တစ်နိုင်ငံလုံး မိုးဆက်ရွာနေဦးမယ့် စက်တင်ဘာပထမအပတ်
လေဖိအားနည်းချိုင့်ဝှမ်းက ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ အလယ်ပိုင်းအစပ်မှာ ဆက်ဖြစ်နေကြောင်း တွေ့ရပါတယ်။
တိုင်ဖွန်းမုန်တိုင်း SAOLA ကလည်း တောင်တရုတ်ပင်လယ်ထဲကို စူပါတိုင်ဖွန်းမုန်တိုင်းကြီးအဖြစ်နဲ့ ဝင်လာပါတယ်။ သူ့ဗဟိုလေတိုက်နှုန်းက အခု တစ်နာရီ ၁၅၅ မိုင်တောင်ရှိပြီး မုန်တိုင်းဗဟိုမှာ လှိုင်းအမြင့် ၄၆ ပေတောင်မှ ဖြစ်နေပါတယ်။ SAOLA ရဲ့ အရှိန်သက်ရောက်မှုကြောင့် ကပ္ပလီပင်လယ်မှာ မုတ်သုံလေအားအလွန်ကောင်းနေစေပြီး မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ မိုးကောင်းနေမယ့် အကြောင်းရင်းတစ်ခုဖြစ်နေပါမယ်။
အဲ့ဒီအရှိန်ကြောင့်ရယ်နဲ့ အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဟိမဝန္တာတောင်ကြောကြီးပေါ်မှာဖြစ်နေတဲ့ လေဖိအားနည်းချိုင့်ဝှမ်းကြီးကြောင့် မြန်မာတစ်နိုင်ငံလုံးမှာတော့ စက်တင်ဘာလ ပထမပတ်အတွင်း မိုးဆက်ရွာနေပါဦးမယ်။

ဆိုတော့ ဒီလာမယ့် ၃ ရက်မှာ -
တစ်နိုင်ငံလုံး နေရာလပ်မကျန် မိုးရွာနိုင်ပြီး တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကယားပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းတွေမှာ မိုးများနိုင်ပါမယ်။
ရခိုင်ပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်းနဲ့ ကချင်ပြည်နယ်တွေမှာတော့ ၃ ရက်အတွင်း မိုးနည်းနေနိုင်ပါမယ်။
နောက် ၃ ရက်မှ ၅ ရက်အတွင်း(နောက် ၇၂ နာရီ မှ ၁၂၀ နာရီအတွင်း)မှာတော့ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း သို့မဟုတ် အနောက်မြောက်ပိုင်းမှာ စက်တင်ဘာလ ၄ ရက် ညနေပိုင်းကစပြီး ဖြစ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ ကယားပြည်နယ်၊ ကရင်ပြည်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ မိုးပိုလာနိုင်ပါမယ်။
မိုးများမယ့်ဒေသတွေဖြစ်တဲ့ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကယားပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းတွေမှာ ၃ ရက် မိုးရေချိန်က အများဆုံး ၈၀ မီလီမီတာ(၃. ၁၄ လက်မ) ရှိပါမယ်။
တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေမှာ နောက် ၅ ရက်အတွင်း အများဆုံး မိုးရေချိန် မီလီမီတာ ၂၀၀ အထိရှိလာပါမယ်။ လက်မနဲ့ဆိုရင်တော့ ၈ လက်မ နီးပါးအထိ မိုးများလာပါမယ်။
မိုးတွေဆက်ရွာနေဦးမယ်ဆိုတော့ မြစ်ရေအခြေအနေကိုလဲ သတိထားရမှာပါ။ တစ်ခုတော့ ရှိတယ် ၃ ရက်အတွင်းမှာ ကချင်က မိုးနည်းနည်းလျော့သွားတယ်။ မြစ်ရေတွေ ကျတာလည်း တွေ့ရတယ်။ မြန်မာနိုင်ငံ အောက်ဘက်မှာတော့ ရေက ဆက်တိုးနေနိုင်ပါတယ်။ ဆိုတော့ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ နောက် ၃ ရက်မှ ၅ ရက်အတွင်း ရေပြန်ကြီးလာနိုင်ပါတယ်။
Photo - ဦးဝင်းနိုင်
Crd#မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
ဉီစော
လွန်ခဲ့သော ၂ နှစ် ကကျွန်နော်ကပေါက်နယ်ကပါခင်ဗျာနောက်ဘယ်နှစ်ရက်လောက်ချေရှိသေးလဲဗျာ
ကျော်ဌေး
လွန်ခဲ့သော ၂ နှစ် ကဟု
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဝင်းနိုင်
အားလုံး
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
04/08/2026
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
လာမည့် ၇၂ နာရီအလွန် ပဲခူးမြို့အပါအဝင် မုတ္တမကွေ့နှင့် ကပ်လျက်ဒေသများ မိုးအလွန်သည်းထန်နိုင်
28/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....