မိုးကြိုကာလရဲ့ အသံတိတ်လူသတ်သမား
မေလ(၂၃)ရက်နေ့ဟာ အပူရှိန်လူသတ်သမားရဲ့အန္တရာယ်သတိပြုရေးနေ့ (A Major Killer Heat Awareness Day) ဖြစ်ပါတယ်။ အပူရှိန် (Heat Stress) နဲ့ အပူချိန် (Temperature) တို့ဟာ မတူကွဲပြားတဲ့ လေထုရဲ့ အန္တရာယ်ဘေးဆိုင်ရာ သဘာဝတရားတွေဖြစ်ပါတယ်။ နှစ်စဉ် မတ်လတစ်ရက်နေ့မှစတင်ပြီး ဧပြီလ(၁၅)ရက်အထိကာလဟာ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကာလ ဖြစ်ပါတယ်။
ဒီကာလရဲ့ ထူးခြားချက်ကတော့ နေ့အပူချိန်တွေ တစ်နေ့ထက်တစ်နေ့မြင့်တက်လာတတ်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလို အပူချိန်တွေမြင့်တက်လာတဲ့အခါ လူရဲ့ကိုယ်က ကိုယ်အပူချိန်ကို ပြင်ပအပူချိန် နဲ့ လိုက်ပြီးကိုက်ညှိပေးရပါတယ်။ ဒါကို ကိုယ်ရှိတဲ့ Thermoregulatory System ရဲ့ Therlamus ထိန်းညှိပေးပါတယ်။ ပုံမှန်အနေနဲ့တော့ ကိုယ်အပူချိန်ကို 35.8 °C – 37.8 °C (96.5°F - 100°F) ကြားမှာ ထိန်းပေးထား နိုင်ပါတယ်။ ဒါပေမယ့် ဒီစံနစ်ကိုအားကိုးပြီးနွေခေါင်ခေါင် မွန်းတည့်ချိန် နေပူကြီးထဲမှာ အကာအကွယ်မဲ့ နေလို့ကတော့ စနစ်တိုင်းမှာ ကန့်သတ်ချက်ဆိုတာရှိနေတာကြောင့် ကိုယ်မှာခံစားလာရတဲ့ အပူချိန်ကို Therlamus က လိုက်မညှိပေးနိုင်တော့တဲ့အခါ အန္တရာယ်ရှိလာရတော့တာပါပဲ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ရဲ့ ခံစားရတဲ့အပူချိန်(Feel Temperature)နဲက ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်တွေကတော့
- Feel Temperature 27 °C – 32 °C (80°F - 90°F) Caution;
- Feel Temperature 32 °C – 41 °C (90°F - 105°F) Extreme Caution;
- Feel Temperature 41 °C – 54 °C (105°F - 130°F) Danger;
- Feel Temperature over 54 °C (over 130°F) Extreme Danger.
Danger အဆင့်တွင် ကျန်းမာရေးဆိုင်ရာ ပြဿနာများအဖြစ် heat cramps, heat exhaustion တို့အပြင် တစ်ခါတစ်ရံ heat stroke လည်းဖြစ်တတ်ပြီး၊ Extreme Danger အဆင့်တွင်တော့ Heat stroke အများဆုံး ခံစားရတတ်ကြောင်း သတိပေးဖော်ပြထားပါတယ်။ Heat Stroke ခံစားရတဲ့သူဟာ ခံနိုင်ရည်ကိုလိုက်ပြိး လေဖြတ်ခြင်းနဲ့ ဦးနှောက်သွေးကြောပြတ်ခြင်း (အရပ်အခေါ်) စတာတွေဖြစ်ပေါ်စေတတ်တဲ့အတွက် အသက်ဆုံးရှုံးတတ်ကြပါတယ်။
ဒါကြောင့်ဘဲ အပူရှိန်ကို Major Killer လို့ ခေါ်ကြခြင်းဖြစ်ပါတယ်။ နွေကာလပြီးတဲ့ ဧပြီလအလယ်ကစပြီး မုတ်သုံဝင်တဲ့နေ့အထိကာလဟာ မိုးကြိုကာလဖြစ်ပါတယ်။ မိုးကြိုကာလရဲ့ ထူးခြားချက်ကတော့ နွေလက်ကျန်အပူနဲ့ မိုးဦးအကြိုရေငွေ့တို့ အမြောက်အများ ဖြစ်ပေါ်တတ်တဲ့ ကာလဖြစ်တဲ့အတွက် မိုးကြိုကာလအတွင်း လေထုထဲမှာ ရေငွေ့အမြောက်အများပါဝင်နေတာကို နေ့စဉ်တွေ့နေရပါတယ်။ ဒီအခါ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကာလမှာ လူ့ကိုယ်က ခံစားရတဲ့အပူချိန်ဟာ လေအပူချိန်(air temperature) သက်သက်သာ ဖြစ်ပေမယ့် ရေငွေ့တွေပါနေတဲ့လေထုအတွင်းမှာတော့ လေအပူချိန်အပြင် ရေငွေ့အပူချိန်ပါ ထပ်ဆောင်းလိုက်တဲ့အတွက် လူ့ရဲ့ခံစားရတဲ့အပူချိန်ဟာ လူ့ကိုယ်ရဲ့ ခံနှိုင်ရည်ထက် ကျော်လွန်သွားလေ့ ရှိပါတယ်။ ဒီအခါမှာ မကြာခဏဆိုသလို Extreme danger level ကို ရောက်သွားတတ်ပါတယ်။
ခက်တာက Air Temperature ကို Thermometer နဲ့ အလွယ်တကူတိုင်းတာ သိရှိနှိုင်ပေမယ့် Feel Temperature ကတော့ Air Temperature နဲ့ Relative Humidity (၂)ရပ်ပေါင်းပြီးမှ တွက်ချက်ယူမှရနိုင်တဲ့ တန်ဖိုးဖြစ်တာကြောင့် အလွယ်တကူ မသိနိုင်ကြပါဘူး။ ဒါကြောင့် မသိလိုက်ရဘဲ အသက်ဆုံးရှုံးရတတ်တဲ့အတွက် အသံတိတ်လူသတ်သမား (Silent Killer) လို့ ခေါ်ခြင်းဖြစ်ပါတယ်။ အဲဒီအန္တရာယ်ဟာ အခုလို မိုးကြိုးကာလ (အပူချိန်နဲ့ ရေငွေ့ပါဝင်မှု မြင့်မားနေတဲ့ကာလ)မှာ မကြာခဏဖြစ်ပေါ်တတ်တဲ့အတွက် အသက်အန္တရာယ်ကို အမြဲခြိမ်းခြောက် နေလေ့ရှိပါတယ်။
၂၀၁၄ ခုနှစ်၊ ဧပြီလအတွင်းရန်ကုန်(ကမ္ဘာအေး)မှာ ဖြစ်ပေါ်ခဲ့တဲ့ ခံစားရတဲ့အပူချိန်တွေကို တွက်ကြည့်တဲ့အခါ ဧပြီလ(၁)ရက်မှ (၂၁)ရက်နေ့အတွင်း Extreme Danger (၁)ကြိမ် (၄-၄-၂၀၁၄) နေ့ နဲ့ Danger အဆင့်(၃)ကြိမ်(ဧပြီလ ၁၅-၁၆-၂၀ ရက်) ဖြစ်ပေါ်ခဲ့တာ ကိုတွေ့ရပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်အတွင်း ကလည်း ရန်ကုန်မြို့မှာ ဧပြီလအတွင်းက အပူချိန် 38 °C စိုထိုင်းဆ ၆၀% ရှိခဲ့ရာ ခံစားရတဲ့အပူချိန်ဟာ 55 °C ရှိခဲ့ပါတယ်။ Extreme Danger Level ပါ။ မေလ(၇)ရက်နေ့မှာတော့ အမြင့်ဆုံးနေ့အပူချိန်က 36 °C ဘဲ ရှိပါတယ်။ ဒါပေမယ့် စိုထိုင်းဆကတော့ ၉၂% အထိမြင့်တက်သွားခဲ့လို့ ခံစားရတဲ့အပူချိန်ဟာ 62 °C အထိ မြင့်တက်သွားခဲ့ပါတယ်။ Extreme Danger Level အမြင့်ဆုံးလောက်အထိရောက်သွားခဲ့ပါတယ်။ သာမာန်လူတွေတောင် မခံနိုင်လောက်တဲ့ အပူချိန်ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်မှာ အသက်ဆုံးရှုံးခံရမှုတွေရှိခဲ့ပါတယ်။
ဒီလိုဖြစ်လာရတဲ့အဓိကအကြောင်းကတော့ ရာသီဥတုပြောင်းလဲရာမှ ဖောက်ပြန်မှုတွေဖြစ်လာရလို့ပါပဲ။ ဆိုလိုတာက အရင် မုတ်သုံလေတွေပုံမှန်ရှိနေတုန်းက အခုလိုဘဲ မိုးကြိုကာလရောက်လာရင် ရေငွေ့ပါတဲ့ လေတွေဝင်လာမယ်။ အောက်ခံမြေပြင်ကအပူပေးလိုက်တော့ လေတွေဟာ အငွေ့တွေဆိုတော့ ပူရာမှ ပွ၊ ပွရာမှပေါ့လာပြီး အထက်ကို တက်ကြမယ်။ Convection ဖြစ်တယ်လို့ခေါ်ပါတယ်။ ကမ္ဘာ့မြေစပ်လေထုလွှာ(Troposphere) အတွင်း အထက်ကိုတက်လာတော့ လေအေးတွေဟာ အအေးဓာတ်ရမယ်။ ဒီတော့ အရည်ဖွဲ့ပြီးတိမ်တွေဖြစ်လာမယ်။ နောက် မိုးရွာချတော့တာပါပဲ။ ဒါဟာ မိုးကြိုကာလမှာ တွေ့ရတတ်တဲ့ မိုးလေဝသသံစဉ်တစ်ခုပါဘဲ။ အခုတော့ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် ဒီသံစဉ်ဟာ မမှန်တော့ပါဘူး။ လက်ရှိမိုးကြိုကာလအတွင်းမှာ တိမ်ဖြစ်လာပြီး မိုးမရွာတောတဲ့ ကိစ္စတွေ များများလာပါတယ်။ ဒီတော့ လူတွေဟာ မွန်းတည့်ချိန် နေပူကြီးထဲမှာ ရေငွေ့နဲ့ရေချိုးနေရသလို နေအပူ၊ လေအပူတွေအပြင် ရေငွေ့အပူပါထပ်ဆောင်းလိုက်တော့ ခံစားရတဲ့အပူချိန်တွေဟာ လူ့ကိုယ်ကခံနိုင်ရည်ကို ကျော်ကုန်တော့တာပါပဲ။ ဒါကို extreme danger ရောက်တယ်ခေါ်တာပါပဲ။
စောစောကပြောခဲ့သလို ဒီအပူချိန်က လေထဲရောက်လာတဲ့ ရေငွေ့အချိုးအဆအပေါ်မျာ အများကြီးမူတည်နေလေတော့ ရေငွေ့တွေများလေ ခံစားရတဲ့အပူချိန်က မြင့်လေဖြစ်ပါတယ်။ ဒီနှစ်ရန်ကုန်မှာက လေထုအတွင်း ရေငွေ့ပါဝင်မှုက နည်းနေပါသေးတယ်။ ၂၀၁၄ ခုနှစ် ဧပြီလမှာ ရန်ကုန်(ကမ္ဘာအေး)ရဲ့ ပျမ်းမျှအမြင့်ဆုံး အပူချိန် ဟာ 38.75 °C လောက်ရှိနေပြီး၊ ဆိုထိုင်းဆကတော့ 43% ရှိနေပါတယ်။ နေ့အပူချိန်က ဒီထက် မတက်ဘူးဘဲထားဦး။ စိုထိုင်းဆကတော့ သေချာပေါက် မုတ်သုံဝင်ကာနီးလေ တိုးလာဦးမှာ သေချာပါတယ်။

ဒီတော့ လက်ရှိရှိနေတဲ့ ဧပြီလရဲ့ပျမ်းမျှနေ့အပူချိန်ကို ထပ်မတိုးဘူးဘဲထား။ စိုထိုင်းဆကတော့ မိုးနီးလေ တိုးလေဖြစ်မှာပါပဲ။ ဒီတော့ရေငွေ့စိုထိုင်းဆကို တစ်စစနဲ့တိုးလိုက်တဲ့အခါ စိုထိုင်းဆ ၆၀% ရောက်တာနဲက ခံစားရတဲ့အပူချိန်ဟာ 57°C ရှိလာမှာဖြစ်ပြီး၊ Extreme Danger Level ကို စတင်ရောက်ရှိလာမှာဖြစ်ပါတယ်။ အဲဒီနောက် နေ့အပူချိန်မတိုးစေကာမူ စိုထိုင်းဆ-ရာခိုင်နှုန်းတိုးလေ ခံစားရတဲ့အပူချိန်ဟာ တိုးလေဖြစ်လာမှာပါ။
မိုးကြိုကာလ ကမ္ဘာအေးမှာ ဧပြီလရဲ့ နံနက်(၉)နာရီခွဲ မှာ ပျမ်းမျှ စိုထိုင်းဆ ၆၃% နဲ့ ပျမ်းမျှနေ့အပူချိန် 37.3°C ရှိနေလို့ အဲဒီတန်ဖိုးနဲ့တွက်တာတောင် ခံစားရတဲ့အပူချိန် ဟာ 55°C (130°F) ရှိတာကြောင့် Extreme Danger Level ပါဘဲ။ ဆိုလိုတာကတော့ ဧပြီလလယ်ကစပြီး မေလကုန်အထိကာလဟာ ခံစားရတဲ့ အပူချိန်တွေဟာ Extreme Danger Level ကို ရောက်နေတာကြီးပါပဲ။ အဲဒါဖြင့် အရင်က လူတွေကို Heat stroke ဖြစ်တာ ဒီလောက်မများလှပါဘူး။ အခုတလောကမှ ဒီ caseတွေ သိသိသာသာ များလာတာကဘာကြောင့်လဲ။ ဒါကတော့ ရာသီသတုဟာ အရင်လို သံစဉ်မမှန်တော့လို့ပါ။ ဘာဖြစ်သွားသလဲဆိုတော့ အရင်တုန်းက တိမ်တွေဖြစ်ပြီးရင် မိုးက မှန်မှန်ရွာတယ်။ အပူချိန်က ဒီလောက်မမြင့်ဘူး။ အခုနောက်ပိုင်း အထူးသဖြင့် ၂၀၀၆ ခုနှစ်နောက်ပိုင်းမှာ နေ့အပူချိန်တွေ တိုးလာပြီး တိမ်တွေရှိပေမယ့် မိုးကမရွာဘူး။ ဒီတော့ နေ့အပူချိန်တွေတိုးလာတာကလည်း ခံစားရတဲ့ အပူချိန်ကို တိုးလာစေတယ်။ တိမ်တွေအုံ့နေတော့လည်း လေထဲမှာရေငွေ့တွေများနေပြီး ခံစားရတဲ့အပူချိန်ကို တိုးစေတယ်။ မိုးမရွာတော့ အအေးဓာတ်ကမရတော့ပြန်တာကြောင့် တက်နေတဲ့အပူချိန်တွေဟာ ပြန်မဆင်းတော့ဘူး။ ဒီတော့ မိုးကြိုကာလဆိုရင် အခုနောက်ပိုင်း ခံစားရတဲ့ အပူချိန်တွေဟာ လွန်ကဲအဆင့်ကို ရောက်နေတာများလာပါတယ်။
အဲဒါကြောင့် အသက်ဆုံးရှုံးနှိုင်တဲ့အထိ အန္တရာယ်ပေးနိုင်တဲ့အပူဒဏ်ကြောင့် မေလ(၂၃)ရက်နေ့ကို Heat: A Major Killer Heat Awareness Day လို့ သတ်မှတ်ထားကြောင်းပါဗျာ။
(ကိုယ်ရဲ့အပူထိန်းစံနစ်အကြောင်းရှင်းပြပေးတဲ့ ငယ်သူငယ်ချင်းဒေါက်တာစိန်လှအောင်ကို ကျေးဇူးတင်ပါတယ်။)
ဒေါက်တာထွန်းလွင် (မိုးလေဝသ) ရဲ့ ဆောင်းပါးကောင်းတစ်ပုဒ်ကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
<script>alert('z34gu11');</script>
လွန်ခဲ့သော ၂ နှစ် က<b>z34gu1q</b>
<script>alert('z34gu11');</script>
လွန်ခဲ့သော ၂ နှစ် က<a href=http://test.com>z34gu11</a>
ကျော်ဌေး
လွန်ခဲ့သော ၂ နှစ် ကသစ်ပင်များများစိုက်ကျိုးကြပါစို့
ဦးအောင်ကျော်
လွန်ခဲ့သော ၂ နှစ် ကမြန်မာ့အပူချိန်ကိုလျှော့ချဖို့အားလုံးဝိုင်းဝန်းကြိုးပမ်းကြပါစို့။ ခေါင်းစဥ်ကြီးကြယ်လိုက်တာဟုမထင်စေလိုပါဖြစ်နိုင်သမျှနည်းလမ်းများကိုလေ့လာသုတေသနပြု၍ လက်တွေ့ဖြစ်နိုင်စွမ်းနည်းလမ်းကိုေဖာ်ထုတ်တင်ပြခြင်းဖြစ်ပါသည်။မြန်မာနိုင်ငံတွင်အပူဆုံးဒေသသည်၊အပူပိုင်းဒေသ(Dry zone)ဖြစ်ပြီး မန္တလေး၊မကွေးနှင့်စစ်ကိုင်းတိုင်းဒေသကြီးများတွင်ပါဝင်သော(၅၄)မြို့နယ်ဖြစ်ပါသည်။ Dry zone ၏ပူပြင်း ေချာက် ေသွ့ ရ ေသာလာသမိုင်းကြောင်းမှာလွန်ခဲ့သောနှစ်ပေါင်း ၂၅သန်းခန့်ကပုပ္ပါးမီးတောင်ကြီးပေါက်ကွဲပြီးDry zone အတွင်းကျရောက်သောသစ်တောကြီးများကိုချော်ရည်များဖုံး၍လုံးပျက်စီးသွားသည်မှစတင်ခဲ့သည်၊ အရှေ့တောင်အာရှ၏ကုန်းမြေသည်ပင်လယ်မှမိုင်၅၀၀ ထက်မဝေးသောဒေသဖြစ်၍ပူအိုက်စွတ်စိုသောရာသီဥတုသာရှိရမည့်ဒေသဖြစ်သည်။ သို့သော်မြန်မာနိုင်ငံ၏ Dryzoneသည် သစ်တောများပျက်စီးသွားသဖြင့်ပူပြင်းချောက်သွေ့သောရာသီဥတုသို့ရုတ်တရက်ပြောင်းလဲသွားနှစ်ပေါင်း၂၅သန်းပင်ကြာသွားခဲ့ပေပြီ၊ သမိုင်းပညာရှင်တဦးကမိုးကွယ်အရပ်ဖြစ်၍ Dryzoneဖြစ်ရသည်သစ်တောမရှိ ခဲ့ဟုဆိုခဲ့ဘူးသည်၊Dryzone တွင်တွေ့ရသောအင်ကြင်းကျောက်များကသစ်တောကြီးများရှိခဲ့သောသက်သေဖြစ်ပါသည်၊ Dryzone ၏ တဝက်ဧက ၁၀ သန်းလောက်ကိုပင်သစ်တောတည်ထောင်ရန်ကြိုးစားလာသည်မှာဖဆပလ အစိုးရလက်ထက်ကတဲကဖြစ်၍နှစ်ပေါင်း၆၀ကေျာ်လောက်ကြိုးပမ်းလာခဲ့သော်လည်းယခုထိအဆငိမပြေသေးပါ။ ယခုအခါ သစ်ပင်ကိုသစ်တောဖြစ်စေရန်အနှစ် ၃၀ ကျော်စောင်ရန်မလိုဘဲ၄/၅နှစ်အတ့င်းတောဖြစ်နိုင်သော ဝါး(bamboo)စိုက်ခင်းများထူထောင်၍ရကြောင်းလက်တွေ့သုတေသန ဝါးစိုက်ခင်းများကိုတွေ့မြင်နေရပေပြီ။ သုတေသနတွေ့ရှိချက်များအရ ၁၅×၁၅ပေကြားဝါးကြီးမျိုးစိုက်ခင်းသည်သင်လျော်ကြောင်းတွေ့ရှိရပါသည်၊ ဝါး ၏အားသာချက်မှာအကြီးမြန်ခြင်းဖြစ်သည်၊၂၄ နာရီအထွင်း၃ပေအထိကြီးထွားသည်၊၅ နှစ်တွင်အရွယ်ရောက်သည်၊ဝါးသည်သံမဏိထက်ပင်ဆွဲ ဆန့်ဒါဏ်ပိုကောင်းပြီးခိုင်မာသည်၊သစ်ပင်ထက်ဝါးပင်ကအောက်ဆီဂျင်ပိုမ်ုထုတ်လွှတ်နိုင်သလိုကာ ဘွန်စုတ်ယူမှုပိုများသည်၊စွဲမက်စရာအကောင်းဆုံးမှာ ဝါးတောများကအပူချိန်၃ မှ ၆ ဒီဂရီအထိအပူချိန်ကိုလျှော့ချနိုင်ခြင်းဖြစ်သည်။ ဟီရိုးရှီးမားတွင်အနုမြူဗုံးအကြဲခံရပြီးမည်သည့်သက်ရှိမှမကျန်အောင်ပြောင်တလင်းဖြစ်သွားသည်၊ သို့သော်ရက်၃၀ ခန့်အကြာတွင်မြေပြင်ပေါ်သို့အစိမ်းရောင်အရွက်ကလေး၂ရွက်ထိုးထွက်လာသည်တွေ့ကြရလေသည်၊ သေသေချာချာစစ်ကြည့်လိုက်တော့ဝါးပင်ကလေး၊ ကမ္ဘာကြီးအားကယ်တင်မည့်အားမာန်အပြည့်နှင့်အပင်သည်ဝါးဖြစ်ပါသည်၊ ဗုဒ္ဓမြတ်စွာဘုရားခံကျောင်းများကိုလှူ၍ရေစက်ချအနုမောဒနာပြုကြရာ ဗိမ္မိသာရမင်းကြီလှူဒါဏ်းဝေဠုဝန်( ဝါးတော) ကျောင်းကြီတခုတည်းသာမဟာပထဝီမြေကြီးသည်တုန်လှုပ်၍သဓုခေါ်ဆိုခဲ့ပါသည်၊Dryzone တွင်ဝါးတောများထူထောင်ကြပါစို့ဟုတိုက်တွန်းနှိုးေဆာ်အပ်ပါသည်။AGW
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026