ယခုဖြစ်ပေါ်နေသောမုန်တိုင်း တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်မှအပ ကျန်ပြည်နယ်တိုင်းများတွင် မိုးရွာသွန်းနိုင်ချေမရှိ
နိုဝင်ဘာ ၃၀ ရက် ည ၁၀ နာရီတွင် ရရှိသည့်ဒေတာများအရ
ဆိုင်ကလုန်းမုန်တိုင်း DITWAH သည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိပြီး ဒီဇင်ဘာ ၁ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းပင်လယ်ပြင်တွင် နိုဝင်ဘာ ၃၀ ရက် ည၌ မုန်တိုင်းငယ်အဖြစ်လည်းကောင်း၊ ဒီဇင်ဘာ ၁ ရက်နေ့နံနက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းအဖြစ်လည်းကောင်း တဆင့်ပြီး တဆင့်အားပျော့သွားနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
တောင်တရုတ်ပင်လယ်၊ ဗီယက်နမ်တောင်ပိုင်းကမ်းခြေအနီးမှ တိုင်ဖွန်းမုန်တိုင်း KOTO သည် အပူပိုင်းမုန်တိုင်း(Tropical Storm – TS)အဖြစ်အားလျော့လာပြီး၊ ဒီဇင်ဘာ ၃ ရက် ညပိုင်းတွင် ဗီယက်နမ်တောင်ပိုင်းကမ်းခြေကို CAM RANH မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း SENYAR ၏အကြွင်းအကျန်များသည် လေဖိအားနည်းရပ်ဝန်း 34W အဖြစ် တောင်တရုတ်ပင်လယ်တွင် ပြန်လည်စုဖွဲ့လာသော်လည်း FUJIWARA EFFECT ကြောင့် တိုင်ဖွန်းမုန်တိုင်း KOTO နှင့် အင်အားပေါင်းပြီးနောက် နိုဝင်ဘာ ၃၀ ရက်တွင် ပျက်ပြယ်သွားပြီဖြစ်ပါတယ်။
ဒီဇင်ဘာ ၁ ရက် မှ ဒီဇင်ဘာ ၇ ရက်အထိ လက်ရှိဖြစ်ပေါ်နေသည့် မုန်တိုင်းများ၏ မြန်မာနိုင်ငံအပေါ်သက်ရောက်မှု မရှိပါ။ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် မိုးရွာသွန်းချေအနည်းငယ်မျှသာ ရှိနိုင်ပါမယ်။ မြိတ်၊ ကန်စောက်၊ ကော့သောင်းနှင့် ကရင်ပြည်နယ် စုကလိတို့တွင် ၂၄ နာရီ မိုးရေချိန် ၀.၀၃ လက်မ မှ ၀.၁ လက်မခန့်ရွာသွန်းနိုင်ပြီး၊ ကျန်ပြည်နယ်တိုင်းဒေသများတွင် မိုးရွာသွန်းနိုင်သည့်အခြေအနေမရှိပါ။
မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဝင်းနိုင်
အားလုံး
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
04/08/2026
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
လာမည့် ၇၂ နာရီအလွန် ပဲခူးမြို့အပါအဝင် မုတ္တမကွေ့နှင့် ကပ်လျက်ဒေသများ မိုးအလွန်သည်းထန်နိုင်
28/07/2026