ဇူလိုင်လဆန်းတွင် အလယ်ပိုင်းဒေသများအပါအဝင် တစ်နိုင်ငံလုံး မိုးများနိုင်
ဇူလိုင်လဆန်းပိုင်းမှာ အလယ်ပိုင်းဒေသတွေအပါအဝင် တစ်နိုင်ငံလုံး မိုးများနိုင်တဲ့ အခြေ အနေတွေဖြစ်ပေါ်နေတယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်လေ့လာသူတစ်ဦးဖြစ်သူ ဦးဝင်းနိုင်က ပြောပါတယ်။
တောင်တရုတ်ပင်လယ်မှာဖြစ်ဖို့များနေတဲ့ တိုင်ဖွန်းမုန်တိုင်းအရှိန်၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်း၊ မြန်မာပြည်မြောက်ပိုင်းမှာဖြစ်နိုင်မယ့် အထက်လေဝဲစီး ကြောင်းတွေက မိုးတွေကို ဆွဲသွင်းလာနိုင်တာလို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။

“ ထူးခြားဖြစ်စဉ်အနေနဲ့ တောင်တရုတ်ပင်လယ်က တိုင်ဖွန်းမုန်တိုင်းရယ်၊ အိန္ဒိယ ဘင်္ဂလားဒေ့ရှ်နယ်စပ် ကိုလ်ကတ္တားရဲ့အနောက်မြောက်ဘက်က လေဖိအားနည်းရပ်ဝန်းရယ်၊ နောက်တစ်ခုက ဗမာပြည်မြောက်ပိုင်း ကချင်ပြည်နယ်က မြစ်ကြီးနားနဲ့ ထီးချိုင့်ကြား ထဲမှာဖြစ်မယ့် အထက်လေဝဲစီးကြောင်း အဲ့ဒီသုံးခုပေါင်းပြီးတော့ မိုးများမယ့်ဖြစ်စဉ်က ဖြစ်တာ”
တောင်တရုတ်ပင်လယ်မှာ ဒီနှစ်မုန်တိုင်းရာသီအတွက် အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်လုံးဖြစ်လာနိုင်မဲ့ INVEST-97W က လက်ရှိမှာ ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်ကမ်းခြေအနီးက ပင်လယ်ပြင်မှာ စဖြစ်နေပြီဖြစ်တယ်လို့ သိရပါတယ်။
အပြည်ပြည်ဆိုင်ရာ မိုးလေဝသဌာနကြီးတွေကတော့ မုန်တိုင်းအဆင့်ထိ ဖြစ်လာနိုင်ချေကို အတည်မပြုသေးပေမယ့် ဖြစ်ဖို့များနေတာဖြစ်ပြီး ဒီတိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်မှာ အနောက်တောင်မုတ်သုံလေအားကောင်းလာကာ မြန်မာပြည်ရဲ့ မိုးငတ်နေတဲ့ဒေသတွေမှာ မိုးရွာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
“ မုန်တိုင်း ဟောင်ကောင်ကို ဝင်တဲ့အချိန်ပေါ့။ ဝင်တဲ့အချိန်မှာ ဟိုတလောက ပြောထားတဲ့အတိုင်းပဲ။ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် ကိုလ်ကတ္တားရဲ့အပေါ်ပိုင်းမှာ ကုန်းတွင်းလေဝဲက ဟိုဘက်က ဟောင်ကောင်ကမ်းခြေနားကို ကပ်လာတဲ့အချိန်မှာ အဲ့ဒီနေရာမှာ ထပ်ပြီးတော့ လေဝဲထပ်ဖြစ်တယ်။ အဲ့ဒီတောင်တရုတ် ပင်လယ်က တွန်းချလိုက်တဲ့ အရှေ့အပေါ်လေစီးကြောင်းနဲ့ပါလာတဲ့ မိုးတိမ်တိုက်ကြီးတွေကော၊ ဒီဘက်က ကုန်းတွင်းလေဖိအားနည်းရပ်ဝန်း အဲ့ဒီလေဖိအားနည်းရပ်ဝန်းနှစ်ခု ဗမာပြည်မြောက်ပိုင်း ထီးချိုင့်နဲ့မြစ်ကြီးနားကြားမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု အဲ့ဒါ တွေ အကုန်လုံးက မိုးတွေဆွဲသွင်းမှာ။ လာမယ့် ၅ ရက်ဆိုတော့ ဇူလိုင် ၂ ရက်နဲ့ ၃ ရက် ပတ်ဝန်းကျင််မှာတော့ တစ်ပြည်လုံး မိုးများမယ့်အခြေအနေရှိတယ်” လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။
မိုးရွာမယ့်ထဲမှာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေလည်း ပါဝင်ပြီး မိုးအနည်းဆုံးဖြစ်နေ တဲ့ ညောင်ဦးနဲ့ ရေစကြိုဒေသတွေမှာတောင် မိုးများများရွာနိုင်တယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

“ ညောင်ဦးအတွက်ပြောမယ်ဆိုရင် ၃၀ ရက်နေ့ည ၁ ရက်နေ့မနက် တိမ်တွေဖြစ်မယ်။ မိုးပါးပါးစရွာလိမ့်မယ်။ မိုးများများရွာမှာကတော့ ၂ ရက်နေ့ကနေစပြီးတော့ နောက်ပိုင်းပေါ့နော်။ အဲ့နောက်ပိုင်းတော့ မိုးရေချိန်များနိုင်တယ်။ ရေစကြိုကတော့ မိုးခေါင်မယ့်ထဲတောင် မပါဘူး။ မိုးပိုကိုများမှာ။ ၂၉ ရက်နေ့ညကတည်းကိုက မိုးကစရွာမှာ။ ဒီနေ့ညနေ ၆ နာရီကနေ ၉ နာရီကြားတောင် မိုးရွာမယ့်အခြေအနေရှိတယ်။ မိုးများမယ့်အခြေအနေကတော့ ၁ ရက်နေ့ကနေ တောက်လျှောက်ပဲ”
အိန္ဒိယနိုင်ငံရဲ့ အရှေ့ဘက် ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ကိုလ်ကတ္တားရဲ့အနောက်မြောက်ဘက်လောက်မှာ ဇွန် ၂၃ ရက်ကတည်းက စဖြစ်နေတဲ့ အထက်လေဝဲစီးကြောင်းဟာလည်း ဆက်လက်တည်ရှိနေပြီး အဲ့ဒီအရှိန်ကြောင့် ဇွန် ၂၉ ရက်ညပိုင်းကတည်းကစပြီး ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းလာတော့မှာဖြစ်တယ်လို့လည်း သိရပါတယ်။
Photo Crd_Win Naing FB
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....