၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်း ဇန်နဝါရီမှ ဧပြီအထိ မိုးရွာသွန်းနိုင်မှု ဖြစ်နိုင်ချေ ကြိုတင်ခန့်မှန်းခြင်း
၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်း ဇန်နဝါရီနှင့်ဖေဖော်ဝါရီလများတွင် မိုးရွာသွန်းနိုင်သည့်အခြေအနေသည် နှစ်စဉ်ရွာသွန်းမြဲအတိုင်းသာ ရွာသွန်းနိုင်မည့်အခြေအနေတွေ့ရသည်။ မိုးပိုမည်မဟုတ်/မိုးနည်းနိုင်မည်လည်းမဟုတ်ပါ။
(ပြီးခဲ့သောနှစ်များက ဤကာလအတွင်း မိမိနေထိုင်ရာဒေသအတွင်း မိုးရွာသွန်းမှုမရှိလျှင် မိုးရွာနိုင်မည်မဟုတ်ဟု ဆိုလိုပါသည်)။
နှစ်ဆန်းပိုင်း ပထမ ၂ လအတွင်း၊ ကချင်ပြည်နယ်တွင်တော့ မိုးရွာသွန်းနိုင်ချေသည် ရွာသွန်းမြဲအောက်သို့ကျနိုင်မည်၊ ပြီးခဲ့သောနှစ်များထက် မိုးရွာသွန်းမှုနည်းနေမည်ဟု တွေ့ရပါသည်။


🔸 ၂၀၂၅ ခုနှစ် မတ်လ တွင် မြန်မာနိုင်ငံတောင်ပိုင်းဒေသ(တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်)တွင် နှစ်စဉ်ရွာသွန်းမြဲအထက် မိုးပိုမိုရွာသွန်းနိုင်ကြောင်းတွေ့ရသည်၊ ၂၀၂၂ ခုနှစ် မတ်လက တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မတ်လ ၂၁ ရက်နေ့က ၂၄ နာရီအတွင်း မိုးရေချိန် ၁၂ မီလီမီတာရွာသွန်းခဲ့ရာ၊ မတ်လအတွင်း တရက်ရက်တွင် ဤမိုးရေချိန်ထက် ပိုမိုရွာသွန်းမည်ဟု ဆိုလိုခြင်းဖြစ်သည်။
🔸 ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ နေပြည်တော်၊ ကယားပြည်နယ်၊ မကွေးတိုင်းတောင်ပိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် နှစ်စဉ်ရွာသွန်းမြဲထက် မိုးပိုမိုရွာသွန်းနိုင်ကြောင်းတွေ့ရသည့်အတွက် "မိုးကြိုကာလဖြစ်သော ဧပြီလ ၁၆ ရက်မှ မေလ ၁၅ ရက်အတွင်း" မိုးအသင့်အတင့်မှ မိုးများနိုင်မည် သို့မဟုတ် မိုးဦးကာလ မိုးရွာချိန် အနည်းငယ်စောနိုင်မည်ဟု သုံးသပ်ရပါသည်။

🔸 အယ်လ်နီညိုမဟုတ်၊ လာနီညာမဟုတ် အစွန်းရောက် ရာသီဥတုဖြစ်စဉ်များမရှိသည့် ကြားနေ(NEUTRAL)ရာသီဥတုသည် ၂၀၁၃ ခုနှစ်နောက်ပိုင်း မရှိခဲ့ မဖြစ်ခဲ့သည်မှာ ၁၁ နှစ်ကြာခဲ့ပြီဖြစ်၍ အစွန်းရောက်ရာသီဥတုများမဖြစ်သည့် ကြားနေနှစ်(Neutral Year)လည်းဖြစ်နိုင်ချေရှိသဖြင့်(နောက်ဆုံးပုံတွင်ကြည့်ပါ) - ၂၀၂၅ ခုနှစ်သည့် ရာသီဥတုမှန်နိုင်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းတင်ပြလိုက်ရပါသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်၊ SOUTH-ASIA ENSEMBLE MODELS FORECAST(တောင်အာရှတိုက် ကြိုတင်ခန့်မှန်းရေးမော်ဒယ်များ၏ ပျမ်းမျှခန့်မှန်းချက်)ကို ကိုးကား၍ သုံးသပ်ထားပါသည်။
📋 ဤ သုံးသပ်တင်ပြချက်အား MMWeather Site တွင်လည်း မှတ်တမ်းတင်ထားပါမည်။
https://www.mmweather.org/2025-weather-forecast
ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
ချစ်သူမောင်
လွန်ခဲ့သော ၁ နှစ် ကဧပြီ20ဝန်းကျင်မိုးရွာနိုင်မလားဆရာ နွေစပါးသိမ်းပြီးရှင်ပြုပွဲကျင်းပမလို့ပါ မြေင်းမြကပါဆရာ
ကျော်ကျော်
လွန်ခဲ့သော ၁ နှစ် က🙏👌
ဂျူဂျူး
လွန်ခဲ့သော ၁ နှစ် ကကျေးဇူးပါ
Ko Thet..
လွန်ခဲ့သော ၁ နှစ် ကခုလိုသိရတာကြေးဇူးပါဆရာ။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဝင်းနိုင်
အားလုံး
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
04/08/2026
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
လာမည့် ၇၂ နာရီအလွန် ပဲခူးမြို့အပါအဝင် မုတ္တမကွေ့နှင့် ကပ်လျက်ဒေသများ မိုးအလွန်သည်းထန်နိုင်
28/07/2026