အထက်မြန်မာပြည်မှာသာ မိုးရွာနိုင်ပြီး အောက်ပြည်မှာမိုးရွာချေနည်းနေသေး
မြန်မာပြည်အထက်ပိုင်းဒေသတွေမှာ မိုးရွာနိုင်တဲ့ အခြေအနေတွေဖြစ်ပြီး အောက်ပိုင်းမှာ မိုးနည်းနေသေးတဲ့ အခြေအနေတွေဖြစ်နေတယ်ဆိုတဲ့အကြောင်းရှင်းပြချင်လို့ပါ။
လေစီးကြောင်းတွေရဲ့ တိုက်ခတ်နေတဲ့ အခြေအနေကြောင့်ပါ။ ပုံမှာ မုတ်သုံလေဦးမျဉ်း(ခန့်မှန်း အပြာရောင်မျဉ်းပြတ်)နဲ့ လေတိုက်နေတဲ့ လားရာတွေ တွေ့ရပါမယ်။ လေတိုက်နှုန်းတွေက ပျမ်းမျှ တနာရီ ၁၅ မိုင်ခန့် ရှိပါတယ်။ အဲ့ဒီလေစီးကြောင်းတွေနဲ့ ပါလာတဲ့ ရေခိုးရေငွေ့တွေ တိမ်တိုက်တွေက အိန္ဒိယအရှေ့ဘက်ကမ်းရီုးတန်းတလျှောက်မှ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းကိုသာလျှင်ရောက်ရှိလာပြီး မြန်မာနိုင်ငံအောက်ပိုင်းကိုကျတော့ အဝင်နည်းပါတယ်။

ဒီအကြောင်းကြောင့်ဘဲ မေလ ၂၀ ရက်လောက်အထိ မိုးရွာနိုင်မဲ့အခြေအနေက ကချင်၊ ချင်း၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ နေပြည်တော်၊ ရခိုင်၊ ရှမ်းပြည်နယ်စတဲ့အထက်ပိုင်းဒေသတွေမှာပဲ ရွာနိုင်မှာဖြစ်ပြီး အောက်ပြည်အောက်ရွာမှာ မိုးရွာရင်တောင် ပါးပါးလေးသာရွာနိုင်ပါမယ်။
ခန့်မှန်းမုတ်သုံလေဦးမျဉ်း အထက်ကို ဆက်တက်လာပြီး အနောက်တောင်မုတ်သုံလေတိုက်လာချိန်မှာတောင် မြန်မာပြည်အောက်ပိုင်းဒေသတွေမှာ ရွာသွန်းမြဲထက်လျော့နည်းနေဦးမယ်ဆိုတဲ့ ကြိုတင်ခန့်မှန်းချက်တွေကလည်း ရှိနေပါတယ်။
တစ်နိုင်ငံလုံးအတွက်ဆိုရင်တော့ မိုးဦးမိုးလယ် မိုးအားနည်းနေနိုင်ပြီး မိုးနှောင်းကာလမှာသာ မိုးများ၊ မိုးကောင်းနိုင်မယ်လို့ဘဲ ဆက်ပြီး ခန့်မှန်းရပါဦးမယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
ကော်ဖီပင်ကို ဆားခါးထည့်လို့ရလား ဘယ်လိုထည့်ရမလဲ ဆရာတို့လမ်းညွှန်ပေးပါအုံး
Lu Lu • ဖြေကြားချက် 2 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဝင်းနိုင်
အားလုံး
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
04/08/2026
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
လာမည့် ၇၂ နာရီအလွန် ပဲခူးမြို့အပါအဝင် မုတ္တမကွေ့နှင့် ကပ်လျက်ဒေသများ မိုးအလွန်သည်းထန်နိုင်
28/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....