မိုးနဲ့ နွားသိုးအစိုးမရ..
Daily Max Rainfall က ပုံမှန် မုတ်သုန်မိုးထက် မုန်တိုင်းမိုးအပေါ်မှာ အဓိက မူတည်တယ်လို့ ယူဆလို့ ရပါသလား?
မုတ်သုံမိုးဖြစ်စေ၊ မုန်တိုင်းမိုးဖြစ်စေ မုတ်သုံရဲ့အား၊ မုန်တိုင်းရဲ့အားနဲ့ အရွယ်အစား၊ လမ်းကြောင်းတွေပေါ်မူတည်ပါတယ်။
မုတ်သုံအားရော၊ မုန်တိုင်းအားနဲ့ အရွယ်အစားရော - ၂ ခုစလုံးက ပင်လယ်ပြင်မှာရှိနေတဲ့ အပူချိန်၊ ရေခိုးရေငွေ့ပါဝင်မှုတွေအပေါ် မူတည်နေပြန်ပါတယ်။
မုတ်သုံမိုးက မုတ်သုံအားမကောင်းတဲ့အချိန် မိုးလည်း ကောင်းမှာမဟုတ်ပါဘူး၊ မုန်တိုင်းအရွယ်အစား၊ အားဘယ်လောက်ကောင်းနေနေ မုန်တိုင်းလမ်းကြောင်းရဲ့ ဘယ်ဘက်နဲ့ညာဘက်အရပ်တွေအပေါ် မုန်တိုင်းသက်ရောက်မှုက ကွာခြားပါတယ်။
ဒီသက်ရောက်မှုတွေကြောင့် Daily Max Rainfall အနည်းအများကလဲ ကွာသွားမှာပါ။
Daily Max Rainfall က မုန်တိုင်းမိုး အပေါ်မှာ မူတည်ခဲ့ရင် မြန်မာ နိုင်ငံရဲ့ ဘယ်ဒေသဖြစ်ဖြစ် ရွာသွန်းနိုင်ခြေ တူတယ်(သိပ်မကွာ) လို့ ယူဆလို့ ရပါသလား?
ဥပမာ ကျောက်ဖြူမြို့မှာ Daily Max Rainfall (24Hr) 20" ရွာနိုင်ချေရှိရင် တစ်နိုင်ငံလုံး လည်း 20" ရွာနိုင်ခြေရှိတယ် လို့ ယူဆလို့ ရပါသလား?
ယူဆလို့မရပါ။ အပေါ်မှာ ပြောခဲ့သလို မုန်တိုင်းမိုးအနည်းအများက မုန်တိုင်းလမ်းကြောင်း၊ ကုန်းတွင်းဝင်ပြီးတဲ့အခါ ဆက်လက်ရွေ့လျားနိုင်မဲ့ မုန်တိုင်းအကြွင်းအကျန်များဦးတည်ရာတွေပေါ်မှာလဲ တည်မှီနေတာကြောင့်ပါ။

မြန်မာနိုင်ငံရဲ့ Daily PMP( Probable Max Precipitation) တစ်ရက်အများဆုံး ရွာသွန်းနိုင်ခြေ ကို Meteorology နဲ့ခန့်မှန်းလို့ ထားတာရှိပါသလား?
ဆိုလိုတာက သင်္ချာ နည်းနဲ့ 100 year, 1000 year, 10000 year Return Period အရ တွက်တဲ့ နည်းတေထက် မိုးလေဝသဖြစ်စဉ်( မုန်တိုင်းကြီး) အပေါ်အခြေခံတဲ့ နည်းတွေနဲ့ မြန်မာနိုင်ငံရဲ့ PMP ခန့်မှန်းရင် ဘယ်လောက် ပမာဏ ဖြစ်နိုင်ပါသလဲ ခင်ဗျ။ ဆရာ အချိန်ရရင် သုံးသပ်ပေးစေလိုပါတယ်ဆိုလာတော့
ကျနော့်အမြင်နဲ့ အတွေ့အကြုံအရပြောရရင် အခုမေးထားတဲ့ ရာနဲ့ချီတဲ့ နှစ်တွေကို အသာထား၊ နောက်လာမဲ့ ၇၂ နာရီ ကြိုတင်ခန့်မှန်းချက်ကိုတောင် ပုံသေတွက်လို့ မရနိုင်ပါ။
Seasonal Forecast အနေနဲ့ နှစ်စဉ်ရွာသွန်းမြဲအထက်/အောက် ရွာသွန်းမြဲခန့်ဆိုတာလောက်ကိုသာ numerical models တွေက တွက်ချက်ပေးနိုင်ပါတယ်။
အခုကြုံတွေ့နေကြရသလို Climate changes တွေပိုဆိုးလာပြီး အယ်လ်နီညို/လာနီညာတွေဖြစ်ပေါ်မှု ပိုစိပ်လာတဲ့ ကာလအတွင်းမှာ ပိုလို့တောင်မဖြစ်နိုင်ပါဘူး။
ဘာကြောင့်လဲဆိုတော့ နေ့စဉ် ၃ နာရီ တကြိမ်၊ ၆ နာရီတကြိမ် မိုးလေဝသဂြိုဟ်တုတွေက ရိုက်ကူးပေးပို့နေတဲ့ဓာတ်ပုံတွေက နာရီနဲ့အမျှပြောင်းလဲနေတာကြောင့်ပါ။
အဲ့ဒါကြောင့် ကြိုတင်ခန့်မှန်းတွေကလဲ အမြဲတမ်းပြောင်းလဲနေပါတယ်။ အခုနောက်ပိုင်း Numerical model တွေမှာ အနည်းဆုံး ၃ နာရီ တကြိမ်မှ ၆ နာရီတကြိမ်သာ update ပေးပါတယ်။
မုန်တိုင်းတလုံးကို Analyze လုပ်တာနဲ့ Verification လုပ်တဲ့ ဌာနတွေကတော့ မုန်တိုင်းဖြစ်ပေါ်တဲ့နေရာက အချက်အလက်တွေ အသေးစိတ်ရယူနိုင်ရန်အတွက် ၁၀ မိနစ် တကြိမ် verify လုပ်နိုင်အောင် Satellite data(Microwave, IR, ... etc)ပုံရိပ်တွေကို မိုးလေဝသဂြိုဟ်တုတလုံးထဲကမဟုတ်ပဲ Multi Satellite တွေဆီက Data image တွေကို ရယူသုံးစွဲကြပါတယ်။
အချုပ်ပြောရရင် မိုးရွာနိုင်ချေကို ကြိုတင်ခန့်မှန်းဖို့ဆိုတာ အရင် ရာသီဥတုမှန်ပါတယ်ဆိုတဲ့ နှစ်တွေမှာတောင်မှ မိုးရွာနိုင်မဲ့အချိန်၊ နေရာနဲ့ ပမာဏအတိအကျကို ကြိုတင်ခန့်မှန်းရန် မိုးလေဝသရေဒါကိုသုံးပြီးရတဲ့ ပုံရိပ်တွေမရှိရင် မမှန်တော့ပါဘူး။
နောက်ပိုင်းမှာ ကွန်ပျူတာနည်းပညာတွေအဆင့်မြင့်လာပြီး မုန်တိုင်းလမ်းကြောင်း၊ ဝင်မဲ့အချိန်၊ ကုန်းတွင်းမှာဆက်ရွေ့မဲ့လမ်းကြောင်းဆိုတာတွေ အတိအကျတွက်ချက်ပေးနိုင်လို့သာ အဲ့ဒီကာလအတွင်းဘယ်နေရာဘယ်ဒေသမှာ မိုးဘယ်လောက်များနိုင်မယ်ဆိုတာ ခန့်မှန်းနိုင်ကြတာပါ။
မိုးဘယ်နေရာမှာဘယ်လိုရွာနိုင်မယ်ဆိုတာနဲ့ပတ်သက်လို့ နေရာအတိအကျ၊ မိုးရေချိန်အတိအကျ၊ အချိန်အတိအကျ ဂြိုဟ်တုကရတဲ့ အချက်အလက်တွေကို စာရွက်ပေါ်ချရေးပြီးထိုင်တွက်လို့တော့ မရနိုင်ပါဘူးဗျာ။ အဆင့်မြင့်ကွန်ပျူတာတွေ။ ဉာဏ်ရည်တု(AI)တွက်ချက်ခြင်းတွေနဲ့ ခန့်မှန်းတာတောင် နေရာ/အချိန်/မိုးအနည်းအများတွေကွာဟမှုရှိနေပါသေးတယ်။
ဒါကြောင့် ...
"မိုးနဲ့ နွားသိုးအစိုးမရ"ဆိုတဲ့ စကားကတော့ ခုချိန်အထိ မှန်နေတုန်းပါပဲ..။
Photo Crd
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးလေဝသ
ဇော်မင်းလတ်
လွန်ခဲ့သော ၁ နှစ် ကမှန်ပါတယ်
kyaw
လွန်ခဲ့သော ၁ နှစ် ကအဖြေက ရှင်းပီ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဝင်းနိုင်
အားလုံး
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
04/08/2026
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
လာမည့် ၇၂ နာရီအလွန် ပဲခူးမြို့အပါအဝင် မုတ္တမကွေ့နှင့် ကပ်လျက်ဒေသများ မိုးအလွန်သည်းထန်နိုင်
28/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....