နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၇)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
============================================
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားအသင့်အတင့် ရှိနေပါသည်။
ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “ဘီဘင်ကာ”(Bebinca)သည် တုံကင်ပင်လယ်ကွေ့သို့ ရောက်ရှိခဲ့ပြီး၊ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့(Hanoi)၏ တောင်ဘက် မိုင်(၈၀)ခန့်အကွာ ပင်လယ်ပြင်ကိုဗဟို ပြုနေပြီး၊ အနောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ကရင်ပြည်နယ်တွင် ဒေသအလိုက်နှင့် စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ ကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ် လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၁၀)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ပဲခူးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် မိုးပိုနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာပြီး၊ ခေတ္တမျှ သည်းထန်နိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ကိုးကား - မိုးဇလ
ဆက်စပ်ဆောင်းပါးများ
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ငါးစုံ
မောင်ရဲသူအောင် • ဖြေကြားချက် 0 ခု
ဂျင်း50သား.ကြက်သွန်ဖြူ50.အရက်ဆိ.5လိတာက...နဲ့စိမ်ထားတဲ့အရည်ကဘယ်လိုရောဂါပိုးနိင်လဲဗျ...အထူးသဖြင့်မှိုနဲ့ပတ်သက်တဲ့ရောဂါကာကွယ်နိင်လဲဆရာတို့..အဲဆေးမှိုကာကွယ်တယ်စိုပြီးသုံးနေကြလို့ပါ...
သန်းထိုက်အောင် • ဖြေကြားချက် 2 ခု
အစိမ်းလမ်း App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားမှု၊ ဝန်ထမ်း၏ ဝန်ဆောင်မှုအဆင်မပြေမှုတို့အား တာဝန်ရှိသူများမှ ခိုင်လုံစွာ ရှင်းလင်းပေးရန် တောင်းဆိုခြင်း တာဝန်ရှိသူများ (အစိမ်းရောင်လမ်း - Green Way Myanmar) ကျနော်အစိမ်းရောင်လမ်း App ကို ပုံမှန်ကြည့်ရှုအသုံးပြုနေသူတစ်ဦး ဖြစ်ပါသည်။ ယနေ့ ၁၈ ရက် ၈ လ ၂၀၂၆ ရက်၊ မွန်းလွဲ ၂:၂၅ နာရီဝန်းကျင်တွင် App ပေါ်၌ ဖော်ပြထားသော မာလာမြိုင် မန်ကိုဇက် ၈၀% WP (၁ ကီလိုလျှင် ၂၀,၁၀၀ ကျပ်) ဈေးနှုန်းကို တွေ့ရှိ၍ ဖုန်းနံပါတ် 09-799993322 သို့ ဆက်သွယ်ဝယ်ယူခဲ့ပါသည်။ သို့သော် ဖုန်းဆက်သွယ်မေးမြန်းသည့်အခါတွင် - ၁။ ဈေးနှုန်းလွဲမှားမှု - App တွင် ဖော်ပြထားသည့် ဈေးနှုန်း (၂၀,၁၀၀ ကျပ်) နှင့်မတူဘဲ ဈေးနှုန်း သုံးသောင်းကျော် ဖြစ်နေခြင်း။ ၂။ ဝန်ထမ်း၏ ဝန်ဆောင်မှု ပေါ့ဆမှု - နောက်တစ်ကြိမ် ထပ်မံဆက်သွယ်ရာတွင် "မင်္ဂလာပါ မာလာမြိုင်ကပါ" ဟု ပြောပြီးနောက် "အစိမ်းရောင်လမ်းကပါ" ဟု အကြောင်းပြန်ပြောစဉ် ဖုန်းကို ရုတ်တရက် ဒီဇိုင်းအတင်း ချသွားခဲ့ခြင်း။ စသည့် အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။ သုံးစွဲသူ တောင်သူထု/အသုံးပြုသူများဘက်မှ App ပေါ်တွင် တင်ထားသော အချက်အလက်များကို ယုံကြည်၍ ဆက်သွယ်ရခြင်း ဖြစ်သော်လည်း ကုမ္ပဏီ၏ အပြောနှင့်အလုပ် မညီညွတ်ခြင်း၊ ဝန်ထမ်းများ၏ မလေးမစား ပြုမူဆက်ဆံခြင်း၊ App ပေါ်တွင် ကိုက်ညီမှုမရှိသော သတင်းအချက်အလက်နှင့် ဈေးနှုန်းများ တင်ပြထားခြင်းတို့ကြောင့် များစွာ စိတ်ပျက်ရပါသည်။ သို့ပါ၍ ဤဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့် - App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားနေရသည့် အကြောင်းအရင်း၊ ဝန်ထမ်း၏ မလျော်ကန်သော ပြောဆိုပြုမူမှုတို့နှင့် ပတ်သက်၍ ခိုင်လုံသော အချက်အလက်များဖြင့် စနစ်တကျ ပြန်လည်ရှင်းလင်း အကြောင်းပြန်ပေးပါရန် တောင်းဆိုအပ်ပါသည်။ အကယ်၍ ဤကိစ္စအား ထိရောက်စွာ အကြောင်းပြန် ရှင်းလင်းပေးခြင်း မရှိပါက ပလက်ဖောင်းအသုံးပြုသူများ နစ်နာမှုမရှိစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများ (Facebook / YouTube) တွင် အထောက်အထားများနှင့်တကွ တင်ပြအသိပေးသွားမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။
TunThein • ဖြေကြားချက် 1 ခု
စပါးမှာကျရောက်တတ်တဲ့ရောဂါနှင့်ပိုးအကြောင်းလေးသိချင်လို့ပါရှင့်
Ma Tin Nilar Htun • ဖြေကြားချက် 1 ခု
ခရမ်းချဥ်ပင်များစိုက်လို့ရပြီလား
ဝင်းမင်းအောင် • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
More from မိုးဇလ
အားလုံး