၂၆ ရက်နောက်ပိုင်း နေ့အပူချိန်များ ပြန်လည်မြင့်တက်လာပြီး အချိန်အခါမဟုတ်မိုးရွာသွန်းခြင်းရပ်တန့်သွားမှာဖြစ်
✏️ ၂၀၂၅ ခုနှစ်၊ လာနီညာအခြေအနေအတွက် ထုတ်ပြန်ချက်အသစ်(၂၄ ဖေဖော်ဝါရီ)မှာ NOAA-CPC ကထုတ်ပြန်ထားပါတယ်။
✏️ ဖေဖေါ်ဝါရီ ၂၄ ရက် ထုတ်ပြန်ချက်အရ အားပျော့တဲ့ လာနီညာ ဆက်လက်တည်ရှိနေပြီး ၂၀၂၅ ခုနှစ် မတ်လမှ မေလအတွင်း ENSO ပုံမှန်ရာသီဥတုအခြေအနေကို ကူးပြောင်းနိုင်ချေ ၆၆% ရှိကြောင်းပါဝင်တာကြောင့် ၂၀၂၅ ခုနှစ် မေ လ ဆိုရင်တော့ လာနီညာမဟုတ်-အယ်လ်နီညိုမဟုတ် - တနည်းပြောရရင် အစွန်းရောက်ရာသီဥတုမရှိတဲ့ ပုံမှန်ရာသီဥတုအခြေအနေကို ရောက်ရှိလာမယ်လို့ ခန့်မှန်းနိုင်ပါတယ်။
✏️ ပြီးခဲ့တဲ့ ၂၄ ရက်နေ့နဲ့ ၂၅ ရက်နေ့များမှာ အိန္ဒိယနိုင်ငံမြောက်ပိုင်းကို ဖြတ်သန်းတိုင်းတိုက်ခတ်လာတဲ့ အေးမြခြောက်သွေ့သော လေအေးစီးကြောင်းက တောင်တရုတ်ပင်လယ်ကို ဖြတ်သန်းပြီး ကပ္ပလီပင်လယ်အထိ ဝင်ရောက်လာတဲ့ ပူနွေးစိုစွတ်သော အရှေ့မြောက်လေနွေးစီးကြောင်းနဲ့တွေ့ဆုံကာ မိုးတိမ်များဖြစ်ပေါ်ပြီး တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းဒေသအချို့မှာ အချိန်အခါမဟုတ်မိုး အနည်းငယ်မှ အသင့်အတင့်ရွာသွန်းခဲ့ပါတယ်။

✏️ ၂၅ ရက်နေ့ပြီးရင် နေ့အပူချိန်များပြန်လည်မြင့်တက်လာပြီး အချိန်အခါမဟုတ်မိုးရွာသွန်းခြင်းရပ်တန့်သွားမှာဖြစ်ပါတယ်။ အားပျော့တဲ့ လာနီညာ က ဆက်ရှိနေသေးတာကြောင့် နေ့အပူချိန်များလွန်ကဲစွာမြင့်တက်ခြင်းမရှိပဲ ညဘက်နဲ့ နံနက်အစောပိုင်းအပူချိန်များလည်း ပုံမှန်ဆောင်းရာသီကဲ့သို့ ဆက်လက်ကျဆင်းပြီး အေးနေဦးမှာပါ။
✏️ ၂၀၂၅ ခုနှစ်ရဲ့ မိုးကြိုနဲ့ မိုးဦးကာလများ(ဧပြီ ၁၆ ရက်မှ - ဇွန်လ ၃၀ ရက်)အတွင်း မိုးဦးကျချိန် စောနိုင်ပါတယ်၊ "မိုးဦးကျမိုး"အနည်းအများ ခန့်မှန်းချေအတွက်ကိုတော့ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်တွေမှာ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းဖြစ်လာနိုင်ချေကို စောင့်ကြည့်ပြီးမှ တင်ပြပေးသွားပါမယ်။
✏️ နောက်လာမည့် ၄ ရက်အတွက် မိုးလေဝသအခြေအနေများလေ့လာကြည့်ရှုနိုင်ရန် Weather Widget များကို တင်ပေးထားပါတယ် - https://www.mmweather.org/divisional-cities-weather
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
မင်းသူ
လွန်ခဲ့သော ၁ နှစ် ကကျေးဇူးပါ
ko Myo
လွန်ခဲ့သော ၁ နှစ် ကအထူးကျေးဇူးတင်ပါတယ်
Win Ko Thu
လွန်ခဲ့သော ၁ နှစ် ကကျေးဇူးပါ
ကိုအောင်မျိုး
လွန်ခဲ့သော ၁ နှစ် ကကျေးဇူးတင်ပါသည်
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဝင်းနိုင်
အားလုံး
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
04/08/2026
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
လာမည့် ၇၂ နာရီအလွန် ပဲခူးမြို့အပါအဝင် မုတ္တမကွေ့နှင့် ကပ်လျက်ဒေသများ မိုးအလွန်သည်းထန်နိုင်
28/07/2026