) ဒီဂရီ ဖာရင်ဟိုက်ခန့်နှင့် ချင်းပြည်နယ်တွင် (၁၃) ဒီဂရီဖာရင်ဟိုက်ခန့် ဇန်နဝါရီလ(တတိယ) ဆယ်ရက်ပတ် ပျမ်းမျှအနိမ့်ဆုံးအပူချိန်တို့အောက်လျော့နည်းခဲ့ကာ၊ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)နှင့် ကရင်ပြည်နယ်တို့တွင် (၁) ဒီဂရီဖာရင်ဟိုက်မှ (၃) ဒီဂရီဖာရင်ဟိုက်အထိနှင့် တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် (၇) ဒီဂရီဖာရင်ဟိုက်စီ ဇန်နဝါရီလ(တတိယ) ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံး အပူချိန်တို့ထက် ပိုခဲ့ပါသည်။ 

လေထုအတွင်းရေငွေ့ပါဝင်မှု အခြေအနေ

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ(တတိယ) ဆယ်ရက်ပတ်အတွင်း(လေထုစိုထိုင်းဆ) အခြေအနေမှာ-ရန်ကုန်တိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် (၄၉ရာခိုင်နူန်း) မှ (၅၉ ရာခိုင်နူန်း)အကြား၊ ပဲခူးတိုင်းဒေသကြီး (တောင်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် (၆၀ ရာခိုင်နူန်း) မှ (၆၉ ရာခိုင်နူန်း) အကြား၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်းနှင့် အနောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၇၂ ရာခိုင်နူန်း) မှ(၇၉ ရာခိုင်နူန်း)အကြားနှင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) (၈၀ရာခိုင်နူန်း) မှ (၈၉ ရာခိုင်နူန်း) အကြားအသီးသီး ရှိခဲ့ပါသည်။

ပင်ငွေ့ရေပျံနူန်းအခြေအနေ

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (တတိယ) ဆယ်ရက်ပတ်အတွင်း (ပင်ငွေ့ရေငွေ့ပျံနူန်း) အခြေအနေများမှာ-စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကချင်ပြည်နယ်တို့တွင်(၂၄ မီလီမီတာ) မှ (၃၀ မီလီမီတာ) အတွင်း၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း) နှင့် ရခိုင်ပြည်နယ်တို့တွင် (၃၂ မီလီမီတာ) မှ (၃၉ မီလီမီတာ) အတွင်း၊ ပဲခူးတိုင်းဒေသကြီး (တောင်ပိုင်းနှင့် အရှေ့ပိုင်း) တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၄၁ မီလီမီတာ) မှ (၄၈ မီလီမီတာ) အတွင်းနှင့် ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် (၅၁ မီလီမီတာ) မှ (၅၂ မီလီမီတာ) အတွင်း အသီးသီးရှိခဲ့ပါသည်။

မြေဆီလွှာအောင်းရေအခြေအနေ

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (တတိယ) ဆယ်ရက်ပတ်အတွင်း (မြေဆီလွှာ စိုစွတ်မှု) အခြေအနေများမှာ- ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မြေဆီလွှာ အောင်းရေအခြေအနေသည် (စိုစွတ်) အခြေအနေနှင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မြေဆီလွှာအောင်းရေအခြေအနေသည် (ခြောက်သွေ့) အခြေအနေတို့တွင် အသီးသီးရှိခဲ့ပါသည်။

စိုက်ပျိုးရေးမိုးလေဝသဌာနခွဲ

x-special/nautilus-clipboard
copy
file:///home/greenovator/Downloads/Aqua-for-facebook-post.png

ကိုးကား-မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဉီးစီးဌာန

 

You

ဆက်စပ်ဆောင်းပါးများ

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....