အစိမ်းရောင်လမ်း
လာမည့် ၂၄ နာရီအတွင်း မိုးရွာသွန်းနိုင်သည့် ဒေသများ

လာမည့် ၂၄ နာရီအတွင်း မိုးရွာသွန်းနိုင်သည့် ဒေသများ

ဧပြီလ ၅ ရက် နေ့လည် ၁၂ နာရီမှာ ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်များတွင် တိမ်ထူထပ်လာတာတွေ့ရပါတယ်။ 

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့် ၁.၃ ကီလိုမီတာအမြင့်မှာ လေဝဲစီးကြောင်း(လေပွေလှိုင်း)တခု ဖြစ်ပေါ်နေကြောင်း အိန္ဒိယမိုးလေဝသဌာနက ကြေညာချက်လည်းရှိနေပါတယ်။

ဘင်္ဂလားပင်လယ်အော်တွင် သိသာထင်ရှားသည့် လေဖိအားနည်းရပ်ဝန်းတခု ဧပြီလ ၆ ရက်/၇ ရက်နေ့များမှာ ဖြစ်ပေါ်နိုင်ကြောင်း Global Forecast model များမှ ခန့်မှန်းထားသည်ကို တွေ့ရပါတယ်။

၂၄ နာရီအတွင်း မိုးရွာသွန်းနိုင်သည့် အခြေအနေ ကိုတင်ပြရရင် 

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့လေပွေလှိုင်းကြောင့် 

⛈ နောက်လာမည့် ၂၄ နာရီအတွင်း ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း-ထားဝယ်မြို့- အထက်ဘက်တို့တွင် ‌နေရာစိပ်စိပ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် မိုးများနိုင် (၂၄ နာရီအတွင်း ၄၀ မီလီမီတာအထက် - ၁.၆ လက်မ ခန့်) ရွာသွန်းနိုင်ပါမယ်။

⛈ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ ၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်းတို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း METEOBLUE NEMS-GLOBAL Model မှ ကြိုတင်ခန့်မှန်းထားပါတယ်။ 

ခန့်မှန်းမိုးရေချိန် (၂၄ နာရီအတွင်း ၅ မီလီမီတာခန့် - ၀.၂ လက်မခန့်အထိ)ရွာသွန်းနိုင်ပါမယ်။

ငလျင်ကတော့ မတ်လ ၂၈ ရက်နေ့တွင် ၇.၇ ပြင်းအားရှိသည့် ငလျင်လှုပ်ခတ်ပြီးနောက် ယနေ့ ဧပြီလ ၅ ရက် ညနေ ၄ နာရီ ၂၀ မိနစ်အထိ နောက်ဆက်တွဲငလျင်လှုပ်ပြီးသည့် အကြိမ်ရေ ... ၃၆၄ ကြိမ်ရှိပြီဖြစ်ပါတယ်။ 

နောက်ဆက်တွဲငလျင်လှုပ်ခတ်ခြင်း ၃၆၄ ကြိမ်အတွင်းတွင် ပြင်းအား ၅ နှင့် အထက် လှုပ်ခတ်သည့်အကြိမ်ရေ ၁၀ ကြိမ်မပြည့်ပါ။

(၁) မတ်လ ၂၈ ရက် ငလျင်ကြီး လှုပ်ပြီးချိန် ၁၂ နာရီ ၅၀ မှ ၂၉ ရက် နံနက် ၆ နာရီအထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်သည့်အကြိမ်ရေ - ၉၀ ကြိမ်

(၂) မတ်လ ၂၉ ရက် နံနက် ၆ နာရီမှ မှ ၃၀ ရက် နံနက် ၆ နာရီအထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်သည့်အကြိမ်ရေ - ၈၃ ကြိမ်

(၃) မတ်လ ၃၀ ရက် နံနက် ၆ နာရီမှ မှ ၃၁ ရက် နံနက် ၆ နာရီအထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်သည့်အကြိမ်ရေ - ၅၄ ကြိမ်

(၄) မတ်လ ၃၁ ရက် နံနက် ၆ နာရီမှ မှ ဧပြီလ ၁ ရက် နံနက် ၆ နာရီအထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်သည့်အကြိမ်ရေ - ၃၇ ကြိမ်

(၅) ဧပြီလ ၁ ရက် နံနက် ၆ နာရီမှ ဧပြီ ၂ ရက် နံနက် ၆ နာရီအထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်သည့်အကြိမ်ရေ - ၃၀ ကြိမ်

(၆) ဧပြီလ ၂ ရက် နံနက် ၆ နာရီမှ  ဧပြီ ၃ ရက် နံနက် ၆ နာရီအထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်သည့်အကြိမ်ရေ - ၂၅ ကြိမ်

(၇) ဧပြီလ ၃ ရက် နံနက် ၆ နာရီမှ  ဧပြီ ၄ ရက် နံနက် ၆ နာရီအထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်သည့်အကြိမ်ရေ - ၂၅ ကြိမ်

(၈) ဧပြီလ ၄ ရက် နံနက် ၆ နာရီမှ  ဧပြီ ၄ ရက် ညနေ ၄ နာရီ ၂၀ မိနစ်အထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်သည့်အကြိမ်ရေ - ၂၀ ကြိမ်ပဲ ဖြစ်တယ်လို့ ဆရာဦးဝင်းနိုင်ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
ko win

ko win

လွန်ခဲ့သော ၁ နှစ် က

စစ်ကိုင်းတိုင်းကမုံရွာမီုးရွာမှာလား

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....