အောက်တိုဘာ (၈) ရက်နေ့အတွက် စုစုစံရဲ့ မိုးလေဝသခန့်မှန်းချက်စုစည်းမှု
🕒 နေ့လည် ၂း၄၀ အချိန် ခန့်မှန်းချက်
အားလုံး မိုးသတိ 🌾🌧🌧🌧🌾
Lionrock မုန်တိုင်းသည် ဗီယက်နမ်ကိုဝင်ရောက်ပြီးနောက် သူ့ရဲ့ 500hpa wind လေစီးကြောင်းသည်လာအို ထိုင်းတွေကိုကျော်ဖြတ်ကာ အောက်တိုဘာလ ၁၁ရက်နေ့ ၁၂ရက်နေ့ ၁၃ ရက်နေ့တွေမှာ ရခိုင်ရိုးမအနီးရောက်ရှိစဥ် 850hpa winds အထိစိုက်ဆင်းလာကာ ရခိုင်ရိုးမအရှေဖက်ပိုင်းဒေသတွေဖြစ်တဲ့ ပဲခူးတိုင်းအနောက်ပိုင်း ဧရာဝတီတိုင်း အနောက်မြောက်ပိုင်း မကွေးတိုင်း ဧရာဝတီမြစ်အနောက်ဖက်ဒေသတွေမှာမိုးကြီးနိုင်ပါတယ်။
🕐 နေ့လည် ၁၂း၅၀ အချိန် ခန့်မှန်းချက်
အထူးသတိပေးချက်
မကွေးတိုင်း မန္တလေးတိုင်း စစ်ကိုင်းတိုင်းအောက်ပိုင်း မိုးတွေရွာပါမယ်။ လျှပ်စီးမိုးကြိုး သံစုံတီးဝိုင်းကြီးတွေနဲ့ ရောင်စုံဆလိုက်မီးတွေပါဝင်ပါမယ်။
🕔 နံနက် ၁၁း၁၇ အချိန် ခန့်မှန်းချက်
ဘုတ်ပြင်း၊ မြိတ်၊ ကော့သောင်း မိုးကြီးမယ်။
🕔 နံနက် ၅း၀၀ အချိန် ခန့်မှန်းချက်
နိုဝင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတွေဖြစ်နိုင်သေးပြီး အိန္ဒိယနိုင်ငံ ချန်းနိုင် ပွန်ဒီချယ်ရီ တမိနာဒု ဒေသတွေကိုဝင်ရောက်မိုးကြီးနိုင်ပါတယ် အဆိုပါမုန်တိုင်းတွေရဲ့ 850mbar လေစီးသည် ချင်းပြည်နယ် စစ်ကိုင်းတိုင်း မန္တလေးတိုင်းအထက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ် တွေကို သက်ရောက်ချိန်ဆိုရင်တော့ ၎င်းဒေသတွေမှာ ဆောင်းမိုးတွေအနည်းငယ်ရွာသွန်းနိုင်ပြီး ကျန်မြန်မာနိုင်ငံဒေသတွေမှာတော့ သာသာယာယာ ရှိချိန်များစွာရရှိကြမှာမို့ ဆောင်းသီးနှံ စိုက်ပျိုးဖြစ်ထွန်းဖို့အခွင့်အခါကောင်းတစ်ခုဖြစ်လာစေပါမယ်
🕟 နံနက် ၄း၃၀ အချိန် ခန့်မှန်းချက်
၂၄နာရီအတွင်း နေပြည်တော် မန္တလေးတိုင်း မကွေးတိုင်းနှင့်စစ်ကိုင်းတိုင်းအောက်ပိုင်းတွေမှာ လျှပ်မိုးကြိုးမိုးတွေရွာသွန်းနိုင်ပါတယ်
၂၄နာရီလုံးမြန်မာနိုင်ငံရဲ့ ရာသီဥတုအခြေအနေကို စောင့်ကြည့်ထောက်လှမ်းခန့်မှန်းပေးနေပါတယ်။
Northeast Monsoon(ဆောင်းလေညှင်း)ကချင်ပြည်နယ်တွင် ၂၀၂၁ အောက်တိုဘာလ ၁၀ရက်နေ့တွင် မုတ်သုန်လေစတင်ဆုတ်ခွာလာနိုင်ပြီး အောက်တိုဘာလ ၁၇ရက်နေ့တွင် high pressure 1021 mbar ကချင်ပြည်နယ်အထက်ပိုင်းကို စတင်ဝင်ရောက်လာမှာဖြစ်တဲ့အတွက် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတွေမှာ cold season ဆောင်းရာသီသို့ ကူးပြောင်းတော့မည့်ကာလဖြစ်ပါတယ်
𝙎𝙐 𝙎𝙐 𝙎𝘼𝙉
𝙎𝙀𝙉𝙄𝙊𝙍
𝙈𝙀𝙏𝙀𝙊𝙍𝙊𝙇𝙊𝙂𝙄𝙎𝙏
𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧 &
𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝙄𝙣𝙩𝙚𝙡𝙡𝙞𝙜𝙚𝙣𝙘𝙚 𝙊𝙛𝙛𝙞𝙘𝙚𝙧
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from SU SU SAN (မိုးလေဝသပညာရှင်)
အားလုံး
နိုဝင်ဘာ (၈) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု
08/11/2021
နိုဝင်ဘာ (၇) ရက်နေ့ စုစုစံ၏ မိုးလေဝသခန့်မှန်းချက်များစုစည်းမှု
07/11/2021
နိုဝင်ဘာ (၆) ရက်နေ့အတွက် စုစုစံရဲ့ မိုးလေဝသခန့်မှန်းချက်များစုစည်းမှု
06/11/2021
နိုဝင်ဘာ (၅) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု
05/11/2021
နိုဝင်ဘာ (၄) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု
04/11/2021