အစိမ်းရောင်လမ်း
ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့်တောင်တရုတ်ပင်လယ်တို့တွင် ဖြစ်ပေါ်နိုင်သည့်လေဖိအားနည်းရပ်ဝန်းများကြောင့် မိုးရွာသွန်းမည့်အခြေအနေUpdate

ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့်တောင်တရုတ်ပင်လယ်တို့တွင် ဖြစ်ပေါ်နိုင်သည့်လေဖိအားနည်းရပ်ဝန်းများကြောင့် မိုးရွာသွန်းမည့်အခြေအနေUpdate

ဇူလိုင် ၁၃ ရက် နံနက် ၉ နာရီခွဲ update ECMWF, GEFS, GFS, ICON, ECMWF AIFS update အရ

သင်္ချာပုံစံပြုကြိုတင်ခန့်မှန်းရေးမော်ဒယ်များ၏ ခန့်မှန်းချက်များမှာ ဇူလိုင် ၁၄-၁၅ ရက်နေ့များတွင်တကြိမ်၊ ဇူလိုင် ၁၈-၁၉ ရက်နေ့များတွင်တကြိမ် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် တောင်တရုတ်ပင်လယ်ပြင်တွေမှာ လေဖိအားနည်းရပ်ဝန်းများဖြစ်ပေါ်နိုင်ကြောင်း တွေ့ရပါတယ်။

🔸 ဒီအခြေအနေများကြောင့် နောက်လာမဲ့ ၂၄ နာရီအတွင်း ချင်းတွင်းမြစ်နှင့်ဧရာဝတီမြစ်တို့ မြစ်ဖျားခံရာ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများ၊ ရခိုင်ပြည်နယ်၊  ချင်းပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွေမှာ မိုးများနိုင်ပါတယ်။

🔸 နောက်လာမည့် ၃ ရက်(ဇူလိုင် ၁၃ ရက်မှ ၁၅ ရက်)အတွင်းမှတော့ အလယ်ပိုင်းဒေသများ(စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း)အပါအဝင် တနိုင်ငံလုံးမှာ မိုးရွာနိုင်ပြီး ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရခိုင်ပြည်နယ်၊ နေပြည်တော်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတွေမှာဒေသအလိုက်မိုးသည်းထန်နိုင်ပါတယ်။

🔸 နောက်လာမည့် ၅ ရက် ဇူလိုင် ၁၃ ရက်မှ ဇူလိုင် ၁၇ ရက်)အတွင်း တစ်နိုင်ငံလုံးမှာ မိုးရွာနိုင်ပြီး၊ ဒေသအလိုက် မိုးများနိုင်/မိုးသည်းထန်နိုင်တဲ့ အခြေအနေများဖြစ်ပေါ်နိုင်ပါတယ်။

🔸 ဧရာဝတီမြစ်တစ်လျှောက် အောက်အရပ်များအထိမြင့်တက်လာနေတဲ့ မြစ်ရေအခြေအနေနဲ့ ဇူလိုင် ၁၈-၁၉ ရက် ရေထရက် ပင်လယ်ဒီရေမြင့်တက်နိုင်သည့်ခြေအနေ၊ မိုးများလာနိုင်မည့်အခြေအနေများကြောင့် မြစ်ရေမြင့်တက်ပြီးဒေသများမှ ရေပြန်ကျချိန်နှောင့်နှေးနေနိုင်ပါတယ်။

🔸 ရေနဲ့ပတ်သက်သော သဘာဝဘေးများအတွက် မြစ်ကမ်းချောင်းကမ်းဘေး အနိမ့်ပိုင်းရပ်ကွက်များမှာနေထိုင်သူများအထူးသတိပြုနေထိုင်ကြရန်လိုအပ်ပါကြောင်း အသိပေးတင်ပြလိုက်ပါတယ်။

ပြည်နယ်တိုင်းမြို့များတွင် မိုးရွာနိုင်မည့်အခြေအနေကြည့်ရန်

https://www.mmweather.org/divisional-cities-weather

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

4
ya

ya

လွန်ခဲ့သော ၂ နှစ် က

ချောက်မြို့ဘက်မှာတော့ မိုးလုံးဝမရွာလို့ မြေပဲပင်တွေ သေတော့မယ်

ပပဖြိုး

ပပဖြိုး

လွန်ခဲ့သော ၂ နှစ် က

ကျေးဇူးပါ မကွေမှာနှမ်း၊မြေပဲများသေကုန်ပါပြီမိုးရွာမည်ဆိုတော့ကျန်တဲ့အပင်တွေသိမ်းရအုံးမှာပေါ့

win ko thu

win ko thu

လွန်ခဲ့သော ၂ နှစ် က

ကျေးဇူးပါ

ko thein htut

ko thein htut

လွန်ခဲ့သော ၂ နှစ် က

အခုလိုပြောလို့ကျေးဇူးတင်ပါတယ်

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....