ဖြစ်ပေါ်လာတဲ့ ဆိုင်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံသို့ဝင်ရောက်နိုင်ဖွယ်မရှိ
မေလ ၂၁ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲတွင် ထုတ်ပြန်သော ထိုင်းမိုးလေဝသဌာန(TMD)၏ Weather Chart အရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လျက်ရှိကြောင်း တွေ့ရပါသည်။
🔸 ရွေ့လျားနိုင်သည့်အခြေအနေ
အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းပင်လယ်ပြင်တွင် မေလ ၂၂ ရက် ည အထိ ဆက်လက်ရွေ့လျားနေမည်ဖြစ်ပြီး၊ မေလ ၂၃ ရက် ညပိုင်းတွင် ဘင်္ဂလားပင်လယအော်အရှေ့အလယ်ပိုင်းသို့ ရွေ့လျားရောက်ရှိကာ၊ မေလ ၂၄ ရက် ညပိုင်းတွင် ပုသိမ်မြို့အနောက်ဘက် ၂၃၅ မိုင်ခန့်သို့လည်းကောင်း၊ မေလ ၂၅ ရက် ည ၈ နာရီခန့်တွင် စစ်တွေမြို့အနောက်ဘက် ၁၃၂ မိုင်ခန့်သို့လည်းကောင်းရောက်ရှိလာနိုင်ပြီး မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပါသည်။
🔸 ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ
ECMWF AIFS Weather Chart မှ ရရှိသည့်ကြိုတင်ခန့်မှန်းချက်အရ မေလ ၂၄ ရက်နှင့် မေလ ၂၅ ရက်နေ့များတွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းသိုဝင်ရောက်လာချိန်၌ ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ရောက်ရှိလာနိုင်ချေ ၁၀၀% ဖြစ်လာကြောင်းတွေ့ရှိရပါသည်။
🔸 ကုန်းတွင်းဖြတ်ကျော်ဝင်ရောက်နိုင်မည့်အခြေအနေ
ယနေ့ရရှိသည့် အသေးစိတ်အချက်အလက်များအရ လေဖိအားနည်းရပ်ဝန်းမှ ဆိုင်ကလုန်းမုန်တိုင်းအဆင့်အထိရောက်ရှိလာနိုင်ပြီး မေလ ၂၆ ရက် ညနေပိုင်းမှစတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းအား Kalapara မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းရပါသည်။

🔸 မုန်တိုင်းမြန်မာနိုင်ငံဘက်သို့ဝင်ရောက်နိုင်ဖွယ်မရှိ
လက်ရှိခန့်မှန်းချက်များအရ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပြီးသည့်တိုင် မုန်တိုင်းသည် မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်နိုင်ခြင်းမရှိကြောင်းတွေ့ရပါသည်။ သို့ရာတွင် မြန်မာနိုင်ငံသည် မုန်တိုင်းဖြတ်သန်းရွေ့လျားမည့်လမ်းကြောင်းညာဘက်ခြမ်းတွင်တည်ရှိနေသောကြောင့် မုန်တိုင်းအရှိန်သက်ရောက်မှုပိုမိုနိုင်ပြီး ကမ်းရိုးတန်းဒေသများနှင့် ကုန်းတွင်းပိုင်းဒေသအများစုတွင် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်ခြင်းများကို မေလ ၂၃ ရက်နေ့မှ မုန်တိုင်းကုန်းတွင်းဝင်ချိန်(မေလ ၂၆ ရက် ညပိုင်းအထိ)ခံစားရဖွယ်ရှိကြောင်း တွေ့ရပါသည်။
🔸 မိုးလေဝသဌာနကြီးများမှ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ကြောင်း ယနေ့ မေလ ၂၁ ရက်နေ့တွင် စတင်ကြေညာနိုင်ပြီး စတင်ကြေညာချက်ထွက်ပေါ်လာသည့်အခါ ထပ်မံရရှိသည့်အချက်အလက်များဖြင့် မုန်တိုင်းရွေ့လျားရာလမ်းကြောင်း၊ မုန်တိုင်းအရွယ်အစားနှင့်အင်အား၊ မြန်မာနိုင်ငံအပေါ်မုန်တိုင်းအရှိန်သက်ရောက်နိုင်မည့်အခြေအနေတို့ကို ဆက်လက်တင်ပြပေးသွားပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဝင်းနိုင်
အားလုံး
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
04/08/2026
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
လာမည့် ၇၂ နာရီအလွန် ပဲခူးမြို့အပါအဝင် မုတ္တမကွေ့နှင့် ကပ်လျက်ဒေသများ မိုးအလွန်သည်းထန်နိုင်
28/07/2026