အစိမ်းရောင်လမ်း
ဇူလိုင်လ ၁၅ -၁၈အထိ မြန်မာနိုင်ငံအနှံ့မိုးများစေတဲ့ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းများ ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်များတွင်ဖြစ်ပေါ်နိုင်

ဇူလိုင်လ ၁၅ -၁၈အထိ မြန်မာနိုင်ငံအနှံ့မိုးများစေတဲ့ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းများ ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်များတွင်ဖြစ်ပေါ်နိုင်

ဇူလိုင် ၈ ရက် ညနေ ၅ နာရီ ၂၀ မိနစ်အချိန်ရရှိသည့် GFS, GEFS, ECMAF နဲ့ ECMWF-AIFS မော်ဒယ်ကြိုတင်ခန့်မှန်းချက်များအရ 

🔸 ဇူလိုင် ၁၅ ရက်နံနက်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ တောင်တရုတ်ကင်လယ်တွေမှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပြီး မုန်တိုင်းငယ်အဆင့်အထိရောက်လာနိုင်ပါတယ်။

🔸 ဒီတကြိမ်ဖြစ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းကတော့ အထက်အမြင့်လေထုလွှာအတွင်းမှာ မဟုတ်ပဲ ပင်လယ်ရေမျက်နှာပြင်အထိကျဆင်းပြီးဖြစ်လာနိုင်ကြောင်းတွေ့ရတဲ့အတွက် ပထမ ခန့်မှန်းတဲ့ လေဖိအားနည်းရပ်ဝန်းထက် အားပိုကောင်းပါမယ်။ တောင်တရုတ်ပင်လယ်ဘက်မှာ ဖြစ်နိုင်မဲ့ လေဖိအားနည်းရပ်ဝန်းကတော့ တောင်တရုတ်ပင်လယ်အတွက် ၂၀၂၄ ခုနှစ်ရဲ့ ပထမဆုံး တိုင်ဖွန်းမုန်တိုင်းဖြစ်လာနိုင်ပြီး အနောက်ဘက်-ဗီယက်နမ်ကမ်းခြေကိုဦးတည်ရွေ့လျားနိုင်ကြောင်း တွေ့ရပါတယ်။

🔸 အရှေ့နဲ့အနောက်ဘက်က ပင်လယ်များမှာ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းများဖြစ်လာတဲ့အခါ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားနိုင်မှာ မဟုတ်သော်လည်း အနောက်ဘက် ဘင်္ဂလားပင်လယ်အော်နဲ့ အရှေ့ဘက်-တောင်တရုတ်ပင်လယ်ဘက်က ရွေ့လျားရောက်လာနိုင်တဲ့ မိုးတိမ်တွေ၊ လေပွေလှိုင်းတွေ၊ မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်တွေက ဇူလိုင်လ ၁၅ ရက်မှ စပြီး ဇူလိုင်လ ၁၇-၁၈ ရက်များအထိ မြန်မာနိုင်ငံတဝှမ်း မိုးကောင်းစေမှာဖြစ်ပါတယ်။

🔸 မြစ်ရေများအောက်အရပ်ဆီဆင်းလာမဲ့အချိန်၊ ဇူလိုင် ၁၈-၁၉ ရက် ပင်လယ်ရေထရက်ဖြစ်ချိန်နဲ့ အရှေ့/အနောက်ပင်လယ်များမှလေထုမငြိမ်မသက်ဖြစ်ခြင်းများကြောင့် မိုးများမဲ့အချိန်တွေ တိုက်ဆိုင်နေတာကြောင့် မြစ်ရေကြီးခြင်းကို ယခုထက်ပိုပြီး သတိထားကြရမှာဖြစ်ပါကြောင်း အသိပေးတင်ပြလိုက်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

2
ဦးခင်ဝင်း

ဦးခင်ဝင်း

လွန်ခဲ့သော ၂ နှစ် က

ဧရာဝတီမြစ်ရေအခြေနေလေးပြောပြပါအုံးဗျ

win ko thu

win ko thu

လွန်ခဲ့သော ၂ နှစ် က

ကျေးဇူးပါဆရာယခုလိုမိုးလေ၀သသတင်များသည်ရှိရသည်အတွက်

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ

ကိုချမ်း • ဖြေကြားချက် 1 ခု

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 1 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....