အားအလွန်ကောင်းသောဆိုင်ကလုန်း FANI သတင်းထုတ်ပြန်ချက်
မုန်တိုင်းသတင်း
(၃၀-၄-၂၀၁၉)ရက် ည နေ (၅း၅၀) အချိန်ထုတ်ပြန်ချက်။
လွန်ခဲ့သော(၆)နာရီအတွင်းက ဆိုင်ကလုန်းမုန်တိုင်းကြီးသည် အနောက်မြောက်ဖက်သို့ 11 Knots( 13 mph) နှုန်းဖြင့် ရွေ့လျှားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ရဲ့ အ နောက်တောင်ဖက်ယွန်းယွန်း 612 Km အကွာ ပင်လယ်ပြင်ကိုရောက်ရှိနေပါတယ်။
(၃၀-၄-၂၀၁၉)ရက် ည နေ(၀၃း၃၀)နာရီအချိန်တိုင်းတာချက်အရ မုန်တိုင်း ကြီးဟာ Lat:12.8°N, Long.:85.5°E တွင် ဗဟိုပြုနေပြီး၊ ဗဟိုချက်အနီး အ များဆုံးလေတိုက်နှုန်းမှာ 90 Knots (104 mph) ခန့်ရှိနေပါတယ်။

နောက်(၂၄)နာရီအကြာတွင် မုန်တိုင်းကြီးသည် မြောက်ဖက်သို့ ထိုမှတဆင့် အရှေ့မြောက်ဖက်သို့ ဦးတည်ကာရွေ့လျှားသွားနိုင်ပါတယ်။
မုန်တိုင်းကြီးသည် အရှေ့မြောက်ဖက်သို့ သွားစဉ် အရှိန်ပိုမြန်လာကာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဖက်ကမ်းရိုးအတိုင်းရွေ့လျှားလာကာ၊ နောက်(၈၄)နာရီခန့်အကြာတွင် ကာလကတ္တားမြို့ရဲ့ အနောက်တောင်ဖက်ကမ်းခြေကိုဖြတ်ကျော်ကာ ကုန်းတွင်းသို့ ဝင်ရောက် သွားမယ်လို့ခန့်မှန်းရပါတယ်။
ကမ်းခြေကိုဖြတ်ကျော်ပြီးနောက် ၊ ကုန်းတွင်း တွင် နောက်ထပ်(၄၈)နာရီ ခန့်ကြာမျှ မုန်တိုင်းကြီးဟာ ဆက်လက် ပိုမိုအားကောင်းနေနိုင်ပြီး၊ နောက်ပိုင်းတွင် လျင်မြန်စွာ အားပျော့သွားမယ်လို့ခန့်မှန်းရပါတယ်။
(၃၀-၄-၂၀၁၉)ရက် ညသန်းကေင်ယံအချိန်မှစတင်ကာ (၃-၅-၂၀၁၉)ရက် နေ့လည်ပိုင်းအချိန်အထိ လေတိုက်နှုန်း 100 Knots (115 mph) အထက် ကျော်လွန်အောင်တိုက်ခတ်နိုင်ပြီး၊ အများဆုံးလေတိုက်နှုန်းမှာ 115 Knots(132 mph) နှုန်း နဲ့ လေပုန်းတိုက်ခတ်မှု 140 Knots (161 mph) အထိ ရှိနိုင်ပါတယ်။ မုန်တိုင်းဒီရေအမြင့် (၂၈)ပေခန့်အထိ တက်နိုင်ပါတယ်။

ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်ဖြင့် အရှေ့မြောက်ဖက်သို့ဦးတည်ရွေ့လျှားစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နဲ့ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသများ (ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မ ကေွးတိုင်းမြောက်ပိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း နဲ့ ကချင်ပြည်နယ်) တွင် မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း( တစ်နာရီ ၃၀-၄၀ မိုင်နှုန်းခန့်) နဲ့ နေရာကျဲကျဲမှစိပ်စိပ် မိုးရွာခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။
သတင်းရင်းမြစ် - ဒေါက်တာထွန်းလွင်
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....