မုန်တိုင်းအားလျော့သွားသော်လည်း မိုးလျော့နိုင်ဖွယ်မရှိ
မိုးဇလရဲ့ ဒီနေ့ ဩဂုတ် ၂ ရက် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်ကို ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း သို့မဟုတ် မုန်တိုင်းငယ်ဟာ ကုန်းတွင်းဝင်ပြီး အားပျော့သွား တော့မှာဖြစ်ပေမဲ့ မိုးများနေတဲ့အခြေအနေတွေကတော့ လျော့ကျသွားနိုင်စရာမရှိဘူးလို့ နိုင်ငံတကာ မိုးလေဝသထုတ်ပြန်ချက်တွေကိုကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။
‘ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်ကုန်းတွင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်း ငယ်(Deep Depression)သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး၊ နောက်(၆)နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဂျက်ခန်းပြည်နယ်ကို ဖြတ် ကျော်ပြီးနောက် မုန်တိုင်းငယ်(Depression)အဖြစ်သို့လည်းကောင်း၊ နောက်(၃၀) နာရီအတွင်း လေဖိအားနည်းရပ်ဝန်း(Low Pressure Area)အဖြစ်သို့လည်းကောင်း တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်’ လို့ မိုးဇလက ထုတ်ပြန်ထားတာပါ။
ဒီလိုအားလျော့သွားမှုကြောင့် မိုးတွေလျော့သွားနိုင်သလား၊ နောက် ၃ ရက်အတွင်း (ဩဂုတ် ၂ ရက် မွန်းလွဲ ၃ နာရီမှ ဩဂုတ် ၅ ရက် မွန်းလွဲ ၃ နာရီထိ) ဘယ်ဒေသတွေမှာ မိုးများပြီး ဘယ်ဒေသတွေ မိုးနည်းနိုင်သလဲဆိုတာတွေကို ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြ ပေးလိုက်ပါတယ်။
မုန်တိုင်း လက်ရှိအခြေအနေနဲ့ အလားအလာ
“ ဒီမှာ JTWC (အမေရိကန်ရေတပ်မိုးလေဝသဌာန) က အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဆိုပြီးထုတ်တယ်။ အိန္ဒိယမိုးလေဝသနဲ့ မိုးဇလကကျတော့ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း သို့မဟုတ် မုန်တိုင်းငယ်ဆိုပြီးပဲထုတ်တယ်။ အဲ့ဒီနှစ်ခုကွာတဲ့ အချက်လေး အရင်ပြောပြမယ်”
“ အဓိက လေတိုက်နှုန်းသတ်မှတ်ပုံတွေ မတူတာပေါ့။ အဲ့ဒါကြောင့် JTWC က ဆိုင်ကလုန်းမုန်တိုင်း 04B Four ဆိုပြီးထုတ်တယ်။ အိန္ဒိယမိုးလေဝသဌာနကတော့ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ် ဆိုပြီးပဲ ထုတ်တယ်။ အဲ့တော့ အိန္ဒိယမိုးလေဝသနဲ့ မိုးဇလက ယူတဲ့လေတိုက်နှုန်းကကျ သုံးမိနစ် ဆက်တိုက်တိုက်တဲ့ လေတိုက်နှုန်းကို စံယူတယ်။ JTWC ကကျ တစ်မိနစ်ဆက်တိုက်တိုက်တဲ့ လေတိုက် နှုန်းကို စံသတ်မှတ်တယ်။ အဲ့ဒီမှာ မုန်တိုင်းအဆင့်သတ်မှတ်ချက်တွေ ကွဲသွားတာပဲ”
“ အခုလက်ရှိမှာ အိန္ဒိယမိုးလေဝသဌာနက သတ်မှတ်ထားတာက တစ်နာရီ ၃၅ မိုင်နှုန်းပဲ သတ်မှတ် တယ်။ အဲ့ဒီအချိန်မှာ JTWC က မိုင် ၄၀ နဲ့အထက်ထိ သတ်မှတ်တယ်။ အဲ့ဒီမှာကွာသွားတာ။ ဖိအား အဆင့် သတ်မှတ်ပုံကျတူတူပဲ။ ဆိုင်ကလုန်းမုန်တိုင်းအဆင့်သတ်မှတ်တာနဲ့ အားကောင်းတဲ့ လေဖိအားနည်း ရပ်ဝန်းအဆင့်သတ်မှတ်တာတွေ ကွာသွားတာက အဲ့ဒါကြောင့်ပါပဲ”
“ အဲ့တော့သူကလောလောဆယ်မှာ အနောက်ဘင်္ဂလားပင်လယ်ကိုဖြတ်ပြီးတော့ အိန္ဒိယကုန်းတွင်းထဲကိုတော့ သွားနေတယ်။ ဒါပေမဲ့ ကမ်းခြေနဲ့ကျ သိပ်မဝေးသေးဘူး။ ဆိုတော့ သူ့ရဲ့ လေတိုက်နှုန်းအနေ အထားက ပင်လယ်ပြင်မှာ အနောက်တောင်မုတ်သုံလေအားက တစ်နာရီကို မိုင် ၄၀ ကနေ ၅၀ လောက်ထိ ဖြစ်နေတုန်းပဲ။ အဲ့ဒါကြောင့်မို့လို့လည်း မိုးနည်းတဲ့ဒေသ ပိုကျဉ်းသွားတာပေါ့။ ဆိုတော့ တစ်နိုင်ငံလုံးမိုးရွာမယ့်အနေအထားကတော့ ဆက်ရှိမယ်”

လာမည့် ၃ ရက် (၇၂ နာရီ) အတွင်း မိုးနည်း၊ မိုးများနိုင်မည့်ဒေသများ (ဆရာဦးဝင်းနိုင်ခန့်မှန်းချက်)
လက်ရှိနှုန်းထားအတိုင်းပဲ ဆက်သွားနေမှာပဲ။ တစ်ခုပဲ အလယ်ပိုင်းဒေသလေးတွေတော့ အပြောင်းအလဲနည်းနည်းရှိသွားမယ်။ ဥပမာ မန္တလေးတိုင်းထဲဆိုရင် သပိတ်ကျင်းမြို့နယ်လေးတစ်ခုပဲ မိုးနည်းနိုင်တဲ့ထဲ ပါတော့မယ်။ အဲ့လိုပဲ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းဆိုလည်း အရင်သုံးရက်နဲ့ယှဉ်ရင် မိုးနည်းနိုင်တဲ့ ဒေသလေးတွေ နည်းနည်းပြောင်းသွားတယ်။
ဆိုတော့ ကျွန်တော်ခန့်မှန်းတာတော့ ပြီးခဲ့တဲ့အနေအထားထက်ကို နည်းနည်းလေးတောင် မိုးပိုလာသေးတယ်။
မိုးနည်းနိုင်သည့်ဒေသများ ( မိုးရေချိန် ၀.၁၆ လက်မ မှ ၀.၂၂ လက်မအထိ ရွာနိုင်)
- မန္တလေးတိုင်း (သပိတ်ကျင်းမြို့နယ်)
- မကွေးတိုင်း (ကံမ၊ ပေါက်၊ မြိုင်၊ ရေစကြို၊ ငသရောက် မြို့နယ်များ)
- စစ်ကိုင်းတိုင်း(ပုလဲ၊ ချောင်းဦး၊ ယင်းမာပင်၊ မုံရွာ၊ ဘုတလင်၊ အရာတော်မြို့နယ်များ)
မိုးအသင့်အတင့်ရွာနိုင်သည့်ဒေသများ ( မိုးရေချိန် ၁.၂ လက်မ မှ ၂ လက်မခန့်အထိ ရွာနိုင်)
- ကချင်ပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း အနောက်ပိုင်း၊ ရှမ်းပြည်နယ်အနောက်ပိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကယားပြည်နယ်၊ ချင်းပြည် နယ်၊ တနင်္သာရီတိုင်းတောင်ပိုင်း(မြိတ်မြို့အောက်ဘက်)
မိုးများနိုင်သည့်ဒေသများ (၃ လက်မအထက် - ၅ လက်မအထိ)
- ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်းအရှေ့ခြမ်း(စစ်တောင်မြစ်ဝှမ်းတလျှောက်)၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း(မြိတ်မြို့အထက်ပိုင်း)
မိုးအလွန်များနိုင်သည့်ဒေသများ (၆ လက်မ မှ ၁၀ လက်မကျော်အထိ ရွာနိုင်)
- ကချင်ပြည်နယ်တောင်ပိုင်း - မြို့လှ၊ ဆင်ဘို၊ မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း၊ ကာမိုင်း၊ ဖားကန့်ဝန်းကျင်
- ပင်လယ်ပြင်ဒေသတွေဖြစ်တဲ့ ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီအနောက်ပိုင်းကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ် ကမ်းနီးရေလုပ်ငန်းလုပ်ကွက်များနှင့် မွန်၊ တနင်္သာရီကမ်းရိုးတန်း ကမ်းနီးပင်လယ်ပြင်တွေမှာ ဩဂုတ် ၄ ရက်နေ့အထိ လေတိုက်နှုန်း တစ်နာရီ ၂၅ မိုင်မှ မိုင် ၃၀၊ လှိုင်းအမြင့် ၉ ပေ မှ ၁၁ ပေအထိ ရှိနိုင်သေးတယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။
Photos Crd_ U Win Naing
Crd_မိုးဇလ
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
ဦးဝင်းနိုင်
လွန်ခဲ့သော ၃ နှစ် ကဖြူးမြို့မှာ ဩဂုတ်လ ၁၉ ရက်နေ့အထိ နေ့စဉ် မိုးရေချိန် ၀.၅ လက်မှ ၁ လက်မအထိ မိုးရွာနေပါမယ်၊ ရွာရန်ရာခိုင်နှုန်း ၈၅% မှ ၁၀၀% အထိရှိနေပါမယ်။
soe thain
လွန်ခဲ့သော ၃ နှစ် ကbago.distrik tangoon division phyu city
ဆုမြတ်နိုး
လွန်ခဲ့သော ၃ နှစ် ကမိုးများပါမယ်ရှင့်
ဆုမြတ်နိုး
လွန်ခဲ့သော ၃ နှစ် က<a href="https://greenwaymyanmar.com/posts/weather_forecast_by_U_Win_Naing_Aug_two">မုန်တိုင်းအားလျော့သွားသော်လည်း မိုးလျော့နိုင်ဖွယ်မရှိ</a>
u Than Myint
လွန်ခဲ့သော ၃ နှစ် ကပဲခူးတိုင်း ကဝမြို့နယ်မိုးအနဲအများသိပါရစေခင်ဗျား
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026