အစိမ်းရောင်လမ်း
GDACS က ဖိလစ်ပိုင်ကို သတိပေးချက်ထုတ်ပြန်ထားတဲ့ မုန်တိုင်း၏ အကြွင်းအကျန်များ မြန်မာအနေနဲ့ သတိပြုရန်လို

GDACS က ဖိလစ်ပိုင်ကို သတိပေးချက်ထုတ်ပြန်ထားတဲ့ မုန်တိုင်း၏ အကြွင်းအကျန်များ မြန်မာအနေနဲ့ သတိပြုရန်လို

#စက်တင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ဖြည့်စွက်ချက်အရ

လက်ရှိအချိန်မှာ အပူပိုင်းမုန်တိုင်းများအဆင့်မှာရှိနေတဲ့ TS MITAG နဲ့ TS RAGASA တို့ရဲ့ သက်ရောက်မှုကြောင့်(မုန်တိုင်းအကြွင်းအကျန်မဝင်သေးပါ။)

စက်တင်ဘာ ၂၁ ရက် ည ၉ နာရီမှ နောက် ၄၈ နာရီ(၂ ရက်အတွင်း) မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတွေမှာ မိုးထစ်ချုန်းရွာနိုင်/နေရာကွက်၍ မိုးများနိုင်ပါမယ်။ အခု ခန့်မှန်းချိန် ၄၈ နာရီအတွင်းတနိုင်ငံလုံးမှာလဲ နေရာအနှံ့အပြား မိုးအသင့်အတင့်(၂၄ နာရီအတွင်း မိုးရေချိန် ၁.၂ လက်မအထက်)ရွာနိုင်ပါတယ်၊ မိုးများနိုင်မှာတော့ မဟုတ်ပါ။

စက်တင်ဘာ၂၃ ရက်နေ့မှ စတင်ပြီး အောက်တိုဘာလ ၃ ရက်အထိ  မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေဖြစ်တဲ့ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်ကမ်းရိုးတန်းတလျှောက်မှာ မိုးအသင့်အတင့်ဆက်လက်ရွာသွန်းနေပါဦးမယ်။ ကျန်ပြည်နယ်တိုင်းအားလုံးမှာ မိုးအားလျော့နည်းနေနိုင်ပါမယ်။

မုန်တိုင်းများရဲ့ အကြွင်းအကျန်မိုးတိမ်များရွေ့လျားဝင်ရောက်မှုအခြေအနေကို တပ်ဆင်ထားပြီးပြည်တွင်း weather Station များနှင့် ပြည်ပ station များ၏ Cloud data များမှလည်း တောက်လျှောက်စောင့်ကြည့်ခန့်မှန်းပေးသွားပါမယ်။

စက်တင်ဘာလ ၁၈ ရက် နေ့လည် ၁၂ နာရီအချိန်မှာ ပစိဖိတ်အနောက်မြောက်သမုဒ္ဒရာ၊ အရှေ့ဖိလစ်ပိုင်ပင်လယ်မှာဖြစ်ပေါ်နေတဲ့ INVEST-90W က တောင်တရုတ်ပင်လယ်ထဲရောက်လာပြီးတဲ့အခါ အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းကြီးဖြစ်လာနိုင်ကြောင်း ကနဦးကြိုတင်ခန့်မှန်းချက်တွေမှာတွေ့ရပါတယ်။

အခုကြိုတင်ခန့်မှန်းချက်တွေအရ ECMWF model ကလမ်းကြောင်းတွက်ချက်ထုတ်ပေးထားပြီး အားကောင်းတဲ့ CATEGORY-3 တိုင်ဖွန်းမုန်တိုင်း ဖြစ်လာနိုင်ကြောင်းခန့်မှန်းထားတာတွေ့ရပြီး

ICON MODEL ရဲ့ ကြိုတင်ခန့်မှန်းချက် - ရေပြင်ညီအမြင့်လေတိုက်နှုန်း၊ ပေ ၅၀၀၀ အမြင့်က လေတိုက်နှုန်းနဲ့ ဗဟိုဖိအားခန့်မှန်းချက်တွေအရ CATEGORY-4 အားအလွန်ကောင်းသောတိုင်ဖွန်းမုန်တိုင်းအထိဖြစ်လာနိုင်ကြောင်းတွေ့ရပါတယ်။

သဘာဝဘေးအန္တရာယ်များထဲမှာ မုန်တိုင်းကြီးများအန္တရာယ်ကို လေ့လာဆန်းစစစ်တဲ့အခါ မုန်တိုင်းလေတိုက်နှုန်း၊ မုန်တိုင်းလမ်ကြောင်းနဲ့ မုန်တိုင်းအရွယ်အစားတွေက အဓိကစောင့်ကြည့်ရမည့်အချက်တွေဖြစ်ကြောင်းရှင်းပြခဲ့ပြီးပါပြီ။ မုန်တိုင်းကြီးရင် ကြီးသလို မုန်တိုင်းအကြွင်းအကျန်နဲ့ မုန်တိုင်းအရှိန်သက်ရောက်မှု ဆိုတာတွေကလဲ များနိုင်ပါမယ်။

🔸 စက်တင်ဘာ ၂၀ ရက်နေ့ ည ၈ နာရီမှာ သိသာထင်ရှားတဲ့ လေဖိအားနည်းရပ်ဝန်းတစ်ခု အရင်ဖြစ်လာပြီးတဲ့အခါ ECMWF, ICON, GEFS, GEPS HWRF model တွေက ကြိုတင်ခန့်မှန်းချက်တွေဘယ်လိုဖြစ်လာနိုင်မလဲဆိုတာကို စောင့်ကြည့်ရပါမယ်။ 

ယနေ့ စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းမှာတော့ 90W မှ TS RAGASA ဖြစ်လာပြီးနောက် CAT-4 တိုင်ဖွန်းမုန်တိုင်းဖြစ်လာနိုင်ကြောင်း CIMSS, GDACS တို့မှ အတည်ပြုခန့်မှန်းပေးပြီး လက်ရှိအချိန်မှာ ဖိလစ်ပိုင်နိုင်ငံကို GDACS မှ သတိပေးချက် စတင်ထုတ်ပြန်ထားပြီးဖြစ်တာတွေ့ရပါတယ်။ 

ကျနော်တို့အတွက် ဖြစ်လာနိုင်မည့် မုန်တိုင်းအကြွင်းအကျန်အဝင်ကို သတိကြီးကြီးနဲ့ ဆက်လက်စောင့်ကြည့် သတိပေးသွားပါမယ်။ခုအချိန် နီးစပ်ရာဒေသအလိုက်ဖြစ်ပေါ်နိုင်တဲ့ မိုး/လေအခြေအနေကို အလိုအလျောက်ကြည့်နိုင်ရန် စီစဉ်ပေးထားသည့် link တွေမှာ အရင် ကြည့်ကြစေချင်ပါတယ်။ ဒီရက်ပိုင်း မေးတာတွေကို လုံးစေ့ပတ်စေ့ပြန်ဖြေပေးနိုင်မှာမဟုတ်သေးပါ။ 🙏

https://disasterinfo.mmweather.org/divisionTownPage

https://www.mmweather.org/divisional-cities-weather 

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်ပါသည်။ 

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

2
Johnyawlay

Johnyawlay

လွန်ခဲ့သော ၁၀ လ က

ကျေးဇူးတင်ပါတယ်ဆရာ

Win Ko Thu

Win Ko Thu

လွန်ခဲ့သော ၁၀ လ က

ကျေးဇူးပါ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....