ဆိုင်ကလုန်းမုန်တိုင်း REMAL လေတိုက်နှုန်း တစ်နာရီ ၅၇ မိုင်ခန့်ဖြင့်ဆက်လက်တည်ရှိနေ
ဆိုင်ကလုန်းမုန်တိုင်း REMALဟာ အိန္ဒိယ- ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး(အိန္ဒိယဘက်ခြမ်း)မှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးနောက် မြောက်-အရှေ့မြောက်ဘက် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မျဉ်းပေါ်သို့ ရောက်ရှိလာပြီး မုန်တိုင်းလေတိုက်နှုန်း တစ်နာရီ ၅၇ မိုင်ခန့်ဖြင့်ဆက်လက်တည်ရှိဆဲဖြစ်ကြောင်း တွေ့ရပါသည်။
ECMWF model ၏ မုန်တိုင်းဆက်လက်ရွေ့လျားနိုင်သောလမ်းကြောင်းခန့်မှန်းချက်တွင် အရှေ့မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး မေလ ၂၉ ရက်နေ့၌ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွင်းသို့ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်း (ဗဟိုဖိအား 999hPa - လေတိုက်နှုန်း တနာရီ ၂၁ မိုင်နှုန်း)ဖြင့် ဝင်ရောက်မည်ဖြစ်ကြောင်း တွေ့ရပါသည်။

🔸 ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် ဆက်လက်ရွေ့လျားဝင်ရောက်နိုင်သောကြောင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသများဖြစ်သော စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မကွေးတိုင်း၊ နေပြည်တော်ဒေသများတွင် မေလ ၂၈ ရက် နောက်ပိုင်းရက်များ မိုးသည်းထန်ပြီး လေပြင်းကျရောက်နိုင်သည့် အခြေအနေများဖြစ်ပေါ်နိုင်ပါမည်။
🔸 မေလ ၂၈ ရက်နောက်ပိုင်း ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းဝင်ရောက်သည့်အချိန် မိုးသက်လေပြင်းကျရောက်စဉ် အထက်ပါပြည်နယ်တိုင်းဒေသများ အတွင်း အနောက်ဘက်နှင့် တောင်ဘက်မှ မြေပြင်လေ တနာရီ မိုင် ၂၀ - မိုင်၃၀ ခန့်အထိ တိုက်ခတ်နိုင်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
phoo lay
လွန်ခဲ့သော ၂ နှစ် ကရခိုင်ပြည်နယ်မုန်းတိုင်းသတင်းသိချင်ပါတယ်ရှင့်
win ko thu
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဝင်းနိုင်
အားလုံး
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
04/08/2026
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
လာမည့် ၇၂ နာရီအလွန် ပဲခူးမြို့အပါအဝင် မုတ္တမကွေ့နှင့် ကပ်လျက်ဒေသများ မိုးအလွန်သည်းထန်နိုင်
28/07/2026