ဖူဂျီဝါရာသက်ရောက်မှုကြောင့် ဖြစ်ပေါ်လာသည့် တောင်တရုတ်ပင်လယ်မှ တိုင်ဖွန်း TRAMI
"FUJIWHARA EFFECT ဟုခေါ်သည့် "ဖူဂျီဝါရာသက်ရောက်မှု"အကြောင်းကို မိုးလေဝသပညာရှင်ဆရာကြီးများထံမှလည်ကောင်း၊ ပြည်ပမိုးလေဝသပညာရှင်များထံမှလည်းကောင်း များစွာကြားခဲ့၊ သိခဲ့၊ မှတ်သားခဲ့ရဖူးပါသည်။
ဤဝေါဟာရကို ဂျပန်လူမျိုး မိုးလေဝသပညာရှင် Sakuhei Fujiwhara က စတင်တွေ့ရှိသောကြောင့် အဆိုပါ မိုးလေဝသပညာရှင်၏ အမည်ဖြင့် Fujiwhara Effect ဟုခေါ်ဝေါ်သတ်မှတ်ခဲ့ကြပြီး လေဖိအားနည်းရပ်ဝန်း သို့မဟုတ် မုန်တိုင်း ၂ လုံး နီးကပ်စွာဖြစ်ပေါ်သည့်အခါ ဤသက်ရောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့်နောက်ဆက်တွဲဖြစ်စဉ်များကို လေ့လာခဲ့ကြပါသည်။
ဖူဂျီဝါရာသက်ရောက်မှုသည် ပင်လယ်တခုအတွင်း၊ သို့မဟုတ် ကပ်လျက်တည်ရှိနေသည့် ပင်လယ် ၂ ခုတွင် လေဖိအားနည်းရပ်ဝန်း/မုန်တိုင်း ၂ ခုဖြစ်ပေါ်ပြီး တစ်ခုနှင့်တစ်ခုအကွာအဝေး မိုင် ၁၂၀၀ သို့မဟုတ် ၂၀၀၀ ကီလိုမီတာအတွင်းရှိနေသည့်အခါ ယင်းတို့ ၂ ခုမှ အပြန်အလှန်တုန့်ပြန်မှုကြောင့် - အားပို၍ငယ်သော လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းသည် အားပိုကြီးသည့် လေဖိအားနည်ရပ်ဝန်း/မုန်တိုင်းနှင့် ပူးပေါင်းသွားပြီး ပိုမိုအားကောင်းသော မုန်တိုင်း ၁ ခု ဖြစ်ပေါ်လာစေခြင်းဖြစ်ကြောင်း ကနဦးမှတ်သားခဲ့ရပါသည်။
အသေးစိတ်ထပ်မံလေ့လာရာမှ ဤသက်ရောက်မှုသည် မုန်တိုင်း၂ လုံးအား အောက်ဖော်ပြပါ သက်ရောက်မှုများကို ဖြစ်ပေါ်စေကြောင်းတွေ့ရှိရပါသည် -
(၁) မုန်တိုင်း တလုံးနှင့်တလုံး လှည့်ပတ်ရွေ့လျားစေခြင်း
(၂) မုန်တိုင်း တလုံးနှင့်တလုံး ဆွဲငင်အားဖြင့်ပေါင်းစည်းသွားပြီး ပိုမိုအားကောင်းလာစေခြင်း
(၃) မုန်တိုင်းတလုံးနှင့်တလုံး တွန်းကန်၍ ပိုမိုဝေးကွာသွားစေခြင်း
Fujiwhara Effect ကြောင့် တောင်တရုတ်ပင်လယ်မှ တိုင်ဖွန်း TRAMI နောက်ကြောင်းပြန်လှည့်ခြင်းဖြစ်စဉ်(ကြိုတင်ခန့်မှန်း)
တောင်တရုတ်ပင်လယ်အတွင်း ဗီယက်နမ်ကမ်းခြေသို့ ဦးတည်ရွေ့လျားသည့် တိုင်ဖွန်းမုန်တိုင်း TRAMI သည် နောက်ကြောင်းပြန်လှည့်ကာ ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်တွင် တိုင်ဖွန်းမုန်တိုင်းဖြစ်လာမည့်(လက်ရှိအချိန်တွင် INVEST-98W)၏ ဆွဲအားကြောင့် အောက်တိုဘာလ ၂၈ ရက်နေ့တွင် နောက်ကြောင်းပြန်လှည့်မည်ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းချက်များမှ သိရှိကြရပြီးဖြစ်ပါသည်။

ECMWF Model Forecast
အောက်တိုဘာ ၃၁ ရက် နံနက် ၁ နာရီတွင် တဘက်ပင်လယ်မှ(လက်ရှိအချိန်တွင် INVEST-98W)သည် ဂျပန်နိုင်ငံတောင်ဘက်ပင်လယ်ပြင်ဆီသို့ ရွေ့လျားရင်းအားပျော့သွားသည့်အတွက် Fujiwhara Effect ပျက်ပြယ်ပြီး တိုင်ဖွန်း TRAMI သည် အနောက်ဘက်သို့ ပြန်လှည့်လာစဉ် မူလလမ်းကြောင်းမှ မြောက်ဘက်သို့ပိုမိုရောက်ရှိသွားပြီးနောက် ဟိုင်နမ်ကျွန်း၏အရှေ့မြောက်ဘက် တရုတ်ပြည်မကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်သွားမည်ဟု ECMWF ကြိုတင်ခန့်မှန်းချက်တွင် တွေ့ရပါသည်။
GFS Model Forecast
GFS Model ကြိုတင်ခန့်မှန်းချက်တွင်မူ လက်ရှိ INVEST-98W က အားပိုကောင်းလာပြီး တိုင်ဖွန်း TRAMI ကို ဝါးမြိုသွားမှာဖြစ်ကြောင်း(TRAMI လုံးဝပျက်ပြယ်သွားမှာဖြစ်ကြောင်း)တွေ့ရပါသည်။
AI Forecast
ECMWF AI forecast တွင် လက်ရှိ INVEST-98W ၏ သက်ရောက်မှုကြောင့် တိုင်ဖွန်း TRAMI နောက်ကြောင်းပြန်လှည့်အပြီး FUJIWHARA EFFECT သက်ရောက်မှုမှလွတ်မြောက်ချိန်တွင်အားလျာ့သွားကာ ဗီယက်နမ်ကမ်းခြေကို လေဖိအားနည်းရပ်ဝန်းအဖြစ်ဖြင့်သာ ချည်းကပ်ဖြတ်ကျော်ပြီး အားပျော့ပျက်ပြယ်သွားမှာဖြစ်ကြောင်း တွေ့ရပါသည်။
ယခု တွေ့ရှိပြီး ကြိုတင်ခန့်မှန်းချက်များကြောင့် တိုင်ဖွန်းမုန်တိုင်း TRAMI သည် -
- (၁) ရွေ့လျားလာရာ အရှေ့ဘက်အရပ်သို့ ဂငယ်ကွေ့(U-TURN)ပြန်လည်ကွေ့နိုင်ပါမည်။
- (၂) မူလလမ်းကြောင်းအတိုင်း အနောက်ဘက်(ဗီယက်နမ်ကမ်းခြေဘက်သို့) ပြန်လည်ရွေ့လျားချိန်တွင် လုံးဝအားပျော့ပျက်ပြယ်ခြင်း(သို့မဟုတ်)ဗီယက်နမ်ကမ်းခြေအနီးတွင် အားပျော့ပျက်ပြယ်ခြင်း ၂ ခု အနက် ၁ ခု ဖြစ်နိုင်ကြောင်းတွေ့ရပါသည်။
ထို့ကြောင့် တောင်တရုတ်ပင်လယ်မှ တိုင်ဖွန်းမုန်တိုင်း TRAMI ကြောင့် မုန်တိုင်းအကြွင်းအကျန်များ မြန်မာနိုင်ငံဘက်သို့ရွေ့လျားလာပြီး မိုးများနိုင်/ရေကြီးနိုင်မည့် အန္တရာယ်မရှိနိုင်ပါကြောင်း လေ့လာသုံးသပ်တင်ပြလိုက်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
ကိုမျိူးဇော်
လွန်ခဲ့သော ၁ နှစ် ကဆရာအလယ်ပိုင်းဒေသမိုးရွာအုံးမှာလား
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဝင်းနိုင်
အားလုံး
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
04/08/2026
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
လာမည့် ၇၂ နာရီအလွန် ပဲခူးမြို့အပါအဝင် မုတ္တမကွေ့နှင့် ကပ်လျက်ဒေသများ မိုးအလွန်သည်းထန်နိုင်
28/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....