အစိမ်းရောင်လမ်း
ဧပြီလတွင် အလယ်ပိုင်းမိုးနည်းရေရှားဒေသများ မြေဆီလွှာခမ်းခြောက်ခြင်း အလွန်ပြင်းထန်ဖွယ်ရာရှိ

ဧပြီလတွင် အလယ်ပိုင်းမိုးနည်းရေရှားဒေသများ မြေဆီလွှာခမ်းခြောက်ခြင်း အလွန်ပြင်းထန်ဖွယ်ရာရှိ

၂၀၂၄ ခုနှစ် မေလအထိ အယ်လ်နီညိုဆက်လက်ဖြစ်နေပြီး အပူချိန်မြင့်မားလာတာတွေရှိနေတာကြောင့် နိုင်ငံတဝှမ်းမှာ အများအားဖြင့် ဧပြီလသည် အပူဆုံး လတစ်လဖြစ်မယ်လို့ ကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။ အခုမတ်လ လကုန်ရက်ပိုင်းတွေမှာတင် တချို့နေရာဒေသတွေမှာ အပူချိန် ၄၂°C အထိမြင့်တက်လာတာကိုလည်း တွေ့နေရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလလောက်ကစပြီး တဖြည်းဖြည်းအားကောင်းလာတဲ့ အယ်လ်နီညိုဖြစ်စဉ်က ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းမှာ အားအကောင်းဆုံးအခြေအနေအထိရောက်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာမတိုင်ခင်ကတည်းက ၂၀၂၄ ခုနှစ် အယ်လ်နီညိုနှစ်ဖြစ်လာရင် အများပြည်သူနဲ့ စိုက်ပျိုးရေးတောင်သူများ ရေအခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့ရနိုင်ကြောင်း၊ ရေကိုချွေတာစုဆောင်းသုံးစွဲသင့်ကြောင်း တင်ပြအသိပေးခဲ့ဖူးပါတယ်။

အဲ့ဒီအခက်အခဲဖြစ်နိုင်ချေမြင့်မားတဲ့ ဧပြီလ၊ မေလမှာ မိုးဦးမကောင်းရင် မိုးဦးစကျသင့်တဲ့ ဇွန်လထဲအထိ ၃ လတာကာလအတွင်းမှာ မြေဆီလွှာခမ်းခြောက်လာနိုင်မယ်ဆိုပြီး ပြသနာကတော့ စိုက်ပျိုးရေးတောင်သူများအတွက် ပြင်းထန်တဲ့ခြိမ်းခြောက်မှုတခုဖြစ်လာနိုင်ပါမယ်။

၂၀၂၄ ခုနှစ် မတ်လ လကုန်ရက်တွေမှာတောင်မှ ပြည်နယ်နဲ့တိုင်းဒေသအတော်များများရဲ့ စိုက်ပျိုးမြေတွေကို လေ့လာကြည့်တဲ့အခါ မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)နဲ့ ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)အနက်မှာ မြေဆီလွှာစိုထိုင်းဆ(SOIL MOISTURE)က ၃% အောက် ၀ %(သုညရာခိုင်နှုန်း)အထိတောင် ကျဆင်းခြောက်သွေ့စပြုလာတာတွေ့ရပါတယ်။

မတ်လ လကုန်ရက်များအထိ မိုးဆက်လက်ရွာသွန်းပြီး အေးမြစွတ်စိုတဲ့ ကချင်ပြည်နယ်နဲ့ နာဂဒေသများမှာတော့ မြေဆီလွှာစိုထိုင်းဆအခြေအနေက ၇၀% မှ ၉၅% အထက်မှာ ရှိနေပါတယ်။

မိုးရွာခြင်းမရှိဘဲ ဆက်လက်ပူပြင်းနေဦးမဲ့ အခြေအနေကြောင့် မတ်လကုန်ကစပြီး အလယ်ပိုင်းမိုးနည်းရေရှားဒေသတွေမှာ မြေဆီလွှာခြောက်ခမ်းခြင်း ပြင်းထန်တဲ့အဆင့်(SEVERE DROUGHT)အထိရောက်ရှိလာနိုင်ကာ ဧပြီလအတွင်းမှာ အဲဒီဧရိယာတွေ ပိုမိုကျယ်ပြန့်လာပြီး မြေဆီလွှာခမ်းခြောက်သည့်အဆင့်ကလည်း အလွန်ပြင်းထန်-EXTREME အဆင့်ကိုရောက်လာနိုင်ဖွယ်ရှိနေပါတယ်။

တရုတ်ပြည်မကြီးအတွင်းမှာလည်း EXTREME အဆင့် မြေဆီလွှာခမ်းခြောက်ခြင်းဖြစ်တဲ့ နေရာတွေ အတော်များများဖြစ်နေကြောင်းလည်း တွေ့ရပါတယ်။

အထက်မှာရှင်းလင်းခဲ့တာတွေကတော့ ၂၀၂၄ ခုနှစ် အယ်လ်နီညိုဆက်လက်ဖြစ်ပေါ်နေဆဲအခြေအနေကြောင့် ဖြစ်လာနိုင်မဲ့ အပူချိန်မြင့်မားခြင်းနဲ့ မြေဆီလွှာခမ်းခြောက်ခြင်းဖြစ်ပေါ်နိုင်တဲ့ ကြိုတင်ခန့်မှန်းချက်များဖြစ်ပါတယ်။

ပူပြင်းခြောက်သွေ့တဲ့ဒေသများမှ ပြည်သူများအနေနဲ့ ဒီအခြေအနေကို ရင်ဆိုင်နိုင်ဘို့အတွက် လိုအပ်တဲ့ကျန်းမာရေးဆိုင်ရာ ပြင်ဆင်မှုတွေ၊ ကြိုတင်ကာကွယ်စောင့်ရှောက်ရန်အစီအမံတွေ ဆောင်ရွက်ကြရတော့မှာဖြစ်ပါတယ်။

စိုက်ပျိုးရေးတောင်သူကြီးများလည်း နီးစပ်ရာ စိုက်ပျိုးရေးကျွမ်းကျင်ပညာရှင်များ၊ ရေအရင်းအမြစ်စီမံခန့်ခွဲရေးဌာနများနဲ့ ဆက်သွယ်ပြီး စိုက်ပျိုးရေနဲ့စိုက်ပျိုးပင်များကျန်းမာရေးအခြေအနေအတွက် ပြင်ဆင်ဆောင်ရွက်ကြရမဲ့ အချိန်ဖြစ်ပါကြောင်း အသိပေးတင်ပြလိုက်ပါတယ်။

လေ့လာရန်နှင့် ကိုးကားရန် Website Link များ -

မြေဆီလွှာခမ်းခြောက်ခြင်းအခြေအနေများကို ကိုယ်တိုင်စောင့်ကြည့်လေ့လာနိုင်ရန်အတွက် DROUGHT MONITORING PAGE ကိုလဲ MMWeather website မှာ ရှင်းလင်းတင်ပြပေးထားပါတယ် -

https://www.mmweather.org/drought-monitoring

အပူချိန်မြင့်မားလာတဲ့ဒေသများကို စောင့်ကြည့်လေ့လာရန်အတွက်

https://www.mmweather.org/divisional-cities-weather

https://www.mmweather.org/non-divisional-cities

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

1
Visitor

Visitor

လွန်ခဲ့သော ၂ နှစ် က

ပူနေပါတယ်ဆရာ။ အဝီစိတွင်းကလည်းရေထွက်လျော့လာပါတယ်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....