အစိမ်းရောင်လမ်း
မိုးလယ်ကာလ ဘယ်တော့ကုန်မလဲ..?

မိုးလယ်ကာလ ဘယ်တော့ကုန်မလဲ..?

ECMWF forecast 2024 မှ ၁ နာရီ ၄၅ မိနစ်အချိန်ရရှိသည့်ဒေတာများအရ

၂၀၂၄ ခုနှစ်မိုးရာသီရဲ့ မိုးလယ်ကာလဟာ ဩဂုတ်လ ၃၁ ရက်နေ့မှ ကုန်ဆုံးပြီး မိုးနှောင်းကာလထဲကိုဝင်ရောက်မှာ ဖြစ်ပါတယ်။

ဒီကာလအတွင်းမှာ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းတွေက အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများအပေါ်မှာ ရံဖန်ရံခါဖြစ်ပေါ်လေ့ရှိပြီး အနောက်တောင်မုတ်သုံလေကို အားကောင်းနေစေမှာဖြစ်ပါတယ်။ အလားတူ တောင်တရုတ်ပင်လယ်နဲ့ တရုတ်ပြည်မ အနောက်တောင်ဘက်ကမ်းခြေဒေသများပေါ်မှာလဲ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းတွေ မကြာခဏဆိုသလို ဖြစ်ပေါ်လာတတ်ပါတယ်။ တောင်တရုတ်ပင်လယ်ဘက်မှာရော၊ ဘင်္ဂလားပင်လယ်အော်၊ အာရေဗျပင်လယ်တွေဘက်မှာရော မုန်တိုင်းဖြစ်ပေါ်နိုင်မဲ့ ကြိုတင်ခန့်မှန်းချက်တွေတော့ ဩဂုတ်လ ၂၂ ရက်အထိ ကြိုတင်တွေ့မြင်ရခြင်း မရှိပါဘူး။

ဒီနေ့ ... ဩဂုတ်လ ၁၃ ရက် နေ့လည်ပိုင်းမှာရရှိတဲ့ ECMWF model forecast က အိန္ဒိယနိုင်ငံတောင်ပိုင်းအစွန်၊ သီရိလင်္ကာကျွန်းအနောက်ဘက်မှာ လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်နေပြီး ၂၄ နာရီအတွင်း မြောက်ဘက်(အိန္ဒိယနိုင်ငံတောင်ဘက်စွန်ပြည်နယ်များဘက်)သို့ရွေ့လျားကာ အိန္ဒိယနိုင်ငံတောင်ပိုင်းကုန်းတွင်းကို ဝင်ရောက်သွားမယ်၊ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအနေနဲ့ဆက်လက်တည်ရှိနေနိုင်မယ်လို့ ခန့်မှန်းထားတာ တွေ့ရပါတယ်။

ဒီအခြေအနေကြောင့် ...

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ အနောက်တောင်မုတ်သုံလေအားအလွန်ကောင်းလာကာ

နောက် ၃ ရက်(၇၂ နာရီအတွင်း) -

မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ နေပြည်တော်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် မိုးများနိုင်ပြီး၊ ကျန်ပြည်နယ်တိုင်းအားလုံး မိုးအသင့်အတင့်ရွာနိုင်ပါမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။  

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

2
ဦးကြည်ဝင်း

ဦးကြည်ဝင်း

လွန်ခဲ့သော ၁ နှစ် က

ဧရာဝတိတိုင်းရေအခြေနေပြောပေးပါခင်ဗျာပြန်လည်စိုက်ပျိုးရန်ဖြေကြားပေးပါဗျာ

u khaing win

u khaing win

လွန်ခဲ့သော ၁ နှစ် က

thanks

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....