အစိမ်းရောင်လမ်း
မုတ်သုံလေ မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်၊ လေပြင်းနှင့် မိုးကြိုးအန္တရာယ် သတိပြုရန်လို

မုတ်သုံလေ မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်၊ လေပြင်းနှင့် မိုးကြိုးအန္တရာယ် သတိပြုရန်လို

အနောက်တောင်မုတ် သုံလေသည် မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်နေပြီး မုတ်သုံဝင်ရာ လမ်းကြောင်းတစ်လျှောက် လေပြင်းနှင့် မိုးကြိုးအန္တရာယ် ဆက်လက်သတိပြုနေထိုင်ရန် ဒေါက်တာထွန်းလွင်က သတိပေးသည်။

မုတ်သုံလေဦးသည် မြန်မာနိုင်ငံတောင်ပိုင်းဒေသဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီးသို့ မေ လ ၁၂ ရက်ကစတင်ဝင်ရောက်နေပြီး အားလျော့နည်းနေကြောင်း ၎င်းကရှင်းပြသည်။

‘‘မုတ်သုံလေဦးက စဝင်နေပေမယ့် အားလျော့နေတယ်။ မိုးအားလည်း လျော့နေနိုင်တယ်။ ဒါပေမဲ့ မိုးတိမ်တောင်နဲ့လေပြင်း အန္တရာယ်ကတော့ အထူးသတိပြုရဦးမယ်။ မေလကုန်အထိ သတိထားဖို့လိုတယ်’’ ဟု ဒေါက်တာ ထွန်းလွင်က ပြောသည်။

အနောက်တောင်မုတ်သုံလေသည် မေလ ၁၆ ရက်မှ ၂၀ ရက်အတွင်း မြန်မာနိုင်ငံတောင် ပိုင်းဒေသများသို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ ထို့အပြင် မေလ ၂၁ ရက်မှ ၂၅ ရက်အတွင်း မြစ်ဝကျွန်းပေါ် ဒေသသို့လည်းကောင်း၊ မေလ ၂၆ မှ ၃၁ ရက်အ တွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့လည်းကောင်း အစဉ်လိုက်ဝင်ရောက်လာနိုင်ကြောင်း ဧပြီ ၂၈ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ မုတ်သုံလေ ဝင်ရောက်ရာ လမ်းကြောင်းတစ်လျှောက်တွင် လေထုမတည်မငြိမ်ဖြစ်ပြီး လေပြင်းကျခြင်း၊ မိုးကြိုးပစ်ခြင်းတို့ဖြစ်စေသည့် မိုးတိမ် တောင်အန္တရာယ် ရှိနေသည်။

မိုးလေဝသဆိုင်ရာ အခြား သတင်းတစ်ရပ်က မြန်မာနိုင်ငံသို့ မုန်တိုင်းဝင်ရောက်လာနိုင်ကြောင်း မေလဆန်းကစတင်၍ ထွက်ပေါ်နေသည့် ကောလာဟလသည် လူထုကြား၌ ဆက်လက် ကြီးထွားနေဆဲဖြစ် သည်။ မေလ ၂၀ ရက်နှင့် ၂၁ ရက်တွင် Roanu အမည်ရှိ ဆိုင်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံဒေသများပေါ်  ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ကြောင်း သတင်းအမှားသည် ဓာတ်ပုံများနှင့် ပျံ့နှံ့နေခြင်းဖြစ်သည်။ Roanu မုန်တိုင်းသည် ၂၀၁၆ မေလက ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းဖြစ်ပြီး သတင်းအမှားများကို မယုံကြည်ရန် ဒေါက်တာထွန်းလွင်နှင့် မိုးဇလဌာနက သတိပေးထားသည်။

ထွက်ပေါ်နေသောကော လာဟလသည်မေလ ၂၂ ရက် တွင်မြန်မာနိုင်ငံသို့ အားပြင်းထန်သော မုန်တိုင်းဝင်ရောက်နိုင်၍ တောင်ပြိုခြင်း၊ ရေကြီးခြင်း၊ လျှပ်စစ်မီးပြတ်တောက်ခြင်း၊ မြစ်ရေများ ရုတ်တရက်ကြီးခြင်းဖြစ်နိုင်ကာ ယင်းသဘာဝဘေးအန္တရာယ်ကို မြန်မာပြည်သူပြည်သားများ၏အားဖြင့် ပူးပေါင်းကာကွယ်ရန် လိုအပ်ကြောင်း၊ သတင်းအမှားများကို သတင်းဌာနအမည်ခံ လူမှုကွန်ရက်အကောင့်အချို့က ဖြန့်ဝေနေခြင်းဖြစ်သည်။

Source - 7 Days News

You

ဆက်စပ်ဆောင်းပါးများ

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....