ဩဂုတ်လ ၅ ရက် မှ ၁၁ ရက်အထိ ဖြစ်ပေါ်နိုင်သော မြစ်ရေသတိပေးချက်နှင့် မိုးရွာသွန်းနိုင်သည့်အခြေအနေ
ဩဂုတ်လ ၄ ရက် နေ့လည် ၁၂ နာရီတွင် ရရှိသည့် ဒေတာများအရ ဩဂုတ်လ ၅ ရက် မှ ဩဂုတ်လ ၁၁ ရက်အထိ ၇ ရက် ၁ ပတ်အတွင်း
ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်များနှင့် တောင်တရုတ်ပင်လယ်တို့တွင် ထူးခြားသောမိုးလေဝသဖြစ်စဉ်များ (လေဖိအားနည်းရပ်ဝန်း မုန်တိုင်းဖြစ်ပေါ်နိုင်ခြင်းမရှိပါ)။
🔸 ဩဂုတ်လ ၁၂ ရက်နေ့မှ စတင်၍ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် အမြင့် ၅၀၀၀ နှင့်အထက်လေထုလွှာအတွင်း အထက်လေပွေလှိုင်း(Upper Air Cyclonic Circulation – UACC) ၁ ခု ဖြစ်ပေါ်နိုင်ပါတယ်။
🔸 အထက်လေပွေလှိုင်း UACC သည် အားပိုကောင်းလာပြီး ဩဂုတ်လ ၁၅-၁၆ ရက်များမှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာပြီး၊ မြောက်ဘက်(ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံနယ်စပ် ကမ်းရိုးတန်းဘက်)သို့ ဆက်လက်ရွေ့လျားနိုင်ပါတယ်။
🔸 ဖြစ်ပေါ်လာနိုင်တဲ့ ပင်လယ်ပြင် ထူးခြားမိုးလေဝသအခြေအနေကြောင့် ဘင်္ဂလားပင်လယ်အော်တခုလုံးမှာ အနောက်တောင်မုတ်သုံလေ အားပြန်ကောင်းလာနိုင်ပါတယ်။

ဩဂုတ်လ ၅ ရက် မှ ၁၁ ရက်အထိ ၁ ပတ်အတွင်း မြန်မာတနိုင်ငံလုံးတွင် ရွာသွန်းရရှိနိုင်သည့် မိုးရေချိန်အခြေအနေအနေနဲ့ -
🔸 မကွေးတိုင်း၊ မန္တလေးတိုင်းအနောက်ဘက်(မလှိုင်မြို့ အနောက်ဘက်)၊ ဧရာဝတီတိုင်းမြောက်ဘက်(ဟင်္သာတမြို့မြောက်ဘက်)၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသအချို့တွင် ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် ၁.၅ လက်မအောက်ရှိနိုင်ပြီး မိုးရွာသွန်းမှု နည်းနေနိုင်ပါတယ်။
🔸 ကျန်ပြည်နယ်တိုင်းဒေသများတွင် ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မ အထက် ၇ လက်မအထိ ရွာသွန်းရရှိနိုင်ပြီး မိုးရွာသွန်းမှု အသင့်အတင့်မှ နေရာကွက်၍ မိုးများခြင်းရှိနိုင်ပါမည်။
ဩဂုတ် ၄ ရက် ညနေ ၄ နာရီ ၃၀ မိနစ် အချိန်တွင် Global Flood Awareness and Global Flood Monitoring System များမှ ဩဂုတ် ၄ ရက်နေ့တွင် ရရှိသည့် update အချက်အလက်များအရ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်းနှင့်အရှေ့ပိုင်းရှိ သံလွင်မြစ်၊ အင်းလေးဒေသတွေမှာ အနီရောင်အဆင့် သတိပေးချက်(HIGH ALERT LEVEL) ဩဂုတ်လ ၁၈ ရက်အထိ ဆက်ရှိနေဦးမှာဖြစ်ကြောင်း တွေ့ရပါတယ်။
သံလွင်မြစ် - ကွမ်းလုံ၊ တာကော် reporting station များတွင် ရေစီးနှုန်းအတက် 🔺ပြနေပြီး ကယားပြည်နယ် ဖားဆောင်းတွင် အကျ 🔻ပြနေပါတယ်။
ပဲခူးတိုင်းအရှေ့ခြမ်း၊ တောင်ငူခရိုင်အတွင်းမှာ ရေစီးနှုန်းတန့် 🔴 နေပြီး၊ ဩဂုတ်လ ၁၈ ရက်အထိ အနီရောင်အဆင့် သတိပေးချက်ဆက်ရှိနေမှာဖြစ်ကြောင်း တွေ့ရပါတယ်။
ကယားပြည်နယ် ဖယ်ခုံ မှာလဲ အင်းလေးဘက်မှ စီးဆင်းလာတဲ့ရေစီးနှုန်း တန့်နေပြီး EXTREME LEVEL ALERT(ခရမ်းရောင်)မှာ ဩဂုတ်လ ၁၈ ရက်အထိ ဆက်ရှိနေနိုင်မှာဖြစ်ကြောင်း တွေ့ရပါတယ်။
ဩဂုတ်လ ၅ ရက် မှ ၁၁ ရက်အထိ ၇ ရက် မိုးလေဝသခန့်မှန်းချက်များမှာ
ပင်လယ်ပြင်တွင် ထူးခြားမိုးလေဝသအခြေအနေဖြစ်ပေါ်နိုင်ခြင်းမရှိ၊ တောင်တရုတ်ပင်လယ်မှာလည်း မုန်တိုင်းဖြစ်ပေါ်ခြင်းမရှိတာကြောင့် မိုးအားလျော့နည်းနေတာက မြစ်ရေမြင့်တက်လာနိုင်ချေကို လျော့ပါးစေပြီး သတိပေးချက်အဆင့်(ALERT LEVEL)တွေ လျော့လာနိုင်ပါတယ်။
မိုးလယ်ကာလကုန်ဆုံးချိန် ဩဂုတ်လ ၃၁ ရက်နေ့အထိ နေရာကွက်ပြီး မိုးသည်းထန်နိုင်တာ၊ မိုးရေချိန်များနိုင်တာ၊ ရုတ်တရက်ရေကြီးခြင်း(Flash Flood)ဖြစ်နိုင်တာတွေကိုလည်း သတိရှိရှိနဲ့ ဆက်လက်စောင့်ကြည့်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။
မန္တလေးတိုင်း မြစ်ငယ်မြစ်နှင့်ဇော်ဂျီမြစ် - "အဝါရောင် MEDIUM LEVEL ALERT တွင်ဩဂုတ်လ ၁၈ ရက်အထိ ဆက်လက်ရှိနေနိုင်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဝင်းနိုင်
အားလုံး
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
04/08/2026
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
လာမည့် ၇၂ နာရီအလွန် ပဲခူးမြို့အပါအဝင် မုတ္တမကွေ့နှင့် ကပ်လျက်ဒေသများ မိုးအလွန်သည်းထန်နိုင်
28/07/2026