အစိမ်းရောင်လမ်း
နောက်လာမည့် ၇ ရက်အတွက် မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်

နောက်လာမည့် ၇ ရက်အတွက် မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်

 

ဧပြီ ၂၂ ရက် မှ ၂၈ ရက်အတွင်း ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ တောင်အနောက်တောင်ဘက်မှ လေတိုက်နှုန်း တနာရီ ၁၅ မိုင်မှ ၂၅ မိုင်အထိ ရှိနေနိုင်ပြီး ပင်လယ်ရေမျက်နှာပြင်အပူချိန် ၃၀°C အထိရှိနေပါမယ်။ မေလဆန်းပိုင်းရက်များအထိ ပင်လယ်ပြင်တွေမှာ လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်သည့် အခြေအနေမတွေ့ရပါ။

အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အပေါ်မှ ဖြတ်သန်းဝင်ရောက်လာတဲ့ မိုးတိမ်များက စစ်ကိုင်းတိုင်းအထက်ပိုင်းကို ဖြတ်ကျော်ပြီး၊ ကချင်ပြည်နယ်အထိဝင်ရောက်လာနိုင်တာကြောင့်၊ ကချင်ပြည်နယ်မြောက်ပိုင်း၊ ပူတာအိုခရိုင်အတွင်းမှာ မိုးအသင့်အတင့်မှ မိုးများနိုင်မဲ့ အခြေအနေများဖြစ်ပေါ်နိုင်ပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း၊ မိုးနည်းရေရှားဒေသများအပါအဝင် ကျန်ပြည်နယ်နဲ့တိုင်းအားလုံးမှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပြီး မိုးရွာနိုင်ချေအလွန်နည်းပါးနေတာတွေ့ရပါတယ်။

အလယ်ပိုင်းဒေသတွေမှာ နေ့အပူချိန်များ ၄၀°C ကျော်သည်အထိ မြင့်တက်လာနိုင်ပါမယ်။

ပြည်နယ်တိုင်းဒေသများမှ မြို့များရဲ့ ၄ ရက် မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်များကို https://www.mmweather.org/divisional-cities-weather မှာ ကြည့်နိုင်ပါတယ်။

SUMMARY: 

🔸 ပင်လယ်ပြင်တွင် ထူးခြားမိုးလေဝသအခြေအနေဖြစ်ပေါ်ရန်မရှိ

🔸 ကချင်ပြည်နယ်မြောက်ပိုင်းမှအပ ကျန်ပြည်နယ်တိုင်းများတွင် မိုးရွာနိုင်ချေနည်း

🔸 အလယ်ပိုင်းဒေသများ၏ နေ့အပူချိန်များ ၄၀°C အထက်အထိမြင့်တက်လာနိုင်

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

6
အောင်စီ

အောင်စီ

လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးတင်ပါတယ်

ဇော်မင်းထွန်း

ဇော်မင်းထွန်း

လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးပါ

Pyay Zin Htay

Pyay Zin Htay

လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးပါ

Win Ko Thu

Win Ko Thu

လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးပါ

Daw moo ra

Daw moo ra

လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးပါ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ

ကိုချမ်း • ဖြေကြားချက် 1 ခု

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 1 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....