အယ်လ်နီညိုအကြိုကာလအတွင်း တောင်သူများ ကြိုတင်ပြင်ဆင်ထားရမည့်အရာများနှင့် ဖြစ်နိုင်ချေများ
အယ်လ်နီညိုက ဖြစ်ပြီ/ဖြစ်နေပြီလို့ ဩစတေးလျ မိုးလေဝသဗျူရိုက ကြေညာထားပြီဖြစ်ကြောင်းကို စာရေးသူ ဆရာဦးဝင်းနိုင်ရဲ့ ဖေ့ဘုတ်စ်စာမျက်နှာမှာ post တင်ပေးထားပြီးပါပြီ။
အခု ဆောင်းပါးမှာတော့ စက်တင်ဘာလ လကုန်ပိုင်းမှာသိသာထင်ရှားလာနိုင်မဲ့ နောက်ဆက်တွဲဖြစ်ရပ်တစ်ခုကိုရှင်းပြပေးချင်ပါတယ်။ အရင်ဆုံး အယ်လ်နီညိုဖြစ်ပြီဆိုရင် ပုံမှန်အားဖြင့် အရှေ့အရပ်မှ အနောက်အရပ်ကို တိုက်ခတ်နေတဲ့ အပူပိုင်းဇုံအတွင်း(TROPICAL ZONE)ထဲက ကုန်သည်လေစီးကြောင်းကြီး အားနည်းသွားပါတယ်။ အဲ့ဒီလိုဖြစ်ရတာကလဲ အယ်လ်နီညို ကြောင့် ပိုမိုပူနွေးလာတဲ့ ပင်လယ်ပြင်ကပျံ့လွင့်တက်လာတဲ့ ရေခိုးရေငွေ့တွေကြောင့် ကုန်သည်လေစီးကြောင်းကြီးပုံမှန်စီးဆင်းနေတာကို အနှောင့်အယှက်ဖြစ်စေတဲ့ အထက်ပင့်လေစီးကြောင်းတွေ(UPDRAFTS and CONVECTIOS)ဖြစ်လာတာကြောင့်ပါပဲ။

အဲ့ဒီတော့ အယ်လ်နီညိုဖြစ်လာရင် -
ပူပြင်းပြီးခြောက်သွေ့တဲ့လေထုအခြေအနေတွေ ဖြစ်လာတာကြောင့် အစွန်းရောက်ရာသီဥတုဖြစ်စဉ်များဖြစ်ပေါ်တတ်ပါတယ်။
မိုးခေါင်ခြင်းကြောင့် စိုက်ပျိုးမြေများတွင်လိုအပ်သည့် စိုထိုင်းဆကျဆင်းပြီး သီးနှံဖြစ်ထွန်းအောင်မြင်နိုင်ခြေနည်းပါးလာခြင်းပါ ဖြစ်လာနိုင်တယ်။
ပူပြင်းပြီးမြေပြင်ခြောက်သွေ့မှုလွန်ကဲတာကြောင့် တောမီးလောင်ခြင်းတွေလည်း များလာနိုင်တယ်။ ဒီလိုအခြေအနေတွေက အခုလာမယ့် ဆောင်းရာသီက စ ပြီးဖြစ်လာနိုင်ကြောင်း NOAA က ခန့်မှန်းထားတယ်။
ကျန်းမာရေးရှုထောင့်ကကြည့်ရင်တော့ အဓိကအချက်ကြီး ၃ ခုအပေါ်မှာ သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်။
အဲ့ဒါတွေက -
- (၁)ရောဂါများပြန့်ပွားကူးစက်မှု ပြင်းထန်တတ်ခြင်း၊
- (၂)အစာရေစာငတ်မွတ်ခေါင်းပါးခြင်းနဲ့
- (၃)အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများပိုမိုများပြားလာခြင်းတွေ ဖြစ်နိုင်ကြောင်း .. စသည်ဖြင့် ဖြစ်နိုင်တာတွေကိုလေ့လာတင်ပြပေးခဲ့ပါတယ်။
🔸 တစ်ခုသိထားရမှာက ဒီအခြေအနေတွေဟာ ၂၀၂၃ ဒီဇင်ဘာလမှာ အယ်နီညိုအားအပြင်းဆုံးဖြစ်လာနိုင်ပြီး အယ်နီညိုနှစ်လို့ပြောတဲ့ ၂၀၂၄ ခုနှစ်ထဲမှာ ဖြစ်လာနိုင်မယ့် ဖြစ်ရပ်တွေဖြစ်ပါတယ်။
အခုလက်ရှိအချိန် - ၂၀၂၃ စက်တင်ဘာလတွင်း (အယ်လ်နီညိုအကြိုကာလ) ထဲမှာတော့ မိုးလွန်ကာလမိုးတွေရွာစေနိုင်မယ့် လေဖိအားနည်းရပ်ဝန်းတွေ၊ မုန်တိုင်းတွေ၊ အရှေ့လေပွေလှိုင်းတွေဖြစ်လာနိုင်ပါတယ်။
🔸 အပူပိုင်းဇုံ(TROPICAL ZONE)အတွင်း ကုန်သည်လေစီးကြောင်းကြီးအားနည်းသွားပြီး အနောက်မှအရှေ့သို့ တိုက်ခတ်နေတဲ့ အနောက်လေစီးကြောင်းအားကောင်းလာတာနဲ့ - အယ်လ်နီညိုအကြိုကာလ-မိုးနှောင်း/မိုးလွန်ကာလမှာဖြစ်လာနိုင်မယ့် အခြေအနေတွေက အခုစက်တင်ဘာလ လကုန်ပိုင်းမှာဖြစ်လာနိုင်ကြောင်း သင်္ချာပုံစံမိုးလေဝသကြိုတင်ခန့်မှန်းရေမော်ဒယ်တွေက တပြေးညီ ပြသနေကြတာလဲ တွေ့နေရပါတယ်။
အဲ့ဒီတော့ကာ
🔸 အယ်လ်နီညိုအကြိုကာလအတွင်း အရင်ဆုံးကြုံတွေ့ကြရတော့မယ့် - မိုးလွန်ကာလဖျက်မိုးတွေကြောင့် (မိုးရွာတာရပ်သွားပြီး ရိတ်သိမ်းခြွေလှေ့လုပ်ငန်းတွေလုပ်ကြရတဲ့ စပါးရိတ်သိမ်းချိန်မှာ) ရိတ်သိမ်းပြီးကောက်လှိုင်းတွေ ရေစိုကုန်တာမျိုး ဖြစ်နိုင်ပါတယ်။ရေနစ်မြုပ်ပျက်စီးတာတွေမှ လွတ်မြောက်အောင် မြေအမြင့်ပိုင်းနေရာတွေမှာ ကောက်လှိုင်းစည်းတွေရွှေ့ပြောင်းသိမ်းဆည်းဖို့ ပြင်ဆင်တာ၊ မရွှေ့ပြောင်းနိုင်တဲ့လယ်ကွင်းထဲက ကောက်လှိုင်းစည်းတွေကိုဖုံးအုပ်ကာကွယ်ပေးနိုင်မဲ့ မိုးကာစတွေကြိုတင်စီစဉ်တာ စသည်ဖြင့် .. "မိုးလွန်ကာလဖျက်မိုးအန္တရာယ်မှ ကာကွယ်နိုင်အောင် စတင်ပြင်ဆင်ကြရမယ့်အချိန်" ရောက်လာပြီဖြစ်ပါကြောင်း တောင်သူဦးကြီးတို့ကို သတိပေးလိုက်ရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
mg san
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါ
မလှလှစန်း
လွန်ခဲ့သော ၂ နှစ် ကအယ်လ်နီညိုရာသီဆိုတော့ ဆရာရေ ဧရာဝတီတိုင်ဖက်မှာ ဘယ်ပဲမျိုးတွေစိုက်သင့်ပါသလဲ စားတော်ပဲကောစိုက်လို့ရပါသလား လမ်းညွန်ပေးပါ
ကိုနိုင်
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါဆရာ
Kyaw Linn Aung
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးတင်ပါတယ်
aungko htwe
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးတင်ပါတယ်ဗျာ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဝင်းနိုင်
အားလုံး
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
04/08/2026
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
လာမည့် ၇၂ နာရီအလွန် ပဲခူးမြို့အပါအဝင် မုတ္တမကွေ့နှင့် ကပ်လျက်ဒေသများ မိုးအလွန်သည်းထန်နိုင်
28/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....