ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများမှာ မိုးသည်းထန်နိုင်
ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း၊ သီရိလင်္ကာမြောက်ဘက် အထက်အမြင့် 1.5km to 3.1 km(အမြင့်ပေ ၅၀၀၀ မှ ၁၀၀၀၀)တွင်ဖြစ်ပေါ်နေသော လေပွေလှိုင်း Upper Air Cyclonic Circulation – UACC သည်ဆက်လက်တည်ရှိနေပြီး ဖိလစ်ပိုင်အရှေ့ဘက်မှ လေဖိအားနည်ရပ်ဝန်း NURI (TD-03W) သည်လည်းဆက်လက်တည်ရှိနေပါတယ်။
📌 ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက် မိုင် ၉၀၀ ခန့် ပစိဖိတ်အနောက်မြောက်သမုဒ္ဒရာတွင် လေဖိအားနည်းရပ်ဝန်း TD-03W သည် TD “NURI” အဖြစ်အမည်ရသွားပြီဖြစ်ပြီး အားပိုကောင်းလာနိုင်ခြင်းမရှိပါ။ တောင်တရုတ်ပင်လယ်အတွင်း အရှေ့မြောက်မုတ်သုံလေအား ဆက်လက်ကောင်းနေပါတယ်။
📌 တောင်တရုတ်ပင်လယ်၊ ထိုင်းပင်လယ်ကွေ့၊ ဗီယက်နမ်-လာအိုနိုင်ငံ မှ ထိုင်းနိုင်ငံမြောက်ပိုင်းကိုဖြတ်သန်းဝင်ရောက်လာသော အရှေ့မြောက်မုတ်သုံလေစီးကြောင်းနှင့်အတူပါလာသည့် မိုးတိမ်များနှင့် မြန်မာနိုင်ငံတောင်ဘက်မှဝင်ရောက်လာသည့် ပူနွေးသောလေစီးကြောင်းတို့ထိတွေ့ဖြစ်ပေါ်လာမည့် မိုးတိမ်များကြောင့် မြန်မာနိုင်ငံအတွင်း မိုးအုံ့ပြီး မိုးအနည်းငယ်ကျနိုင်ပါမယ်။

📌 စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်/မြောက်/အရှေ့) ဒေသတွေမှာ မတ်လ ၁၃-၁၄-၁၅ ရက်များတွင် မိုးအသင့်အတင့်ထစ်ချုန်းရွာနိုင်ပါမယ်၊ ကျန်ပြည်နယ်တိုင်းဒေသများမှာ မိုးအုံ့ခြင်း၊ မိုးဖွဲကျခြင်းနှင့် နေရာကွက်၍ မိုးအနည်းငယ်ကျနိုင်ခြင်းများ ရှိပြီး မိုးမများနိုင်၍ စိုးရိမ်စရာမလိုပါ။
📌 ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများမှာ မိုးသည်းထန်နိုင်ပြီး တောင်ကျချောင်းရေကျဆင်းနိုင်ခြင်းကြောင့် ရုတ်ခြည်းရေကြီးနိုင်ခြင်း(Flash-Flood) ကို သတိထား၍စောင့်ကြည့်ကြရပါမယ်။
📌 ENSO evolution update အရ - ၂၀၂၆ ခုနှစ်သည် အားပျော့သောလာနီညာနှစ်အဖြစ်သတ်မှတ်ထားပြီး၊ ဖေဖေါ်ဝါရီလ မှ ဧပြီလအတွင်း ပုံမှန်ရာသီဥတုအခြေအနေ Neutral သို့ကူးပြောင်းနိုင်ခြေ ၆၀% ရှိကြောင်းတွေ့ရပါတယ်။ ၂၀၂၆ ခုနှစ်-နှစ်ကုန်ပိုင်းမှာ အယ်လ်နီညို အစွန်းရောက်ရာသီဥတုဖြစ်နိုင်ခြေသည်လည်း ၆၀% အထိတိုးမြင့်လာတာတွေ့ရပါတယ်။
မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
ခိုင်မာအောင်
လွန်ခဲ့သော ၄ လ ကနေကြာအပင်ဦးရေတွက်ချက်နည်း
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဝင်းနိုင်
အားလုံး
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
04/08/2026
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
လာမည့် ၇၂ နာရီအလွန် ပဲခူးမြို့အပါအဝင် မုတ္တမကွေ့နှင့် ကပ်လျက်ဒေသများ မိုးအလွန်သည်းထန်နိုင်
28/07/2026