မိုးရာသီရောက်လာနိုင်တော့မည့် လက္ခဏာများကို တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်မှာ စတင်တွေ့မြင်နေရ
အနောက်တောင်မုတ်သုံလေဝင်ရောက်ပြီး မုတ်သုံမိုးရာသီရောက်လာနိုင်တော့မည့် လက္ခဏာများကို တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တွေမှာ စတင်တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်လာတဲ့အခြေအနေများကြောင့် အနောက်တောင်မုတ်သုံလေဝင်ရောက်နိုင်ချေကလဲ ပုံမှန်ရက်များနီးပါးဝင်ရောက်နိုင်မယ်လို့တော့ ခန့်မှန်းရပါတယ်။
💦 မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက် တောင်ဘက်အစွန်မှ မြောက်ဘက်အထိ ကော့သောင်း၊ မြိတ်၊ ထားဝယ်၊ ရေး၊ မော်လမြိုင်၊ ဘီးလင်း စတဲ့မြို့များရဲ့ မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်များမှာ -
တနင်္သာရီတိုင်းမြို့တွေဆိုရင် မေလ ၇ ရက်(ယနေ့)မှ စတင်ပြီး မေလ ၂၀ ရက်အတွင်း နေ့စဉ် မိုးပုံမှန်ရွာနိုင်မဲ့ အခြေအနေများဖြစ်လာတာ တွေ့နေရပါတယ်။
💦 မွန်ပြည်နယ်မြို့များကတော့ ရက်အနည်းငယ်နောက်ကျကာ မေလ ၁၅ ရက်နောက်ပိုင်းမှ မိုးမှန်လာနိုင်ကြောင်း တွေ့ရပါတယ်။
💦 မိုးရွာရန်ရာခိုင်နှုန်းများအနေနဲ့ဆိုရင်လဲ တနင်္သာရီတိုင်းမြို့တွေမှာ အနည်းဆုံး ၆၀% မှ ၉၀% ၊ မွန်ပြည်နယ်ကမ်းရိုးတန်းအနီးကမြို့တွေမှာ အနိမ့်ဆုံး ၅၅% မှ ၈၀% အထိရှိလာတာဖြစ်ပါတယ်။

ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်အတွင်းမှာ မေလ ၂၃ နေ့အထိ GEFS Model(ENSEMBLE)ကြိုတင်ခန့်မှန်းချက်များအရ မုန်တိုင်း/လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်မဲ့အခြေအနေများ မရှိကြောင်း၊ အနောက်-အနောက်တောင်ဘက်မှ လေတိုက်ခတ်မှုအခြေအနေတဖြည်းဖြည်းတိုးမြင့်လာနိုင်ကြောင်းတို့ကိုလည်း တွေ့ရပါတယ်။
လတ်တလောရရှိတဲ့ ကြိုတင်ခန့်မှန်းချက်များအရ -
မကြာမီရက်များအတွင်းမှာ အများမျှော်လင့်နေကြတဲ့ မိုးရာသီကာလကိုရောက်ရှိပြီး မုတ်သုံမိုးများရွာနိုင်မဲ့ အချိန်တဖြည်းဖြည်းနီးကပ်လာပြီဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။
ဒါ့အပြင် နောက်ဆုံး Data အရ မေလ ၇ ရက်နေ့ ညနေပိုင်း မွန်-တနင်္သာရီဒေသအပေါ် တိမ်တွေဖြစ်လာတာက ပိုများ၊ ပိုထူလာပါတယ်။
မုတ်သုံဝင်မဲ့ လက္ခဏာတွေ စပြီးမြင်လာရပါပြီ။ ရွာသွန်းမြဲပြည့်မီအောင် မိုးရွာဖို့ပဲ လိုတော့တယ်။
ဆိုတော့ စပါးရိတ်ရဦးမယ့် တောင်သူဦးကြီးများလည်း မေ ၂၀ ရက်မတိုင်ခင် အပြီးရိတ်နိုင်ရင်ရိတ်၊ အမိုးအကာပြင်ဆင်သင့်တာပြင်ဆင်ကြရမဲ့ အချိန်ရောက်လာပါပြီ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
သန်ထွန်
လွန်ခဲ့သော ၂ နှစ် ကကျေဇူးပါ
ဝင်းဇော်ထွန်း
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါပဲ
ကိုထွန်းနိုင်ဦး
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါ ဗျ
စိုးသူ
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးတင်ပါတယ်ခင်ဗျ။မိုးကိုမျှော်နေတာ။
win ko thu
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးတင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဝင်းနိုင်
အားလုံး
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
04/08/2026
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
လာမည့် ၇၂ နာရီအလွန် ပဲခူးမြို့အပါအဝင် မုတ္တမကွေ့နှင့် ကပ်လျက်ဒေသများ မိုးအလွန်သည်းထန်နိုင်
28/07/2026