အစိမ်းရောင်လမ်း
အချိန်အခါမဟုတ်မိုး ရွာသွန်းနိုင်မည့်ဒေသများအတွက် ကြိုတင်ခန့်မှန်းချက်

အချိန်အခါမဟုတ်မိုး ရွာသွန်းနိုင်မည့်ဒေသများအတွက် ကြိုတင်ခန့်မှန်းချက်

ဒီဇင်ဘာ ၁၇ ရက် နေ့လယ် ၁ နာရီ ၂၅ မိနစ်အချိန် ရရှိသည့်ဒေတာများအရ

 

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်းရပ်ဝန်း(INVEST-91B)သည်..

🔸 GEFS Model များခန့်မှန်းချက်အရ အနောက်မြောက်-မြောက်၊ အရှေ့မြောက်အရပ်တို့သို့ရွေ့လျားပြီး ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းသို့ရောက်ရှိနိုင်ကြောင်း၊

🔸 GEPS Model ခန့်မှန်းချက်အရ မြောက်-အနောက်မြောက်သို့ရွေ့လျားပြီး အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်ကမ်းခြေသို့ ဦးတည်ရွေ့လျားနိုင်ကြောင်း၊

🔸 ECMWF Model များ(51 models ensemble) ခန့်မှန်းချက်အရဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေအထိ ဦးတည်ရွေ့လျားနိုင်ကြောင်း .. စသည်ဖြင့်လမ်းကြောင်းကြိုတင်ခန့်မှန်းချက်များကို တွေ့ရပါတယ်။

🔸 INVEST-91B မှ ဆိုင်ကလုန်းမုန်တိုင်းအဆင့်အထိ ပိုမိုအားကောင်းလာနိုင်မည့် ဖြစ်နိုင်ချေသည် ၂၄ နာရီမှ ၄၈ နာရီအတွင်း LOW အဆင့်(ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေနည်းပါးနေဆဲ)သာရှိနေကြောင်း JTWC ကြိုတင်ခန့်မှန်းချက်မှာတွေ့ရပြီး၊ လက်ရှိ အမြင့်ဆုံးလေတိုက်နှုန်း 15 knots to 17 knots - တစ်နာရီ ၁၇ မိုင်မှ တစ်နာရီ မိုင် ၂၀ ခန့်ရှိနေကြောင်းလည်းတွေ့ရပါတယ်။

INVEST-91B ဆက်လက်ရွေ့လျားနိုင်မည့်အခြေအနေနှင့် ဖြစ်လာနိုင်မည့် မုန်တိုင်းအရှိန်ကြောင့် -

💦 ဒီဇင်ဘာ ၂၁ ရက် မှ ၂၃ ရက် အတွင်း  ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ နေပြည်တော်နှင့် ပဲခူးတိုင်းမြောက်ပိုင်းတို့တွင် မိုးအသင့်အတင့်မှ မိုးများနိုင်ပါမည်။

🔸 ပြည်နယ်တိုင်းများအလိုက် နောက်လာမည့် ၄ ရက်အတွက် မိုးလေဝသအခြေအနေကြည့်ရန် -

https://www.mmweather.org/divisional-cities-weather

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

2
မအေးသန်း

မအေးသန်း

လွန်ခဲ့သော ၁ နှစ် က

ရပါပြီကျေးဇူးပါဗျ

ဆုမြတ်နိုး

ဆုမြတ်နိုး

လွန်ခဲ့သော ၁ နှစ် က

🔸ယနေ့နေ့လယ် ၁၂ခွဲအချိန် ရရှိသည့် WINDY ပေါ်က ကြိုတင်ခန့်မှန်းရေး မော်ဒယ်တွေရဲ့ ခန့်မှန်းချက်တွေအရ - INVEST-91B(လေဖိအားနည်းရပ်ဝန်း(LPA)အဆင့်က မြောက်လတ္တီတွဒ် ၁၀ ဒီဂရီကိုကျော်ပြီး မြောက်ဘက်ကို ပိုရွေ့လာတယ်။ 🔸 ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းက ပင်လယ်ရေမျက်နှာပြင်အပူချိန်က ၂၄-၂၅ °C လောက်အထိ ကျနေပြီး မြောက်ဘက်က လေအေးတွေလဲ စီးဝင်နေတာရှိတော့ မုန်တိုင်းအားကောင်းစေမဲ့ အပူချိန်မရှိတာကြောင့် မြောက်ပိုင်းရောက်လေ အားပျော့သွားလေဖြစ်နိုင်မယ်၊ မြောက်ဘက်၊ ဘင်္ဂလားဒေ့ရှ်/မြန်မာနယ်စပ်အထိတော့ မရောက်နိုင်ဘူး၊ အများဆုံးဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာတင် တောင်ဘက်ကို ပြန်ကွေ့ပြီး အားပျော့သွားနိုင်ပါတယ်။ ဒီနေ့ရရှိတဲ့ ကြိုတင်ခန့်မှန်းချက်တွေအရ 🔸 မြန်မာပြည်ဘက်ကိုမိုးရွာနိုင်မဲ့ အခြေအနေကတော့ ဒီဇင်ဘာ ၂၀ ရက် ညပိုင်းက စ ပြီး ဒီဇင်ဘာ ၂၃ ရက်အထိ - ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ မိုးအသင့်အတင့်(၂၄ နာရီ မိုးရေချိန် ၁ လက်မ ဝန်းကျင်ခန့်)၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း ဒေသအချို့မှာ မိုးအနည်းငယ်(၂၄ နာရီ မိုးရေချိန် လက်မဝက်ခန့်) ရွာနိုင်မယ်လို့သာ ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့ရပါတယ်။🔸ယနေ့နေ့လယ် ၁၂ခွဲအချိန် ရရှိသည့် WINDY ပေါ်က ကြိုတင်ခန့်မှန်းရေး မော်ဒယ်တွေရဲ့ ခန့်မှန်းချက်တွေအရ - INVEST-91B(လေဖိအားနည်းရပ်ဝန်း(LPA)အဆင့်က မြောက်လတ္တီတွဒ် ၁၀ ဒီဂရီကိုကျော်ပြီး မြောက်ဘက်ကို ပိုရွေ့လာတယ်။ 🔸 ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းက ပင်လယ်ရေမျက်နှာပြင်အပူချိန်က ၂၄-၂၅ °C လောက်အထိ ကျနေပြီး မြောက်ဘက်က လေအေးတွေလဲ စီးဝင်နေတာရှိတော့ မုန်တိုင်းအားကောင်းစေမဲ့ အပူချိန်မရှိတာကြောင့် မြောက်ပိုင်းရောက်လေ အားပျော့သွားလေဖြစ်နိုင်မယ်၊ မြောက်ဘက်၊ ဘင်္ဂလားဒေ့ရှ်/မြန်မာနယ်စပ်အထိတော့ မရောက်နိုင်ဘူး၊ အများဆုံးဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာတင် တောင်ဘက်ကို ပြန်ကွေ့ပြီး အားပျော့သွားနိုင်ပါတယ်။ ဒီနေ့ရရှိတဲ့ ကြိုတင်ခန့်မှန်းချက်တွေအရ 🔸 မြန်မာပြည်ဘက်ကိုမိုးရွာနိုင်မဲ့ အခြေအနေကတော့ ဒီဇင်ဘာ ၂၀ ရက် ညပိုင်းက စ ပြီး ဒီဇင်ဘာ ၂၃ ရက်အထိ - ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ မိုးအသင့်အတင့်(၂၄ နာရီ မိုးရေချိန် ၁ လက်မ ဝန်းကျင်ခန့်)၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း ဒေသအချို့မှာ မိုးအနည်းငယ်(၂၄ နာရီ မိုးရေချိန် လက်မဝက်ခန့်) ရွာနိုင်မယ်လို့သာ ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့ရပါတယ်။🔸ယနေ့နေ့လယ် ၁၂ခွဲအချိန် ရရှိသည့် WINDY ပေါ်က ကြိုတင်ခန့်မှန်းရေး မော်ဒယ်တွေရဲ့ ခန့်မှန်းချက်တွေအရ - INVEST-91B(လေဖိအားနည်းရပ်ဝန်း(LPA)အဆင့်က မြောက်လတ္တီတွဒ် ၁၀ ဒီဂရီကိုကျော်ပြီး မြောက်ဘက်ကို ပိုရွေ့လာတယ်။ 🔸 ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းက ပင်လယ်ရေမျက်နှာပြင်အပူချိန်က ၂၄-၂၅ °C လောက်အထိ ကျနေပြီး မြောက်ဘက်က လေအေးတွေလဲ စီးဝင်နေတာရှိတော့ မုန်တိုင်းအားကောင်းစေမဲ့ အပူချိန်မရှိတာကြောင့် မြောက်ပိုင်းရောက်လေ အားပျော့သွားလေဖြစ်နိုင်မယ်၊ မြောက်ဘက်၊ ဘင်္ဂလားဒေ့ရှ်/မြန်မာနယ်စပ်အထိတော့ မရောက်နိုင်ဘူး၊ အများဆုံးဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာတင် တောင်ဘက်ကို ပြန်ကွေ့ပြီး အားပျော့သွားနိုင်ပါတယ်။ ဒီနေ့ရရှိတဲ့ ကြိုတင်ခန့်မှန်းချက်တွေအရ 🔸 မြန်မာပြည်ဘက်ကိုမိုးရွာနိုင်မဲ့ အခြေအနေကတော့ ဒီဇင်ဘာ ၂၀ ရက် ညပိုင်းက စ ပြီး ဒီဇင်ဘာ ၂၃ ရက်အထိ - ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ မိုးအသင့်အတင့်(၂၄ နာရီ မိုးရေချိန် ၁ လက်မ ဝန်းကျင်ခန့်)၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း ဒေသအချို့မှာ မိုးအနည်းငယ်(၂၄ နာရီ မိုးရေချိန် လက်မဝက်ခန့်) ရွာနိုင်မယ်လို့သာ ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့ရပါတယ်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....