ဧပြီ ၅ ရက်မှ ၁၁ ရက်အတွင်း တစ်ပတ်စာ အပူချိန်ကြိုတင်ခန့်မှန်းချက်
ဧပြီလ ၅ ရက် - ၁၂ နာရီ ၅၀ မိနစ်အချိန်တွင်ရရှိလာသော မိုးလေဝသဒေတာအရ
🔸 အယ်လ်နီညို၊ လာနီညာနှင့် အိုင်အိုဒီ positive
အယ်လ်နီညိုဖြစ်နေတဲ့အခြေအနေကတော့ လာမဲ့ ၁ လ ၂ လအတွင်း(ခန့်မှန်း မေလအကုန် ဇွန်လဆန်း ကာလအတွင်း)ပြီးဆုံးပြီး ကြားနေရာသီဥတုဖြစ်စဉ် Neutral ကာလကို ရောက်လာနိုင်ပါမယ်။ ဇူလိုင်လမှ စက်တင်ဘာလအတွင်း လာနီညာဖြစ်နိုင်ချေက တဖြည်းဖြည်းမြင့်တက်လာပြီး ဖြစ်နိုင်ချေ ၈၅% အထိရှိလာနိုင်ကြောင်း နိုင်ငံတကာ မိုးလေဝသနဲ့ ရာသီဥတုစောင့်ကြည့်လေ့လာရေးဌာနကြီးတွေက ထုတ်ပြန်ထားတာတွေ့ရပါတယ်။
မြန်မာနိုင်ငံမှာတော့ အယ်လ်နီညိုရဲ့ သက်ရောက်မှုကဆက်လက်ရှိနေတာကြောင့် ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုအခြေအနေကို ဆက်လက်ရင်ဆိုင်နေရဆဲပါပဲ။ ကျနော်အရင်က ကြိုတင်ခန့်မှန်းထားတဲ့ မိုးဦးမိုးအခြေအနေအတိုင်း မကောင်းနိုင်ဘဲ မိုးလယ်နဲ့ မိုးနှောင်းမှာသာ မိုးကောင်းနိုင်ပါမယ်။ အယ်လ်နီညိုဆက်လက်ဖြစ်ပေါ်နေနိုင်တဲ့အခြေအနေတွေကြောင့် မုတ်သုံအဝင်လည်း ပုံမှန်ထက်အနည်းငယ်နောက်ကျနိုင်ချေရှိမယ်လို့တော့ ခန့်မှန်းနိုင်ပါတယ်။
🔸 မိုးဦး/မိုးလယ်ကာလ မုန်တိုင်းဖြစ်ပေါ်နိုင်ချေ
ဘင်္ဂလားပင်လယ်အော်မှာ ဇွန်လနဲ့ ဇူလိုင်လတွေအတွင်းမှာ လေဖိအားနည်း၊ မုန်တိုင်းဖြစ်လာရင် ပင်လယ်ရေမျက်နှာပြင်အပူချိန်မြင့်တက်နေတာ၊ ကုန်းတွင်းအပူချိန်မြင့်တက်နေတာတွေကြောင့် အားကောင်းပြီး အန္တရာယ်များတဲ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ပါတယ်။ ဘယ်နိုင်ငံဘက်ကိုရွေ့လျားနိုင်မယ်ဆိုတာကတော့ မုန်တိုင်းဖြစ်လာချိန်မှာရှိနေမဲ့ လေတိုက်နှုန်း၊ အပူချိန်၊ စိုထိုင်းဆ၊ ဖိအားစတဲ့ လေထုအလွှာတွေအတွင်းဖြစ်ပေါ်မဲ့ ပြောင်းလဲမှုတွေပေါ်မှာမူတည်ပါတယ်။

🔸 အပူချိန်မြင့်တက်နိုင်ချေ
အပူချိန်မြင့်တက်နိုင်ချေက မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အနောက်ပိုင်းတွေမှာ ဧပြီလ ၁၀ ရက်နေ့အထိ ၉၀% အထက်သေချာမှုရှိနေတယ်။ ၁၀ ရက်နေ့နောက်ပိုင်းမှာတော့ အလယ်ပိုင်းဒေသတွေမှာ အပူချိန်နည်းနည်းလျော့နိုင်တာတွေ့ရပါတယ်။
နောက် ၄ ရက်အထိ(ဧပြီ ၅ ရက်မှ ၈ ရက်အထိ)တော့ မန္တလေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းတွေမှာ အပူချိန် ၄၀°C အောက် မကျနိုင်ဘူး။ မန္တလေး၊ မကွေးနဲ့ စစ်ကိုင်းတိုင်းတွေမှာ ၄၃°C - ၄၄°C အထိ အပူချိန် မြင့်နေနိုင်ဦးမယ်။
🔸 မိုးရွာသွန်းနိုင်ချေ
မိုးရွာနိုင်ချေကျတော့ ကရင်ပြည်နယ်မှာ ဧပြီ ၁၀ ရက်နေ့ ၅၃% အထိ သေချာမှုရှိနိုင်ပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတွေမှာ မိုးရွာနိုင်ချေက ၂၅% လောက်ပဲ ရှိတယ်။
ကချင်ပြည်နယ်မှာ ဧပြီ ၅ ရက်နဲ့ ၆ ရက် မိုးရွာနိုင်ချေ ၄၉% ရှိတာတွေ့ရပြီး ဧပြီလ ၇ ရက်နောက်ပိုင်း ကချင်ပြည်နယ်မှာလဲ မိုးရွာနိုင်တဲ့ အခြေအနေမတွေ့တော့ပါဘူး။
🔸 လေပြင်းတိုက်ခတ်နိုင်ချေ
ရခိုင်ရိုးမတလျှောက်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အနောက်ပိုင်းဒေသတချို့မှာ မှာ လေပြင်း တနာရီ ၂၅ မိုင်မှ မိုင် ၃၀ ခန့်အထိ တိုက်နိုင်ကြောင်းတွေ့ရပါတယ်၊ လေတိုက်နိုင်တဲ့အရပ်ကတော့ အနောက်ဘက်နဲ့ တောင်ဘက်အရပ်များကလေတိုက်နိုင်ချေ ပိုများပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
Zaw Min
လွန်ခဲ့သော ၁ နှစ် ကjfjhkhh do all so cl so so well
minmin
လွန်ခဲ့သော ၂ နှစ် ကနေ့စဉ်မိုးလေဝသသတင်းများတင်ပေးပါ
minmin
လွန်ခဲ့သော ၂ နှစ် ကနေ့စဉ်မိုးလေဝသသတင်းများတင်ပါ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဝင်းနိုင်
အားလုံး
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
04/08/2026
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
လာမည့် ၇၂ နာရီအလွန် ပဲခူးမြို့အပါအဝင် မုတ္တမကွေ့နှင့် ကပ်လျက်ဒေသများ မိုးအလွန်သည်းထန်နိုင်
28/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....