လာမည့် ၃ ရက်အတွင်း မိုးများ၊ မိုးနည်းနိုင်သည့် ဒေသများနှင့် မြစ်ရေအခြေအနေ
အပြည်ပြည်ဆိုင်ရာ မိုးလေဝသကြိုတင်ခန့်မှန်းရေး model တွေက နောက်ဆုံးရရှိတဲ့ အချက်အလက်တွေမှာတော့ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက တဖြည်းဖြည်းအားပိုကောင်းလာပြီး သိသာထင်ရှားတဲ့ လေဖိအားနည်းရပ်ဝန်းအဖြစ်ရောက်ရှိလာနိုင်မယ်လို့ တွေ့ရပါတယ်။
အိန္ဒိယမိုးလေဝသဌာနကတော့ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာဒီနေ့မနက် ၉ နာရီခွဲအချိန်က လေစိုင်ဝဲတစ်ခုဖြစ်နေပြီး နောက်လာမဲ့ ၁၂ နာရီအတွင်းမှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

အခုဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ သက်ရောက်မှုကြောင့် နောက်လာမဲ့ ၃ ရက်(ဩဂုတ်လ ၁၇ ရက် ညနေ ၃ နာရီမှ ဩဂုတ်လ ၂၀ ရက် ညနေ ၃ နာရီအထိ) အချိန်ကာလအတွင်းမှာ -
တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ မိုးများနိုင်ပါမယ်။
၃ ရက်အတွင်း မိုးရေချိန်စုစုပေါင်း ၆၀ မီလီမီတာမှ ၉၈ မီလီမီတာအထိ မိုးထစ်ချုန်းရွာသွန်းနိုင်ပါတယ်။
ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ မိုးအသင့်အတင့် (၃ ရက်အတွင်း မိုးရေချိန် ၂၀ မီလီမီတာမှ ၅၀ မီလီမီတာအထိ) ရွာနိုင်ပြီး မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းဒေသအချို့မှာတော့ ၃ ရက်မိုးရေချိန် ၂၀ မီလီမီတာအောက်သာရွာသွန်းနိုင်ပြီး မိုးနည်းနေပါမယ်။


မြစ်ရေအခြေအနေတွေကိုလေ့လာကြည့်တဲ့အခါ - လက်ရှိပဲခူးမြစ်ရေက ၇၃၃ စင်တီမီတာရှိပြီး နောက်ဆုံးခန့်မှန်းချက်အရ ၃၈ စင်တီမီတာ အတက် ရှိနေပါတယ်။ မိုးထပ်များလာရင်တော့ စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာကိုကျော်ပြီး ရေထပ်ကြီးနိုင်ပါတယ်။
မိုးလေဝသခန့်မှန်းချက်အရ နောက်လာမဲ့ ၅ ရက်မိုးရေချိန် စုစုပေါင်း ၆.၄ စင်တီမီတာရှိနေတဲ့အတွက် ပဲခူးမြစ်ရိုးတစ်လျှောက်နဲ့ မြို့နယ်အတွင်းမိုးဆက်များနေရင် ရေထပ်ကြီးနိုင်ပါတယ်။ ပင်လယ်ဒီရေတက်ချိန်လဲ ဖြစ်နေလို့ပါ။
နောက်လာမဲ့ ၃ ရက်အထိ ကမ်းရိုးတန်းဒေသအားလုံးနဲ့ ပင်လယ်ပြင်မှာ မိုးသက်လေပြင်းများကျပြီး လှိုင်းကြီးနေနိုင်ပါတယ်။ မိုးသက်လေပြင်းကျတဲ့အချိန်မှာ လေပြင်းတစ်နာရီ မိုင် ၃၀ မှ မိုင် ၄၀ ခန့်အထိအထိတိုက်နိုင်ပြီး လှိုင်းအမြင့် ၆ ပေ မှ ၈ ပေအထိ ရှိနိုင်ပါတယ်။
Photos Crd_ U Win Naing
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
soe moe
လွန်ခဲ့သော ၂ နှစ် ကစစ်တွေမြို့မိုးလေဝသ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဝင်းနိုင်
အားလုံး
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
04/08/2026
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
လာမည့် ၇၂ နာရီအလွန် ပဲခူးမြို့အပါအဝင် မုတ္တမကွေ့နှင့် ကပ်လျက်ဒေသများ မိုးအလွန်သည်းထန်နိုင်
28/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....